မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်တာ၊ ပြုံးတာ၊ စပ်စုတာ စတာလေးတွေက မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုတွေပါပဲ။ အသက် ၁နှစ်က ၅နှစ် ကလေးတွေကို ဘယ်လိုမျိုး ထိန်းကျောင်းသင့်တယ်ဆိုတာ ပညာရှင်တွေက ဒီလို အကြံပြုထားပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှုက ကလေးတစ်ယောက်ကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့ အခြေခံ လူ့တန်ဖိုး တစ်ခုပါ။ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါဆိုရင် မေးချင်တာလေး တစ်ခုက ချစ်မဝတဲ့ ကလေးတို့ကို ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးရမလဲဆိုတာကို သိပြီးပြီလား ဖေဖေမေမေတို့ရေ ……. ယဉ်ကျေးသိမ်မွေ့မှု အတော်လေး အရေးကြီးသလား! ကလေးတစ်ယောက် ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာ ပတ်ဝန်းကျင်က အတော်လေး အရေးကြီးသလို ဖေဖေမေမေတို့ရဲ့ ငယ်ရွယ်စဉ် သင်ပြပေးမှုကလည်း အတော်လေး အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် အရွယ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပါမှ အရွယ်ရောက်လာချိန်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး လူချစ်ခင်စရာ လေးစားစရာ ကောင်းသူအဖြစ် အရွယ်ရောက်လာမှာပါ။ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာတာ၊ အရွယ်ရောက်ချိန်မှာလည်း ယဉ်ကျေးမှုနဲ့ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

29 လအရွယ်ကလေးငယ်

၂၉ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ ကျောင်းမတက်မီအရွယ်ကလေးနှစ်ယောက် ကစားစဉ် အရုပ်လုခြင်းဟာ အဖြစ်များပါတယ်။ ဒါဟာ ကလေးငယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ကာကွယ်လွန်စိတ်ကြောင့် ဖြစ်ပြီး မျှဝေခြင်းဟာ သဘာဝအတိုင်း ဖြစ်လာတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဒီအချိန်မှာ အသိသာဆုံးကတော့ ထ ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်း ပဲဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ တစ်ခုတည်းကို အကြိမ်ကြိမ်စားချင်တာမျိုး၊ တစ်ရက်ပြီးတစ်ရက် အဝတ်အစား တစ်မျိုးကိုပဲ ဝတ်ချင်တာမျိုး၊ အလုပ်တွေကို တစ်ပုံစံတည်း တစ်ခုပြီး တစ်ခု လုပ်ချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူဟာ ကမ္ဘာကြီးကို အဓိပ္ပါယ် ကြိုးစားဖေါ်နေတာဖြစ်ပြီး ကိစ္စတစ်ခုကို ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်းဟာ ဘဝကို တဖြည်းဖြည်း ကျင့်သားရအောင် ကြိုးစားနေခြင်း ဖြစ်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

30 လအရွယ်ကလေးငယ်

လ ၃၀ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ ဒီအချိန်မှာ သင့်ကလေးငယ်ရဲ့ အပြုအမူကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ တညလုံး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတဲ့ ကလေးငယ်ဟာ မနက် ၃ နာရီမှာ အိပ်ရာထဲ ရှူရှူးပေါက်ချနိုင်ပါတယ်။ ဒါမှမဟုတ် အမြဲ သင့်စကား နားထောင်တတ်တဲ့ ကလေးငယ်ဟာ ခေါင်းမာပြီး ပြောစကားနားမထောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သေးအိုးနဲ့ သွားဖို့ လေ့ကျင့်ပေးထားတဲ့ ကလေးငယ်ဟာလည်း သေးထွက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ကျောင်းမတက်ခင် ကလေးငယ်တွေဟာ အသေးစိတ်တွေကို မြင်တတ်ပါတယ်။ သူဟာ အတွေ့အကြုံအသစိတွေ၊ အသစ်အဆန်းတွေကို သင်ယူနေတာကြောင့် အသံ၊ အရောင်၊ နှိုင်းယှဉ်တဲ့ အရွယ်အစားတွေ၊ လှုပ်ရှားမှုတွေကို သဟဇာတ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကြောင်သံလုပ်ပြတာမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

31 လအရွယ်ကလေးငယ်

၃၁ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ သင့်ကလေးဟာ ဒီနှစ်မှာ စကားလုံးရွေးချယ်မှုတွေ ပြုလုပ်နေတာကြောင့် No လို့ ပြောရတာဟာ သူ့အကြိုက်ဆုံး ဖြစ်နိုင်ပါတယ်။ ကလေးငယ်ဟာ သူ့ရဲ့ ကိုယ်ပိုင် အသိအမြင်ကို ဖေါ်ထုတ်နေတာကြောင့် ဒီအရွယ်မှာ No ဆိုပြီး အများကြီး ပြောနိုင်ပါတယ်။ တခါတရံမှာ သူတို့ No လို့ ပြောခြင်းဟာ Yes လို့ရည်ရွယ်ပါတယ်။ တခါတရံမှာ ကလေးငယ်ဟာ စိတ်ဆိုးခြင်း၊ ပျာယာခတ်ခြင်း၊ သူဆိုလိုရင်းကို အခြားသူတွေ သိစေဖို့ No ဆိုတာကို တွင်တွင် သုံးတတ်ပါတယ်။ သင့်ကလေးငယ်ဟာ သူတကယ်လို့ စကားကျယ်ကျယ်ပြောရင်၊ အော်ပြောရင် မိဘတွေက သူ့ကိုသတိထားမိနိုင်တယ်လို့ သိလာတာကြောင့် ဒီလိုပုံစံမျိုးလုပ်နိုင်ပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

32 လအရွယ်ကလေးငယ်

၃၂ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ ကလေးအသက်သုံးနှစ်အရွယ်မှာ ဟန်ဆောင် ဆော့ကစားခြင်းဟာ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ အရုပ်တွေဟာ သူ့အတွက် ဖက်ထားစရာ အရာဝတ္ထု မဟုတ်တော့ပဲ အရုပ်မှာ အမည်၊ မိသားစု ရှိပြီး အရုပ်ကို အစာကျွေးခြင်း၊ ရေချိုးပေးခြင်း၊ လက်ဖက်ရည် ဝိုင်းဖိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ နောက်ကျောက တဘက်ဟာ သူ့ကို စူပါဟီးရိုး ဖြစ်စေနိုင်ပြီး ဇာတ်လမ်းပုံစံနဲ့ ကစားနိုင်ပါတယ်။ သူကစားနေစဉ်မှာ ကလေးငယ် ပါးစပ်က ရေရွတ်နေတဲ့ အသံတွေကို ကြားနိုင်ပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ သင့်ကလေးငယ်ရဲ့ ဘာသာစကားတိုးတက်မှုကို တိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းကတော့ rhymes ပဲ ဖြစ်ပါတယ်။ ဝါးကျဖွဲ့ခြင်း၊ စကားလုံးတွေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

33 လအရွယ်ကလေးငယ်

၃၃ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ လမ်းလျှောက်တတ်ကာစ ကလေးတွေဟာ အမှောင်တွေထဲမှာ သရဲ၊ နဂါး အစရှိတဲ့ စိတ်ကူးယဉ်အကောင်တွေကို ထင်မြင်တတ်တာကြောင့် အမှောင်ကို ကြောက်တတ်ကြပါတယ်။ သူတို့လေးတွေက သူတို့ခြေလှမ်းတွေကို ရေတွက်တာကနေစပြီး ဂဏန်းရေတွက်ခြင်း စတင်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ တစ်ခုနဲ့အများကိုစတင်ခွဲခြားနိုင်ပါတယ်။ အသက်၂နှစ်လောက်မှာတော့ ၂-၃ခုလောက်ကိုခွဲခြားနိုင်လာပြီး ၁၀ခု အထိရေတွက်နိုင်လာတာလည်းဖြစ်နိုင်ပါတယ်။ သေသေချာချာနားလည်တာမျိုးမဟုတ်ပေမယ့် ဒီအရေအတွက်တွေကို ပြောနိုင်နေပါပြီ။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ သင့်ကလေးကို စိတ်ငြိမ်စေဖို့အတွက်ကတော့ • ပေါ့သေးသေးမထင်ဘဲ ဒီဟာကိုအလေးထားသင့်ပါတယ်။ သူတို့စိတ်ကူးယဉ်မှုတွေကို မလှောင်သင့်ပါဘူး။ • ယုတ္တိရှိမရှိထက် ကလေးတယောက်ဘက်က စဉ်းစားကြည့်ပါ။ ကလေးရဲ့အခန်းထဲက အရိပ်တခုခုက ပင့်ကူအိမ်လိုပုံစံ ပေါ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဘီဒိုထဲမှာ အကောင်အကြီးကြီးတွေ နေနိုင်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း စိတ်ရှည်ရှည်ထားပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

34 လအရွယ်ကလေးငယ်

၃၄ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ စကားတွေပိုတတ်လာတာနဲ့အတူ လမ်းလျှောက်တတ်ကာစ့ကလေးဟာ စိတ်တိုဖို့ကောင်းတဲ့ စရိုက်လက္ခဏာ (ဆရာကြီးလုပ်တာ) တွေရှိလာတတ်ပါတယ်။ “အင်္ကျီဝတ်ပေး” “အမေ ဒီကိုလာ” “ အဖေ ဒီမှာထိုင်” စသဖြင့်ပေါ့။ ကလေးငယ်လေးတွေက ကိုယ်ကိုယ်ကို အရေးကြီးဆုံးလို့မြင်နေတတ်ပြီး ဘေးကလူတွေက သူအတွက်ဖြေရှင်းပေးမယ်ဆိုပြီး ယူဆထားတတ်လို့ပါ။ သူတို့လေးတွေဟာ ဂျစ်ကန်ကန်လေးတွေ၊ ဟာသလေးတွေ ပြောတတ်ရုံသာမက သူများတွေဟာသကိုလည်း သိသိသာသာ တုန့်ပြန်တတ်လာပါတယ်။ သူတို့တွေက ရွဲ့စောင်းပြောတဲ့ ဟာသတွေထက်စာရင် ကလိထိုးရယ်ရတဲ့ ဟာသတွေ၊ ရယ်စရာကောငိးတဲ့အသံတွေ၊ ရုပ်ပြောင်တွေကို ပိုသဘောကျကြပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ သင့်အနေနဲ့ သူတို့ရဲ့ သိမြင်နားလည်မှုဆိုင်ရာ ဖွံ့ဖြိုးပြောင်းလဲမှုတွေကို ငြင်းမရပေမယ့် ကောင်းမွန်အောင် လမ်းပြပေးလို့ရပါတယ်။ ဥပမာအနေနဲ့ တစ်ခုခုတောင်းတဲ့အခါမှာ” ကျေးဇူးပြုပြီး” […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

23 လ အရွယ်ကလေးငယ်

23 လအရွယ်ကလေးငယ် လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ သင့်ကလေးငယ်ဟာ တစ်နေ့မှာ စကားလုံးအသစ် ဆယ်လုံးလောက်ကို သင်ယူနေပြီ ဖြစ်ပါတယ်။ သင့်ကလေး အသက်နှစ်နှစ်ဝန်းကျင်ရောက်တဲ့အခါမှာ မျှော်လင့်ထားနိုင်တဲ့ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ • စကားလုံး နှစ်လုံးကနေ လေးလုံးအထိ ပါတဲ့ စာကြောင်းများ • ရိုးစင်းတဲ့ သီချင်းတွေ ဆိုခြင်း • ရိုးစင်းတဲ့ ညွှန်ကြားချက်တွေ လိုက်နာခြင်း • နာမ်စားတွေကို မှန်ကန်စွာ မဟုတ်ရင်တောင် အသုံးပြုနိုင်ခြင်း • စကားပြောဆိုခြင်းတွေမှာ ကြားတဲ့ စကားတွေကို ပြန်ပြောနိုင်ခြင်း • လူတွေ၊ အရာဝတ္ထုတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှတ်မိခြင်း။ တကယ်လို့ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုဟာ သူ့ရဲ့ ပထမနှစ်နဲ့ ယှဉ်ရင် ကျဆင်းလာနိုင်ပါတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ သူ့အသက်တစ်နှစ်မှာ ကိုယ်အလေးချိန် သုံးဆတိုးလာပေမယ့် အသက်နှစ်နှစ်အရွယ်မှာတော့ ၁.၄ ကီလိုကနေ ၂.၂ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

24 လ (2 နှစ်) အရွယ်ကလေးငယ်

၂၄ လ (၂နှစ်) အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ အခုဆို နှစ်နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်အထိ သင့်ကလေး ဖြတ်သန်းခဲ့ပြီးတဲ့ milestone တွေ မြောက်မြားစွာ ရှိနေပြီဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ်တိုင် အဝတ်အစား ဝတ်ခြင်း၊ ချွတ်ခြင်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူဘယ်လို အဝတ်အစားတွေကို ဝတ်ချင်တယ်ဆိုတာကိုလည်း သိနေပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ ကျွမ်းကျင်မှုနဲ့ ပြင်းပြတဲ့ အမှီအခို ကင်းမဲ့မှုတွေကို ဖေါ်ပြနေတာ ဖြစ်ပါတယ်။ သင့်ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေဟာလည်း တိုးတက်လာနေပါတယ်။ သူဟာ နှစ်ပေလောက်ကို ယုံကြည်မှုရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ကုန်ပြီးတော့ ကြမ်းပြင်က အရာဝတ္ထုတွေကို ကောက်နိုင်ပြီ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

2 နှစ်သားအရွယ် ကလေး၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ

မိဘတိုင်းဟာ သူတို့ချစ်ရတဲ့သားသမီးတွေအတွက် သန္ဓေသား ဘဝလေးကတည်းက အကောင်းဆုံးတွေသာမျှော်လင့်တာပါ။ ကလေးလေးမွေးလာပြီးတဲ့အခါ သူကြီးပြင်းလာတဲ့ခရီးရဲ့ မှတ်တိုင်တစ်ခုချင်းတစ်ခုချင်းစီမှာ သင့်တာဝန်ကလည်းတဖြည်းဖြည်းကြီးလာပါတယ်။ ကလေးဟာအရွယ်ရောက်လာတာနဲ့အမျှ သင့်ဂရုစိုက်မှုပုံစံအမျိုးမျိုး လိုအပ်လာတယ်။ ဒါတွေကတော့ သင့်ကလေး ၂ နှစ်သားအရွယ်မှာ တွေ့ကြုံရမယ့် အတွေ့အကြုံတွေအကြောင်းပေါ့။   လမ်းစလျှောက်ပြီ အသက်နှစ်နှစ်ဆိုရင် ကလေးတွေဟာ လမ်းစလျှောက်စပြုပြီဖြစ်တယ်၊ ကလေးအများစုဟာ အသက် ၉လမှ ၁၇လ လောက်မှာ လမ်းစလျှောက်ကြပါတယ်။ တစ်လှမ်းချင်း တစ်လှမ်းချင်းသွားတာဆိုပေမယ့် မိဘတွေဆီက အကူအညီမလိုတော့ပါဘူး။   စပြေးပြီ လမ်းစလျှောက်ပြီး ၆ လလောက်ကြာရင်တော့ အပြေးသမားပေါက်စလေးပေါ့။ လိုက်ထိန်းဖို့ပိုခက်ခဲလောက်အောင် ပတ်ပြေးနေတော့မှာပါ၊ လိုက်ဖမ်းဖို့သာပြင်ထားပေတော့။   တောင်တက်သမားလေးတွေ သင့်ကလေးရဲ့စွန့်စားခန်းတွေအတွက်လည်း အသင့်ပြင်ထားလိုက်ပါ။ မြေပေါ်မှာလမ်းလျှောက်တာနဲ့ ပြေးတာကို ကျွမ်းကျင်သွားပြီလို့ယူဆတာနဲ့ ဒီတစ်ခါအပေါ်တက်ပါပြီ။ ပုခတ်အပြင်ဘက်ကို၊ ပရိဘောဂတွေပေါ်၊ လှေကားပေါ် စသည်ဖြင့် တွေ့သမျှအကုန်တွယ်တက်ပါပြီ။ ဒီအခါမှာ သူတို့မထိခိုက်အောင် ပုခက်ကို ဖယ်ပစ်လိုက်ဖို့လိုလာပါပြီ။ ပြီးတော့ သူ့တို့ကိုအမြဲမပြတ်စောင့်ကြည့်နေဖို့လည်း မမေ့ပါနဲ့   ဒီတစ်ခါဘောလုံးသမားပေါက်စ အခုဆိုရင်သင့်ကလေးဟာ လောကကြီးရဲ့စုပေါင်းလှုပ်ရှားမှုတွေကို စူးစမ်းနေပါပြီ၊ ဘောလုံးတွေလိုမျိုး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း