မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်တာ၊ ပြုံးတာ၊ စပ်စုတာ စတာလေးတွေက မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုတွေပါပဲ။ အသက် ၁နှစ်က ၅နှစ် ကလေးတွေကို ဘယ်လိုမျိုး ထိန်းကျောင်းသင့်တယ်ဆိုတာ ပညာရှင်တွေက ဒီလို အကြံပြုထားပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှုက ကလေးတစ်ယောက်ကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့ အခြေခံ လူ့တန်ဖိုး တစ်ခုပါ။ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါဆိုရင် မေးချင်တာလေး တစ်ခုက ချစ်မဝတဲ့ ကလေးတို့ကို ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးရမလဲဆိုတာကို သိပြီးပြီလား ဖေဖေမေမေတို့ရေ ……. ယဉ်ကျေးသိမ်မွေ့မှု အတော်လေး အရေးကြီးသလား! ကလေးတစ်ယောက် ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာ ပတ်ဝန်းကျင်က အတော်လေး အရေးကြီးသလို ဖေဖေမေမေတို့ရဲ့ ငယ်ရွယ်စဉ် သင်ပြပေးမှုကလည်း အတော်လေး အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် အရွယ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပါမှ အရွယ်ရောက်လာချိန်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး လူချစ်ခင်စရာ လေးစားစရာ ကောင်းသူအဖြစ် အရွယ်ရောက်လာမှာပါ။ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာတာ၊ အရွယ်ရောက်ချိန်မှာလည်း ယဉ်ကျေးမှုနဲ့ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးက ထမင်းခွံနေချိန်မှာ ထမင်းမစားဘူးဘဲလုပ်နေတယ်။ သိပ်နေတာကို တော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကို တောက်တောက်နဲ့လျှောက်ပြေး နေတယ်။ ကလေးကလည်းပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီးဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲမေမေဖေဖေတို့ ကြောက်အောင်ခြောက်တယ်ဟုတ်။ ဒီလို လုပ်မိနေပြီဆိုရင်တော့ ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ် လိုက်ကြပါစို့။ ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု ကလေးက ပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခုရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာ၊ နေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံး ခြောက်လှန့်တတ်ကြလဲ သိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။ ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သေးဘူးလား ဒေဝေါကြီးကို ခေါ်လိုက်မှာနော်ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲကကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့လူကြီးဆိုတာမျိုးတွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။ ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့်ရေရှည်မှာ ကလေးအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

အလုပ်ထွက်ပြီး မိသားစုကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ အိမ်မှာပဲ အမြဲနေပြီး ကလေးတွေနဲ့ အချိန်ကုန်တဲ့ အိမ်ထောင်ရှင်မေမေတွေ နည်းလာပါပြီ။ ငွေရေးကြေးရေး အခြေအနေအရရော၊ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ဘဝအပေါ် ခံယူချက်ကြောင့် အလုပ်တစ်ဖက်နဲ့ မိသားစုတာဝန်ကို မလစ်ဟင်းအောင် ကြိုးပမ်းကြတဲ့ မေမေတွေဟာ တော်တော်လေးကို စိတ်ရောလူပါ ပင်ပန်းရတဲ့ ကိစ္စပါပဲ။ မကြာမီမှာ ကလေးယူပြီး ပျော်ရွှင်စရာ မိသားစုဘဝလေး ထူထောင်ကြမယ့် မေမေတွေလည်း လုပ်နေတဲ့ အလုပ်ကို ထွက်ရမလား၊ အလုပ်ရော အိမ်မှုကိစ္စကိုပါ တွဲပြီး လုပ်ရမလား တွေဝေနေကြမှာပါ။ ဒီနေ့ဆောင်းပါးလေးမှာ အိမ်မှာပဲ အမြဲနေပြီး မိသားစုနဲ့ အတူအချိန်ကုန်ဆုံးဖို့ ပြင်ဆင်နေတဲ့ မေမေတွေအတွက် ကြုံလာနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့ ဘဝကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အိမ်တွင်းပုန်း မေမေတွေအတွက် အားသာချက်တွေ ၁။ မိသားစုဝင်က တစ်ခုခုလိုအပ်တိုင်း ကိုယ်က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

ကလေးကို အိုင်းစတိုင်းလောက် ဉာဏ်ရည် မြင့်အောင် မမွေးမြူနိုင်တာ သင့်အပြစ် မဟုတ်ဘူး၊ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အရာတွေ ကျွေးမိနေတာ မသိရင်တော့ သင့်အပြစ်ပဲ။ ဘာလို့ဆို ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ် သက်ရောက်နိုင်တဲ့ အချက်တွေထဲမှာ အစာအာဟာရက ထိပ်ဆုံးက ပါဝင်လို့ပါပဲ။ ဒါကြောင့် ဘယ်အစားအစာတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ ဘာတွေကများ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။ အချိုများတဲ့ သောက်စရာတွေ အချိုများတဲ့ သောက်စရာတွေက အဝလွန်ခြင်းကို ဖြစ်စေတဲ့အပြင် အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်း ဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။ တိရိစ္ဆာန်လေးတွေမှာ လေ့လာချက်အရ အချို များများစားရင် မှတ်ဉာဏ် ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်စေနိုင်တယ်လို့ သုတေသန […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့လေ့လာသင်ယူမှုစွမ်းရည်ကို ဘယ်လိုပျိုးထောင်မလဲ

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သားသမီးတွေအတွက် အမြဲစိတ်ပူပန်နေရတာ၊ ပြုစုစောင့်ရှောက်နေရတာ သဘာဝပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း သန္ဓေသားနဲ့ မိခင်ကျန်းမာစေဖို့ အစာအာဟာရကို သေချာရွေးချယ်စားသောက်ရတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။ ကလေးမွေးပြီးတဲ့နောက်မှာလည်း ကလေးအတွက် အစာအာဟာရ၊ နောင်ရေး၊ ပညာရေး အစရှိသဖြင့် မိဘတွေမှာ မျှော်လင့်ချက်တွေ ကြီးမားရပြန်ပါတယ်။ ကလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရစေဖို့ မိဘတွေအနေနဲ့ ပျိုးထောင်ပေးလို့ ရမယ့် နည်းလမ်းတွေ ရှိသလို အစာအာဟာရကိုလည်း သေချာချက်ပြုတ်ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေကို သင်ယူလိုစိတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမလဲ။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ စာဖတ်တဲ့ အလေ့အကျင့်ကို မွေးပေးပါ။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ ဆောင်ပုဒ်ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေရဲ့ တီထွင်ကြံဆဉာဏ်ကို ထိခိုက်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူ (၅)မျိုး

ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေချင်တာ၊ တီထွင်ကြံဆတတ်စေချင်တာ၊ အနာဂတ်ဘဝခရီးလမ်းမှာ အောင်မြင်မှုသရဖူဆောင်းနိုင်တဲ့ လူတော်ဖြစ်စေချင်တာ သဘာဝပါပဲ။ ကလေးတွေကို ထိန်းကျောင်းပေးတဲ့ နေရာမှာ မေတ္တာတစ်ခုတည်းနဲ့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ကလေးတွေအပေါ်မှာ ကိုယ်လုပ်မိလိုက်တဲ့ အပြုအမူလေးတွေက ကလေးတွေရဲ့ ဦးနှောက်အာရုံထဲမှာ စွဲထင်သွားတတ်ပြီး သူတို့ရဲ့ ကြီးပြင်းလာတဲ့ ပုံစံ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ ကလေးကို လူတော်တစ်ယောက်အနေနဲ့ ကြီးပြင်းလာစေဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ အောက်ပါ အချက်လေးတွေကို ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်နော်။ ၁။ အိမ်ထဲမှာ ပိတ်လှောင်ထားတာ။ မိဘအများစုမှာ ကြုံတွေ့ရတတ်တဲ့ စိုးရိမ်မှုပြဿနာက ကိုယ့်ရဲ့ ကလေး အပြင်ထွက်ဆော့လိုက်လို့ တစ်ခုခု ထိမိ၊ ခိုက်မိတာတွေ ဖြစ်သွားမလား၊ တခြားကလေးတွေနဲ့ ဆော့ကစားမိလို့ ရောဂါတွေ ကူးလာမလား အစရှိတဲ့ စိုးရိမ်မှုတွေကြောင့် ကိုယ့်ရဲ့ ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဒီနည်းလမ်းတွေကိုကျင့်သုံးပါ

ကိုယ့်ရင်နှစ်သည်းချာ ရတနာလေးတွေ ကိုယ့်မျက်စိအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းကဆန္ဒပါ။ ကိုယ်ဝန်စဆောင်တည်းက ဗိုက်ထဲကလေးအတွက် ဆုတောင်းလိုက်ရတာ အမော။ မွေးပြီးတော့လည်း ကိုယ့်ကလေးတွေကို ညဏ်ရည်ပိုင်းမှာရော ကိုယ်ခန္ဓါကြီးထွားမှု အပိုင်းမှာရော သူများတွေထက် မသာရင်တောင် တန်းတူတော့ ဖြစ်စေချင်ကြတာချည်းပဲလေ။ ဒါတွေက ကလေးပေါ်မှာပဲ မူတည်နေတဲ့ အရာတွေ မဟုတ်ပါဘူး။ မိဘတွေဘက်လည်း သေချာ ဂရုစိုက် ပြင်ဆင်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ ဘယ်လိုမျိုး မိဘတွေ ဘက်က ဂရုစိုက်မှုတွေ လုပ်ပေးရမှာလဲ။ ။ မွေးပြီး ၆ လလောက်အထိကိုတော့ မိခင်နို့တစ်မျိုးတည်းပဲတိုက်ပြီး ၆လကျော်ရင်တော့ ဖြည့်စွက်စာတွေ ကျွေးရတယ်ဆိုတာ အာလုံးသိပြီးဖြစ်မှာပါ။ အရေးကြီးဆုံးအချိန်က ၂ နှစ်ကျော်တဲ့ အချိန်ပါ။ ၂ နှစ်ကျော်ဆိုရင် ကလေးက စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရရော ဖွံ့ဖြိုးနေတဲ့ အချိန်လို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ

မိဘနှစ်ပါးရဲ့ မူလဘာသာစကား မတူညီတဲ့ အနေအထားမျိုးအပါအဝင် အမျိုးမျိုးသော အခြေအနေတွေမှာ ကလေးဟာ ဘာသာစကားနှစ်မျိုး စလုံးကို သင်ယူရင်း ကြီးပြင်းလာရတတ်ပါတယ်။ ဒီလို ကြီးပြင်းလာရတာဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒီလို အငြင်းပွားမှုတွေထဲမှာ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ အခု ဆောင်းပါးလေးမှာတော့ အဆိုပါ အယူအဆမှားတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ၁။ တစ်မျိုးထက်ပိုတဲ့ ဘာသာစကားတွေနဲ့ ကြီးပြင်းလာခြင်းဟာ ကလေးကို ရှုပ်ထွေးသွားစေတယ် ဒါဟာ အယူအဆအမှားတွေ အားလုံးထဲမှာ သဘာဝအကျဆုံး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား

ငယ်ငယ်ကတော့ ကိုယ်တွေ စကားနားမထောင်ဘူးဆိုရင် အမေက ကြိမ်လုံးနဲ့ တီးတာပဲဟုတ်။ ဒီဘက်ခေတ်မှာတော့ ဒီအယူအဆတွေက ပြောင်းလဲလာပါပြီ။ ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား ။ သင်ကိုယ်တိုင်ရော ဘယ်လို ထင်ပါသလဲ။ ကိုယ်တိုင်ရဲ့ ယူဆချက် မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။ ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား သားသမီးကို ဆုံးမတာလည်း ဆုံးမတာပေါ့လေ။ ဒါပေမယ့် ကလေးတွေကို  ရိုက်မောင်းပုတ်မောင်း နဲ့ ဆုံးမတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ဆုံးမမှုမျိုးပါ။ သားသမီးတွေကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် ကလေးတွေဟာ- လူကြောက်တတ်၊ လူရှိန်တတ်လာမယ်၊ အပေါင်းအသင်းမဆန့်တော့ဘူး။ လူစိမ်းတွေကို ကြောက်တတ်လာမယ်။ ရန်လိုဒေါသထွက်တတ်လာမယ်။ ထိခိုက်အနာတရဖြစ်မယ်။ စိတ်ဒဏ်ရာတွေ ရသွားမယ် အစရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ရိုက်နှက်ဆုံးမရတဲ့ အခြေအနေမဆိုက်ရအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်။ ၁။ ပတ်ဝန်းကျင် အနေအထားကို ပြောင်းပေးပါ။ မီးဖိုချောင်ထဲ၊ ကြောင်အိမ်ထဲကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်လို့ရတဲ့နည်းတွေရှိတယ်ဆိုရင် မိဘတိုင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ဘယ်လိုပျိုးထောင်ပေးလို့ရလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်ပါ။ ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ပျိုးထောင်ကြမယ် ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပါ။ ကလေးတွေဆိုတာက ဖယောင်းလေးတွေလိုပါပဲ။ ပုံသွင်းတဲ့အတိုင်းဝင်တဲ့အရွယ်လေးတွေပါ။ ကလေးကို ငယ်စဉ်ကတည်းကသေချာပျိုးထောင်ပေးမယ်ဆိုရင် ကလေးကကောင်းမွန်စွာနဲ့ကြီးပြင်းအရွယ်ရောက်လာမှာ အသေအချာပါပဲ။ (၁) ကလေးတွေကို ချစ်ပေးပါ - ဒါက သိပြီးသားအကြောင်းအရာလို့ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကလေးကိုချစ်ခြင်းမေတ္တာပေးဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ သင့်အနေနဲ့ အားနည်းချက်ရှိနေရင်ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေနေ ကလေးကိုတော့ ချစ်ခြင်းမေတ္တာတွေအကန့်အသတ်မရှိပေးနိုင်ပါတယ်။ ကလေးတွေအနေနဲ့ မိသားစုတွေဆီကနေ ချစ်ခြင်းကိုလက်ခံရရှိသင့်သလို သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ချစ်ခြင်းတွေကိုရရှိဖို့လိုအပ်ပါတယ်။ မတော်တဆက ကလေးကိုအော်ငေါက်မိတာ၊ အသံမာမာနဲ့ပြောမိတာမျိုးရှိခဲ့ရင် ကလေးကိုနွေးနွေးထွေးထွေးပွေ့ဖက်ပြီး သင့်အနေနဲ့ ကလေးကိုချစ်ကြောင်းပြောပြပြီးအော်ငေါက်မိတာအတွက် စိတ်မကောင်းတဲ့အကြောင်းပြောပြပေးပါ။ အကန့်အသတ်မဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုရိုက်ပြီးဆုံးမ မှာလား ဆိုးကျိုးတွေရှိနိုင်ပါတယ်

သင်ဟာ ကလေးကိုရိုက်ပြီးဆုံးမ တတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။ မိဘတွေဟာ ကလေးတွေကို ရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးမှ ဆုံးမသင့်သလောက်ဆုံးမမယ်ဆိုရင် အကောင်းဆုံးပါ။ မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကိုရိုက်ပြီးမှ သနားပြီးပြန်ငိုတဲ့ တချို့မိဘတွေလည်း ရှိပါတယ်။ နောက်တစ်ချက်က အခုလိုရိုက်ခံရအောင် ကလေးက သူ့ဘာသာဖန်တီးခဲ့တာလို့ တွေးတာဖြစ်ပါတယ်။ အရိုက်ခံရအောင်လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာမဟုတ်ဘူးလို့ တွေးကြတာပါ။ ကလေးကိုရိုက်ပြီးဆုံးမ လိုက်ရင် ကလေးရဲ့အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား ကလေးတစ်ယောက်က အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်လို ကလေးက သတိအနေအထားနဲ့ သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်