backup og meta

34 လအရွယ်ကလေးငယ်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    34 လအရွယ်ကလေးငယ်

    ၃၄ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

    လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

    စကားတွေပိုတတ်လာတာနဲ့အတူ လမ်းလျှောက်တတ်ကာစ့ကလေးဟာ စိတ်တိုဖို့ကောင်းတဲ့ စရိုက်လက္ခဏာ (ဆရာကြီးလုပ်တာ) တွေရှိလာတတ်ပါတယ်။ “အင်္ကျီဝတ်ပေး” “အမေ ဒီကိုလာ” “ အဖေ ဒီမှာထိုင်” စသဖြင့်ပေါ့။ ကလေးငယ်လေးတွေက ကိုယ်ကိုယ်ကို အရေးကြီးဆုံးလို့မြင်နေတတ်ပြီး ဘေးကလူတွေက သူအတွက်ဖြေရှင်းပေးမယ်ဆိုပြီး ယူဆထားတတ်လို့ပါ။

    သူတို့လေးတွေဟာ ဂျစ်ကန်ကန်လေးတွေ၊ ဟာသလေးတွေ ပြောတတ်ရုံသာမက သူများတွေဟာသကိုလည်း သိသိသာသာ တုန့်ပြန်တတ်လာပါတယ်။ သူတို့တွေက ရွဲ့စောင်းပြောတဲ့ ဟာသတွေထက်စာရင် ကလိထိုးရယ်ရတဲ့ ဟာသတွေ၊ ရယ်စရာကောငိးတဲ့အသံတွေ၊ ရုပ်ပြောင်တွေကို ပိုသဘောကျကြပါတယ်။

    လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

    သင့်အနေနဲ့ သူတို့ရဲ့ သိမြင်နားလည်မှုဆိုင်ရာ ဖွံ့ဖြိုးပြောင်းလဲမှုတွေကို ငြင်းမရပေမယ့် ကောင်းမွန်အောင် လမ်းပြပေးလို့ရပါတယ်။ ဥပမာအနေနဲ့ တစ်ခုခုတောင်းတဲ့အခါမှာ” ကျေးဇူးပြုပြီး” ကိုထည့်ပြောဖို့နဲ့ ကောင်းကောင်းမွန်မွန်ပြောဖို့ သွန်သင်လို့ရပါတယ်။

    တကယ်လို့ သင်က သင်နဲ့ကလေးရဲ့ကြားမှာ power struggle ရှိတယ်လို့ခံစားရရင်တော့ ကလေးအသံလိုမျိုးနဲ့ပြောဆိုကြည့်လို့ရပါတယ်။ ရယ်စရာကောင်းတဲ့ အသံမျိုးနဲ့ ပုံပြင်ပြောပြတာမျိုးတွေက ပျော်စရာကောင်းပါတယ်။

    တကယ်လို့ သင်က သင့်ကလေးကို အိမ်သာဘယ်လိုအသုံးပြုရမလဲဆိုတာ မသင်ဖူးဘူး (သို့) အရင်ကသင်ပေးတာမအောင်မြင်ဘူးဆိုရင် အခုနောက်တကြိမ်ပြန်ကြိုးစားသင့်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ့်ကိုယ်ကို အားကိုးလိုစိတ်ဖြစ်လာပြီး သူ့ဘာသူကြိုးစားချင်စိတ်ဖြစ်ပေါ်လာပါပြီ။ တခါတလေ သူတို့က ဘယ်အချိန် အိမ်သာသွားချင်လည်းဆိုတတ် မသိတာကြောင့် သင့်အနေနဲ့ ဘယ်လိုလေ့ကျင့်ပေးရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

    ပထမဆုံးအနေနဲ သူတို့လေးတွေကို အိမ်သာခွက်ပေါ်မှာ အဖုံးမပါဘဲ ထိုင်ခိုင်းပြီး ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ရှင်းပြခြင်းက သူတို့စိတ်ပူပန်တာကို လျှော့စေပါတယ်။ သင့်ကလေးကို ၂-၃နာရီခြား အိမ်သာသွားစေရပါမယ်။ ဒီလိုကျင့်ပေးခြင်းအားဖြင့် သင့်ကလေးကိုလေကျင့်ပေးပြီး ဖြစ်သလို မတော်တဆ အန္တရာယ်တွေကလဲ ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကို နေ့စဉ်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ ဥပမာ မနက်တိုင်း၊ မအိပ်ခင်နဲ့ အိပ်ပြီးအချိန်တွေမှာ လေ့ကျင့်ပေးသင့်ပါတယ်။ အိမ်သာသုံးပြီး ရေဆွဲချခိုင်းတာမျိုး ပြီးရင် လက်ဆေးခိုင်းတာမျိုးတွေ လေ့ကျင့်ပေးသင့်ပါတယ်။

    ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

    ၂နှစ်အရွယ် ကလေးတွေရဲ့ ကြောက်လန့်မှုဖြစ်ခြင်းက အရမ်းဆိုးတယ်ထင်ရပေမယ့် များသောအားဖြင့် စိတ်အရမ်းပူစရာမလိုပါဘူး။ တကယ်လို့ ကလေးရဲ့ စိုးရိမ်ကြောက်လန့်မှုတွေက မိသားစုနေ့စဉ်ဘဝကို ထိခိုက်လာပြီ (သို့) ကလေးရဲ့ပညာရေး အိပ်ချိန်တွေကိုပါထိခိုက်လာရင် (သို့) စိတ်အခြေအနေတခုကို ထိခိုက်လာပြီဆိုရင် ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် သင့်ဆရာဝန်က မိသားစု ကျန်းမာရေးဆွေးနွေးပေးသူ (သို့) ကလေးစိတ်ကျန်းမာရေးဆရာဝန်ဆီကို လွှဲပေးပါလိမ့်မယ်။

    ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

    စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ ကလေးတွေက တခြားသူတွေ ပေါင်းသင်းဆက်ဆံတဲ့အခါ ပြဿနာရှိနိုင်ပါတယ်။ သူတို့မိဘတွေနဲ့လဲ ဆက်ဆံရေးကလည်း သိပ်ရင်းနှီးမှု သိပ်မရှိတတ်ကြဘူး။ တခါတလေမှာ တွေတွေကြီး ငေးကြည့်နေတတ်ကြတယ်။ တကယ်လို့ သင့်ရဲ့ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ အပြောအဆိုဆိုင်ရာ ဖွံ့ဖြိုးမှုဆိုင်ရာ နှေုာင့်နှေးမှုတွေ ပိုဆိုးလာတာ သတိထားမိရင် (သို့) တိုးတက်မှုမရှိလာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement