backup og meta

33 လအရွယ်ကလေးငယ်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    33 လအရွယ်ကလေးငယ်

    ၃၃ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

    လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

    လမ်းလျှောက်တတ်ကာစ ကလေးတွေဟာ အမှောင်တွေထဲမှာ သရဲ၊ နဂါး အစရှိတဲ့ စိတ်ကူးယဉ်အကောင်တွေကို ထင်မြင်တတ်တာကြောင့် အမှောင်ကို ကြောက်တတ်ကြပါတယ်။

    သူတို့လေးတွေက သူတို့ခြေလှမ်းတွေကို ရေတွက်တာကနေစပြီး ဂဏန်းရေတွက်ခြင်း စတင်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ တစ်ခုနဲ့အများကိုစတင်ခွဲခြားနိုင်ပါတယ်။ အသက်၂နှစ်လောက်မှာတော့ ၂-၃ခုလောက်ကိုခွဲခြားနိုင်လာပြီး ၁၀ခု အထိရေတွက်နိုင်လာတာလည်းဖြစ်နိုင်ပါတယ်။ သေသေချာချာနားလည်တာမျိုးမဟုတ်ပေမယ့် ဒီအရေအတွက်တွေကို ပြောနိုင်နေပါပြီ။

    လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

    သင့်ကလေးကို စိတ်ငြိမ်စေဖို့အတွက်ကတော့

    • ပေါ့သေးသေးမထင်ဘဲ ဒီဟာကိုအလေးထားသင့်ပါတယ်။ သူတို့စိတ်ကူးယဉ်မှုတွေကို မလှောင်သင့်ပါဘူး။

    • ယုတ္တိရှိမရှိထက် ကလေးတယောက်ဘက်က စဉ်းစားကြည့်ပါ။ ကလေးရဲ့အခန်းထဲက အရိပ်တခုခုက ပင့်ကူအိမ်လိုပုံစံ ပေါ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဘီဒိုထဲမှာ အကောင်အကြီးကြီးတွေ နေနိုင်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးပါ။

    • ညအိပ်မီး ဖွင့်ပေးထားပါ။ အလင်းရောင်ရှိရင် အကောင်တွေမလာနိုင်ဘူးလို့ ယုံအောင်ပြောထားလို့လဲရပါတယ်။

    • ပိုချစ်ပြီး ဂရုစိုက်ပြထားတာလည်း သူတို့ရဲ့ ကြောက်ရွံ့မှုကို နည်းစေပါတယ်။ ဖက်ပေးတာမျိုး ပူးပူးကပ်ကပ်နေပေးတာမျိုးပေါ့။ မအိပ်ခင် ပျော်ရ္စင်စေတဲ့ အိပ်ချိန်လေး ဖန်တီးပေးဖို့က အရေးကြီးပါတယ်။

    သင့်ကလေးငယ်ကို နောင်တစ်ချိန်မျာ သင်္ချာစွမ်းရည် ကို တည်ဆောက်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကို ရေတွက်ခြင်း မပြုစေပဲ သူ့တစ်နေ့တာမှာ ဂဏန်းတွေကို အသုံးပြုစေခြင်းပဲ ဖြစ်ပါတယ်။ စာအုပ်တွေ ဖတ်ပြခြင်းဟာ စာမဖတ်ခင်မှာ စာပေနဲ့ ရင်းနှီးမှုရစေပြီး စာမျက်နှာပေါ်က အချို့ symbols တွေကိုလည်း နားလည်စေနိုင်ပါတယ်။ သူကစားနေစဉ်မှာ လမ်းလျှောက်နေစဉ်မှာ ခြေလှမ်းတွေကို ရေတွက်စေနိုင်ပါတယ်။ ပုံစံအမျိုးမျိုး (စက်ဝိုင်း၊ စတုဂံ၊ တြိဂံ) အစရှိတာတွေနဲ့ ပတ်သက်တဲ့ ပဟေဠိတွေကို ပေးနိုင်ပါတယ်။ ဒီပုံစံတေါကို အဖြေရှာခိုင်းခြင်းဟာ စာမဖတ်ခင် တတ်သင့်တဲ့ အခြားအရာ တစ်ခု ဖြစ်ပါတယ်။

    ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

    ညပိုင်း သေးခဏခဏပေါက်ခြင်းဟာ ရပ်တန့်သွားပြီး တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်တာမို့ စိတ်သက်သာရာ ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အိုးနဲ့ ပေါက်ဖို့ သင်ထားပေးတဲ့ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် ဘာလို့သူတို့ဟာ တစ်ညလုံး သေးမပေါက်ပဲ နေနိုင်သလဲဆိုတာတော့ သေချာ သိရှိခြင်း မရှိပါဘူး။ သီအိုရီတွေကတော့ နှိပ်ခြိုက်စွာ အိပ်ပျော်ခြင်း၊ ဆီးအိမ်သေးခြင်း၊ central nervous system ဖြည်းညင်းစွာ တိုးတက်လာခြင်းတွေ ပါဝင်ပါတယ်။ အိပ်ရာထဲ သေးပေါက်ခြင်းဟာ မျိုးရိုးလိုက်လာလဲ ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဆရာဝန်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။

    ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

    ကလေးငယ်ဟာ စကားပြောခြင်းမှာ တိုးတက်မလာခြင်း၊ တိုးတက်မှု ရပ်တန့်ခြင်းတွေ ဖြစ်ရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အကြားအာရုံ စစ်ဆေးမှုတွေ၊ ဘာသာ စကား စစ်ဆေးမှုတွေ ပြုလုပ်ခြင်းအားဖြင့် အကြားအာရုံ ပျောက်ဆုံးမှု ဖြစ်မဖြစ်၊ ကုသရန်လိုမလို ဆုံးဖြတ်နိုင်ပါတယ်။

    ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

    တခါတရံမှာ သင့်ကလေးငယ်ဟာ အဖျားအနည်းငယ် တက်နေနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ ကလေးသွား နောက်ဆုံးသွားဟာ အသက် ၂၀ လကနေ ၃၃ လ အတွင်း ပေါက်နိုင်ပါတယ်။ အန်သွားတွေဟာ ကြီးမားတာကြောင့် နာကျင်နိုင်ပါတယ်။ ဒါဟာ ကလေးငယ်တွေက ညဘက်မှာ အိပ်ပျော်နေစဉ်မှာ လန့်နိုးစေနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement