backup og meta

29 လအရွယ်ကလေးငယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    29 လအရွယ်ကလေးငယ်

    ၂၉ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

    လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ

    ကျောင်းမတက်မီအရွယ်ကလေးနှစ်ယောက် ကစားစဉ် အရုပ်လုခြင်းဟာ အဖြစ်များပါတယ်။ ဒါဟာ ကလေးငယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ကာကွယ်လွန်စိတ်ကြောင့် ဖြစ်ပြီး မျှဝေခြင်းဟာ သဘာဝအတိုင်း ဖြစ်လာတဲ့ အရာတစ်ခု မဟုတ်ပါဘူး။

    ဒီအချိန်မှာ အသိသာဆုံးကတော့ ထ ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်း ပဲဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ တစ်ခုတည်းကို အကြိမ်ကြိမ်စားချင်တာမျိုး၊ တစ်ရက်ပြီးတစ်ရက် အဝတ်အစား တစ်မျိုးကိုပဲ ဝတ်ချင်တာမျိုး၊ အလုပ်တွေကို တစ်ပုံစံတည်း တစ်ခုပြီး တစ်ခု လုပ်ချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူဟာ ကမ္ဘာကြီးကို အဓိပ္ပါယ် ကြိုးစားဖေါ်နေတာဖြစ်ပြီး ကိစ္စတစ်ခုကို ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်းဟာ ဘဝကို တဖြည်းဖြည်း ကျင့်သားရအောင် ကြိုးစားနေခြင်း ဖြစ်ပါတယ်။ နောက်တစ်နည်းပြောရရင် လုပ်နေကျရာတွေကို လုပ်ခြင်းဟာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

    သူဟာ spatial representation သို့ symbolic thinking လို့ ခေါ်တဲ့ တွေးနည်းကို လေ့ကျင့်နေတာ ဖြစ်ရတယ်။ အခြေခံအားဖြင့် ပြောရရင်တော့ သူဟာ အရာရာကို သူ့ရဲ့ စိတ်မျက်စိနဲ့ မြင်ကြည့်နေတာ ဖြစ်ပါတယ်။ အတွေ့အကြုံနဲ့ အလေ့အကျင့်တွေဟာ ကလေးငယ်ရဲ့ ဦးနှောက်အတွင်းမှာ ဆက်သွယ်မှု အသစ်တွေကို ဖြစ်ပေါ်စေပြီး ဒီပုံရိပ်တွေကို ပြန်လည်ပုံဖေါ်နေတာ ဖြစ်ပါတယ်။ ဝက်ဝံရုပ်ဟာ ဘယ်လိုပုံသဏ္ဍာန်ရှိသလဲ၊ အဘွားအိမ်ရဲ့ ပုံစံ၊ မနေ့က စားခဲ့တဲ့ အစာ အစရှိတာတွေ ဖြစ်ပါတယ်။

    လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

    ရန်ဖြစ်ခြင်းကို ရှောင်ကျဉ်ဖို့

    • မျှဝေတဲ့ အကျင့်ကိုလုပ်ပေးသင့်ပြီး မျှဝေတယ်ဆိုတဲ့ စကားကို သုံးပေးသင့်ပါတယ်။ ကွတ်ကီးကို ငါနဲ့ မျှဝေနိုင်မလား ဆိုတာမျိုး မေးနိုင်ပါတယ်။

    • ရန်ဖြစ်နေတဲ့ အရာကို ရပ်ပြီး အခြားအရာကို စကားလမ်းကြောင်း လွှဲပေးသင့်ပါတယ်။ ကားဟာ အနားယူဖို့ လိုအပ်ပါတယ်။ ဘောလုံးမှုတ်ချင်သလား၊ အစရှိသည်ဖြင့် ပြောနိုင်ပါတယ်။

    • မျှဝေတဲ့ အသက်ကြီးတဲ့ ကလေးတွေကို ဥပမာပြပြီး ပြောနိုင်ပါတယ်။

    • အခြားကလေးငယ်တွေ လာကစားချိန်မှာ သူကြိုက်တဲ့ အရုပ်တွေကို ဝှက်ထားပါ။ နှစ်ယောက်ဟာ သူတို့ကြိုက်တဲ့ အရုပ်တွေကို အခြားသူတွေကို ပေးမကစားချင် ကြပါဘူး။

    • မျှဝေခြင်းပါဝင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပြီး ကလေးသူကိုယ်တိုင် လုပ်နိုင်တဲ့ အလုပ်တွေ ဖြစ်တဲ့ ရွှံ့နဲ့ ဆော့ကစားခြင်း၊ ပုံဆွဲခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပါတယ်။

    • သင့်ကလေးက မျှဝေခြင်းကို ပြုတဲ့အခါ ချီးကျူးဖို့ မမေ့သင့်ပါဘူး။ ချီးကျူးခြင်းဟာ အလွန်အကျိုးရှိပါတယ်။

    • သင့် ကျောင်းမတက်ခင်ကလေးငယ်ကို သူသိတဲ့ မေးခွန်းတွေကို မေးမြန်းပြီး မှတ်ဉာဏ်တိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။ သတိရအောင်လည်း ဖြစ်ပြီးတဲ့ အဖြစ်အပျက်တွေကို မေးမြန်းနိုင်ပါတယ်။ ချောကလက် ရေခဲမုန့် စားခဲ့တာလား၊ နို့ရေခဲမုန့်စားခဲ့တာလား ဆိုတာမျိုး မေးနိုင်ပါတယ်။ ညအချိန်မှာတော့ သူ့ရဲ့ တစ်နေ့တာကို ပြန်လည် စမ်းစစ်ပေးနိုင်ပါတယ်။ အဲတော့ သူဘာလုပ်ခဲ့သလဲ။ ပြောပြပါ ဆိုတာမျိုး မေးနိုင်ပါတယ်။

    ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

    ကလေးငယ်သာ သက်တောင့်သက်သာ ရှိပြီး စိတ်ငြိမ်စေတာကြောင့် လက်မစုပ်လေ့ရှိပါတယ်။ သင့်ကလေးငယ်ဟာ ဒီအကျင့်ကို မိခင်ဝမ်းအတွင်းမှာ နေကတည်းက လေ့ကျင့်ခဲ့ပြီး အသက်တစ်နှစ်အောက်မှာ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ပျင်းလာရင်၊ ကြောက်လာရင်၊ ပင်ပန်းလာရင်၊ ဖျားလာရင် သို့ စိန်ခေါ်မှု အသစ်တွေဖြစ်တဲ့ မူကြိုတက်ရပြီဆိုရင် လက်မစုပ်ခြင်းကို ပြန်လုပ်လာနိုင်ပါတယ်။ ညသန်းခေါင်မှာ တစ်ရေးနိုးလာရင်လည်း ပြန်အိပ်ပျော်ဖို့အတွက် လက်မစုပ်နိုင်ပါတယ်။

    ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

    သင့်ကလေးငယ်ကို သွားတွေ သန့်ရှင်းကျန်းမာစေဖို့ သွားစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင့်ကလေးငယ်ရဲ့ ခံတွင်းနံ့ဆိုးတယ်ဆိုရင် စစ်ဆေးဖို့ ဆရာဝန်ထံ ခေါ်သွားသင့်ပါတယ်။

    ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

    ကလေးငယ်တွေနဲ့ လူကြီးတွေဟာ တခါတရံ ခံတွင်းနံ့ဆိုးရှိတတ်ပါတယ်။ အဓိက အချက်တွေကတော့-

    • ပါးစပ်ခြောက်ခြင်း – သင့်ကလေးငယ်ဟာ ပါးစပ်နဲ့ အသက်ရှူနေတယ်ဆိုရင် ပါးစပ်အတွင်းမှာ ဘက်တီးရီးယားပိုး ပေါက်ပွားနိုင်ပါတယ်။

    • ပြင်ပအရာဝတ္ထု – ပဲစေ့၊ အရုပ် အစရှိတဲ့ သင့်ကလေး နှာခေါင်းထဲ ထည့်ထားတဲ့ အရာတွေဟာ သူ့ကို ပါးစပ်အနံ့ဆိုး ထွက်စေပါတယ်။ ဒါဟာ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ကာစ အရွယ်မှာ သူတို့ပစ္စည်းမဟုတ်တဲ့ အရာတွေကို ထည့်ခြင်းကြောင့် နာမည်ဆိုးထွက်တဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။

    • တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း – ပုံမှန်ဘက်တီးရီးယားတွေဟာ ပါးစပ်အတွင်းမှာ နေထိုင်ကြပြီး သွားကြား၊ သွားဖုံးနဲ့ လျှာ၊ အာသီးမျက်နှာပြင် ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်တွေကို စားသောက်ကြပါတယ်။ ဒါဟာ ခံတွင်းအနံ့ဆိုးကို ဖြစ်ပေါ်စေပြီး အထူးသဖြင့် အစာက ပါးစပ်အတွင်းမှာ အချိန်အကြာကြီး ရှိတယ်ဆိုရင် ဖြစ်တတ်ပါတယ်။

    • အနံ့စူးရှသော အစားအစာတွေကို စားခြင်း။ တကယ်လို့ သင့်ကလေးငယ်ဟာ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူလိုမျိုး အစားအသောက်တွေကို နှစ်သက်တယ်ဆိုရင် ဒီအနံ့တွေ သူ့ကိုယ်ခန္ဓါက ပျောက်ကွယ်ဖို့ အချိန်အနည်းငယ် ယူရမှာ ဖြစ်ပါတယ်။

    • နာမကျန်းမှု အခြေအနေ – sinus infection, အာသီးရောင်ခြင်း၊ ရာသီအလိုက် ဓါတ်မတည့်ခြင်းတွေကလည်း ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ Gastro-esophageal reflux ရှိတဲ့ ကလေးငယ်တွေမှာလည်း ခံတွင်း အနံ့ဆိုး နံနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement