backup og meta

28 လအရွယ်ကလေးငယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    28 လအရွယ်ကလေးငယ်

    ၂၈ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

    လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

    သင့်ကလေးငယ်ဟာ social butterfly ဆိုရင် သူဟာ အခြားကလေးတွေပေါ်မှာ စိတ်ဝင်စားမှု ပြပါလိမ့်မယ်။ ဒီလို အစပထမ ခင်မင်မှုတွေဟာ ကလေးငယ်တွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ဟာ ကျောင်းမတက်ခင် ကလေးငယ်တွေကို လူမှု ဆက်ဆံရေး ကျွမ်းကျင်မှုတွေကို သင်ကြားပေးနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ မူကြိုသွားရင် သူနှစ်သက်တဲ့ သူငယ်ချင်းတွေကို တွေ့ရှိပြီး ဖြစ်နိုင်ပါတယ်။

    ကျောင်းမတက်ခင် ကလေးငယ်တွေဟာ လွယ်ကူလျင်မြန်စွာ သင်ယူနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ ပါရမီပါလားဆိုတာ ဒီလိုအသက်အရွယ်မှာ သိနိုင်ပါသလား။ သင်ယူမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ကလေးငယ်တစ်ယောက်ဟာ သူ့အသက်အရွယ်အခြားကလေးတွေနဲ့ ယှဉ်ရင် သင်ယူမှု မြန်ဆန်ခြင်း ရှိမရှိဆိုတာ ဒီအရွယ်မှာတည်းက သိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကလေးအတော်များများအတွက်ကတော့ ပါရမီပါခြင်းဟာ သူငယ်တန်း စမတက်မချင်း မသိသာဘူးလို့ ဆိုပါတယ်။

    သင့်ကလေးငယ်ဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ သူဟာ သေးငယ်တဲ့ အရာဝတ္ထုတွေကို လွယ်ကူစွာ ဆော့ကစားပြီး ပြုတ်မကျပဲ အိမ်ဆောက်နိုင်ပါတယ်။ တကယ်လို့ ကလေးဟာ အလွန်စိတ်ဝင်စားနေတယ်ဆိုရင် မိနစ် ၂၀ လောက်အထိ အာရုံစူးစိုက်နိုင်ပါတယ်။

    လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကိုလုပ်ဖို့ ပြင်ဆင်နေပြီလဲ။

    ကလေးငယ် စောစီးစွာ မိတ်ဆွေဖွဲ့ခြင်းကို အားပေးဖို့

    • ကလေးငယ် အယောက်နည်းနည်းနဲ့ ပေးဆော့ပါ။ ကလေးငယ်တွေ အများကြီးကို တစ်နေရာထဲမှာ ဆော့စေခြင်းဟာ သူတို့ကို မခံနိုင်စေပဲ ရန်ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေအတွက် သူတို့အသက်အရွယ်နဲ့ အရေအတွက်ညီမျှတဲ့ အုပ်စုဆို အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် အသက် ၂ နှစ်အရွယ်တွေဟာ နှစ်ယောက်ဆော့ကစားသင့်ပါတယ်။

    • သူတို့ဆော့ကစားချိန်ကို တိုအောင်လုပ်ပါ။ အထူးသဖြင့် သူငယ်ချင်းအသစ်တွေနဲ့ ဆော့ကစားမယ်ဆိုရင် ဒီအရွယ်မှာ နာရီဝက်ကနေ တစ်နာရီထက် မပိုသင့်ပါဘူး။

    • အသက်အရွယ်ပေါင်းစုံ ဆော့နိုင်ပါတယ်။ အသက် ၂ နှစ်အရွယ်ကလေးငယ်ဟာ သူ့ထက် အသက်အနည်းငယ် ကြီးသူတွေ၊ ကျောင်းမတက်ခင် ကလေးငယ်တွေနဲ့ ငယ်ရွယ်တဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေ ဆီက အများအပြား သင်ယူနိုင်ပါတယ်။

    သင်တတ်နိုင်တဲ့ အချိန်မှာ အရုပ်နဲ့ မဆော့စေပါနဲ့။ အိမ်အပြင်မှာ ပြေးလွှားခြင်း၊ အရုပ်တွေနဲ့ ဆော့ကစားခြင်းဟာ အငြင်းပွားခြင်းကို ဖြစ်စေတဲ့ ပိုင်ဆိုင်မှု ပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။ သင့်သူငယ်ချင်းနဲ့ သင့်ကလေးသူငယ်ချင်းတွေ အကြောင်းပြောရင် သူငယ်ချင်းဆိုတဲ့ စကားလုံးကို ထည့်ပြောသင့်ပါတယ်။

    ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

    ကလေးငယ်တွေ လိင်စိတ်ဖြေဖျောက်တာကို မြင်ရင် ကြောက်မသွားသင့်ပါဘူး။ လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဖြစ်ပြီး ကိုယ်ခန္ဓါ အန္တရာယ်၊ ကျန်းမာရေး အန္တရာယ် ဖြစ်စေခြင်းမရှိပဲ သင့်ကလေးဟာ လိင်စိတ်စွဲလန်းသူ တစ်ယောက် ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ကလေးငယ်တွေမှာ လိင်စိတ်ဖြေဖျောက်ခြင်းဟာ သူတို့က လိင်ကိစ္စကို မသိရှိတာကြောင့် လိင်ကိစ္စနဲ့ မသက်ဆိုင်ပါဘူး။ သူ့ကိုယ်ခန္ဓါကို သိချင်တာကြောင့် လိင်စိတ်ဖြေဖျောက်ခြင်း ဖြစ်ပါတယ်။

    ဒါပေမယ့် လိင်စိတ်ဖြေဖျောက်မှု လွန်ကဲခြင်းဟာ ပြဿနာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အလွန်အကျွံဆက်တိုက် လိင်စိတ်ဖြေဖျောက်နေမယ်ဆိုရင် ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ဖြစ်နိုင်ပါတယ်။ ဒါကို ပြဿနာလို့ ထင်တယ်ဆိုရင် ဆရာဝန်ကို ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

    ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

    ဒီအသက်အရွယ်မှာ မူကြိုကို ဘယ်အချိန်မှာ ပို့သင့်သလဲ ဆိုတာကို တွေးနေမိနိုင်ပါတယ်။ သင့်ကလေးအတွက် သင့်လျော်တဲ့ မူကြိုကို ရွေးချယ်ရာမှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးဖို့ မူကြိုရွေးချယ်ရာမှာ ကူညီပေးမယ့် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • မူကြိုဟာ သန့်ရှင်း သင့်ကာ ရောဂါပိုးတွေ ပေါက်ပွားရာနေရာ မဖြစ်သင့်ပါဘူး။ မူကြို ကျောင်းတွေဟာ ရောဂါပိုး ကူးစက်မှုအတွက် အလွယ်ဆုံး ဖြစ်ပါတယ်။ သန်းတွေ၊ လက်၊ ခြေထောက်၊ ပါးစပ်ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သူတို့ရဲ့ အရုပ်တွေ၊ ဖျာတွေကို ဘယ်လောက်စတ်ခါ လျှော်လဲဆိုတာ မေးမြန်းသင့်ပါတယ်။

    • ကျောင်းကိုလည်း သွားလည်သင့်ပါတယ်။ ဒါဆို ကျောင်းပတ်ဝန်းကျင်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဆော့ကစားစရာ နေရာရှိရဲ့လား၊ စာသင်ခန်းကရော ကြီးရဲ့လား၊ မူကြိုကျောင်းသူ ဘယ်နှစ်ယောက် ရှိတာလဲ။ အစရှိတာတွေကို မေးမြန်းနိုင်ပါတယ်။

    • ဆရာမကို စကားပြောကြည့်သင့်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဆရာမနဲ့ ဆက်ဆံရေးကောင်းမွန်မှုကလည်း အရေးကြီးပါတယ်။ ပုံမှန်နေ့တစ်နေ့ဟာ ဘာနဲ့ တူလဲဆိုတာကို မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။

    စာသင်နည်းတွေနဲ့ ကျောင်းအမျိုးအစားတွေ များစွာ ရှိပါတယ်။ သင့်ကလေးအတွက် အကောင်းဆုံးကို ရှာဖွေသင့်ပါတယ်။

    ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

    အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ တစ်နေ့ကို TV နှစ်နာရီလောက် ကြည့်ခြင်းဟာ သင့်ကလေးငယ်ကို အန္တရာယ် မဖြစ်စေပါဘူး။ TV အလွန်အကျွံကြည့်ခြင်းဟာ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ှုကို နောက်ကျစေပြီး အာရုံစူးစိုက်မှု နည်းပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။

    သင့်ကလေးငယ်ကို တစ်နေ့ ၂၄ နာရီ စောင့်ကြည့်နေရခြင်းဟာ ပင်ပန်းဖွယ်ဖြစ်ပါတယ်။ အသက် ၁ နှစ်နဲ့ ၂ နှစ်အရွယ်ကလေးငယ်တွေဟာ မတော်တဆ ဖြစ်ခြင်းတွေ ဖြစ်တဲ့ ရေနစ်ခြင်း၊ အဆိပ်သင့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလို စိတ်ဖိစီးဖွယ် အချိန်တွေမှာ ပင်ပန်းနိုင်ပါတယ်။ မနက်ပိုင်း၊ ညနေစာ မစားခင်၊ ပါတီလုပ်စဉ်၊ အပန်းဖြေစဉ်၊ ဧည့်သည်တွေရှိစဉ်၊ နောက်ကျခြင်းတွေ ဖြစ်ရင် ပင်ပန်းနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ အာရုံ အများဆုံး ရှုပ်နိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement