backup og meta

27 လအရွယ်ကလေးငယ်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    27 လအရွယ်ကလေးငယ်

    ၂၇ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

    လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ

    သင့်ရဲ့ ကျောင်းမနေခင် ကလေးငယ်ဟာ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ သူဟာ အမြဲတမ်း တစ်ယောက်တည်းကစားနေရာကနေ အခြားကလေးတွေကို စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ အတူတူ မကစားရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် သတိပြုမိနေပြီ ဖြစ်ပါတယ်။ အခြားကလေးတွေနဲ့ ကစားခြင်းဟာ၊ ဘေးခြင်းယှဉ် ကစားခြင်း ဖြစ်ရင်တောင် ဒီနှစ်မှာ ပိုမိုအရေးကြီးလာပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ အတူတူကစားရတဲ့ ကစားနည်းတွေကို ကစားမှာ ဖြစ်ပါတယ်။

    စောစောပိုင်းနှစ်တွေမှာ ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အာရုံကြော ဆက်သွယ်မှုတွေကို ပြုလုပ်နေတာကြောင့် ဘာသာစကားသင်ယူမှု မြန်ဆန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာသာစကား နှစ်မျိုး အသုံးပြုတဲ့အိမ်မှာ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ ဘာသာစကားတစ်ခုစီမှာ ပိုမိုနည်းပါးတဲ့ စကားလုံးတွေကို သိမှာ ဖြစ်ပေမယ့် ဘာသာစကား တစ်မျိုးသာ အသုံးပြုတဲ့ ကလေးတွေနဲ့ ယှဉ်ရင် သူတို့သိတဲ့ စကားလုံးပမာဏဟာ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာစကား နှစ်မျိုးပြောတဲ့ ကလေးငယ်တွေမှာ ကြာရှည်မှတ်နိုင်စွမ်း မြင့်မားတာ တွေ့ရပါတယ်။

    တခါတရံမှာ ကလေးငယ်ဟာ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အာရုံစူးစိုက်မှုမျိုး၊ ဇွဲမျိုး ရှိတာတွေ့ရနိုင်ပါတယ်။ တကယ်တမ်းတော့ သူဟာ အချို့အလုပ်တွေကို ထပ်ခါထပ်ခါ ပြုလုပ်လိုတဲ့ ဖွံဖြိုးမှုဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။ ထပ်ခါ ပြုလုပ်ခြင်းဟာ သူ့ရဲ့ လှုပ်ရှားမှု စွမ်းအင်တွေကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင်က သူ့ကို မတက်ပါနဲ့လို့ ခဏခဏပြောထားတဲ့ လှေကားတွေကို ကလေးငယ်က မတတ်ပဲ မနေနိုင်တာ ဖြစ်ပါတယ်။

    လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ

    သင့်ကလေးငယ်ဟာ သာသာစကားနှစ်မျိုးပြောတဲ့ မိသားစုအတွင်းမှာဆိုရင် အကောင်းဆုံနည်းလမ်းကတော့ native speaker နဲ့ စကားပြောစေခြင်းပဲ ဖြစ်ပါတယ်။ တိတ်ခွေတွေ၊ အပတ်စဉ် သင်တန်းတွေဟာ ထိရောက်မှု နည်းပါတယ်။

    ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ

    သင့်ကလေးဟာ ဒီစကားပြောဆိုခြင်းတွေကို မပြောနိုင်ဘူးဆိုရင် စိတ်မပူပါနဲ့။ တကယ်လို့ ကလေးငယ်ဟာ သူ့အသက်နဲ့ ယှဉ်ရင် ဖွံ့ဖြိုးမှု နောက်ကျနေတယ်ဆိုရင်တောင် လတိုင်းမှာ ဘာသာစကား တိုးတက်မှုတွေ ရှိနေနိုင်ပါတယ်။

    တကယ်လို့ သင်က တိုးတက်မှုတွေ မမြင်ရဘူးဆိုရင်တော့ ဆရာဝန်ကို ပြသပြီး ကလေးငယ်ရဲ့ ဘာသာစကားစွမ်းရည်ကို စစ်ဆေးစေသင့်ပါတယ်။ ကျောင်းမနေခင်ကလေးတွေ စကားပြောနောက်ကျခြင်းအတွက် speech therapy (စကားပြောကုထုံး) ကို အလွယ်တကူ ရနိုင်ပါတယ်။ ဒါဟာ အခမဲ့တောင် ဖြစ်နိုင်ပြီး အစွမ်းလည်း ထက်နိုင်ပါတယ်။ ဒါပေမယ့် Speech therapy ရဲ့ ကုန်ကျစရိတ်ဟာ ကလေးငယ်ရဲ့ လိုအပ်မှုနဲ့ သင်နေတဲ့ ပတ်ဝန်းကျင်မှာ ရမရဆိုတာပေါ်မူတည်တယ်ဆိုတာကို သိထားသင့်ပါတယ်။

    ဆရာဝန်ကို ဘာတွေ ပြောသင့်သလဲ

    သင့်ကလေးငယ်ရဲ့ ကိုယ်ခန္ဓါလှုပ်ရှားမှုတွေဟာ အရေးကြီးပါတယ်။ ဒါဟာ ကလေးငယ်ကို အဝလွန်ခြင်းကနေ ကာကွယ်ပေးပြီး ကျန်းမာစေနိုင်ပါတယ်။ သင့်ကလေးငယ်ကို လှုပ်လှုပ်ရှားရှားဖြစ်စေဖို့ အောက်ပါအချက်တွေက ကူညီပေးနိုင်ပါတယ်။

    • အပြင်မှာ ပေးဆော့ကစားပါ။ နွေးထွေးတဲ့နေနဲ့ လတ်ဆတ်တဲ့လေကို အစားထိုးနိုင်တာ မရှိပါဘူး။ ကလေးငယ်ကို ပန်းခြံထဲကို လမ်းလျှောက်ခေါ်သွားပါ။ ကလေးငယ်ဟာ ခုန်ပေါက်ပြေးလွှား ကစားနိုင်ပါလိမ့်မယ်။

    • သင့် နေ့စဉ် အချိန်ဇယားထဲမှာ လှုပ်ရှားမှုတွေ ထည့်ဆွဲထားပါ။ ကားမောင်းသွားခြင်းထက် စူပါမားကပ်ကို လမ်းလျှောက်သွားနိုင်ပါတယ်။ ဓါတ်လှေကား စီးမယ့်အစား လမ်းလျှောက်တတ်နိုင်ပါတယ်။

    • ထိုင်ခုံမှာ ထိုင်နေတဲ့ အချိန်ကို လျှော့ချပါ။ သင့်ကလေးကို ipad နဲ့ Disney channel ကြည့်စေခြင်းဟာ ကလေးငယ် ဖွံ့ဖြိုးမှုကို ကန့်သတ်စေပါတယ်။ ဒါကြောင့် ကလေးကို တစ်နေ့ တီဗွီ ၂ နာရီထက်ပိုပြီး မကြည့်စေသင့်ပါဘူး။

    • အဖွဲ့တွေမှာ ပါဝင်ခွင့်ပေးပါ။ ဘောလုံးကစားတဲ့အဖွဲ့မှာ ပါဝင်နိုင်ပါတ်ယ။ အခြားကလေးတွေနဲ့ ကစားခြင်းဟာ သင့်ကလေးငယ်ကို ကိုယ်ခန္ဓါ လှုပ်ရှားခြင်း ဖြစ်စေနိုင်ပါတယ်။

    • သင်က စံပြဖြစ်ပါစေ။ သင့်ကလေးငယ်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေချင်တယ်ဆိုရင် သင်ကလည်း လှုပ်လှုပ်ရှားရှား ရှိသင့်ပါတယ်။ လေ့ကျင့်ခန်း အတူလုပ်ပါ။ ပျော်စရာ ကောင်းပါစေ။ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။

    ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ

    သင့်ကလေးငယ် ဖျားနာခြင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကလေးငယ်ကို လက်ဆေးနည်းသင်ထားပေးပြီး လက်ကို သန့်ရှင်းစွာ ထားစေခြင်းပဲ ဖြစ်ပါတယ်။

    ပထမဦးစွာ လက်ဆေးဆပ်ပြာ၊ တဘက်၊ ဘေစင်ကို ကလေးမီစေမယ့် ခုံ အစရှိတာတွေကို အပြည့်အစုံထားပေးပြီး သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်သင့်ပါတယ်။ ရောဂါပိုး ပြန့်ပွားခြင်းကို ကာကွယ်ဖို့ ကလေးငယ်တွေဟာ လက်ကို ဆပ်ပြာနဲ့ ၁၅ စက္ကန့် လောက်ဆေးကြောသင့်ပြီး လက်ရှေ့ရော နောက်ပါ၊ လက်သည်းအောက်၊ လက်သည်းပန်းကုံးတစ်လျှောက်၊ လက်ချောင်းကြားတွေမှာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်

    သင့်ကလေးငယ်ကို ဘာကြောင့်နဲ့ ဘယ်အချိန်လက်ဆေးခြင်းဟာ အရေးကြီးတယ်ဆိုတာ ရှင်းပြပါ။ အကောင်းဆုံးအချိန်တွေကတော့ အိမ်သာ အသုံးပြုပြီးချိန်၊ အစာမစားခင်နဲ့ ကစားပြီးချိန်တွေပဲ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement