သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အလုပ်တွေလည်း မပျက်ဘဲ သားသမီးလေးတွေကို ဂရုစိုက်နိုင်စေဖို့

အလုပ်တွေလည်း မပျက်ဘဲ သားသမီးလေးတွေကို ဂရုစိုက်နိုင်စေဖို့

မေမေဆိုတဲ့ ဂုဏ်ပုဒ်လေးနောက်မှာ ကြီးမားလေးလံတဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေက ရှိစမြဲပါ။ အရင်ကဆို သတ်မှတ်ထားတာက မေမေဆိုတာက ကလေးကို မွေးဖွား ပျိုးထောင် သွန်သင်ဆုံးမ ကျွေးမွေးစောင့်ရှောက်ပြုစုရမယ်ပေါ့။ အခုကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလအရ မိခင်တွေဟာ အိမ်ထောင့်တာဝန် သားသမီးတာဝန်အပြင် ဝင်ငွေရှာတာကိုပါ လုပ်ဆောင်လာကြပါတယ်။

လုပ်ငန်းခွင်ဆိုတဲ့ တာဝန်မရှိစဉ်ကတောင် တစ်နေ့လုံးနီးပါး အနားမရတဲ့ မေမေတိုရဲ့ တာဝန်ကခုလို ခေတ်ကာလမှာဆို ပိုများလာနိုင်ပါတယ်။ အလုပ်သွားရ အိမ်ရောက် ချက်ပြုတ် သားသမီးကို ဂရုစိုက်ဆိုတော့ မေမေတွေ အလုပ်များမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ အလုပ်များတယ်ဆိုပေမယ့် ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားသမီးတွေကို ဂရုမစိုက်လို့ကလည်း မဖြစ်ပြန်ပါဘူး။

မေမေတွေရဲ့ ဂရုစိုက်မှုက သားသမီးတွေအတွက် အင်အားပါ

ကလေးတစ်ယောက်ဟာ ဘယ်အရွယ်ရောက်ရောက် မိခင်ရဲ့ ချစ်ခင်ထွေးပွေ့မှု ဂရုစိုက်မှုကို လိုအပ်ပါတယ်။ ငယ်သေးတဲ့ ကာလမှာဆို ကောင်းမွန်စွာ ကြီးပြင်းလာဖို့ မေမေရဲ့ ထွေးပွေ့ကြင်နာမှု ဂရုစိုက်မှုတွေက မဖြစ်မနေ လိုအပ်မှာပါ။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ဝစွာ ရရှိတဲ့ ကလေးတွေဟာ

အလုပ်နဲ့ မိသားစုကြားမှာ ဟန်ချက်ညီစေဖို့ မေမေတို့ သိထားလို့ မမှားတဲ့ အချက်အချို့

မေမေတစ်ယောက်နေရာကို ရောက်လာတာကြောင့် အလုပ်များနေတဲ့ မေမေတို့အနေနဲ့ အလုပ်တွေလည်း လုပ်ရင်း မိသားစုတာဝန်ကိုလည်း မလစ်ဟင်းစေဖို့ဆိုရင် ဒီအချက်လေးတွေက အဆင်ပြေစေမှာပါ။

အလုပ်ချိန် နဲ့ မိသားစုအချိန်ကို သီးခြားခွဲထားပါ

အလုပ်လုပ်ရမယ့်အချိန်မှာ အလုပ်ကို ပြည့်ပြည့်ဝဝအာရုံစိုက် လုပ်ပါ။ အမှားအယွင်းနည်းနည်းနဲ့ မြန်မြန်သွက်သွက်လေးလုပ်ပါ။ အကောင်းဆုံး ဝန်ထမ်းဖြစ်အောင် လုပ်ပါ။ ဒါပေမယ့် အလုပ်ဆင်းလို့ အိမ်ပြန်ချိန်ရောက်ပြီဆိုရင်တော့ အချိန်အားလုံးကို မိသားစုကိုပဲ အပြည့်အဝပေးပါ။

အိမ်ကို အလုပ်တွေ သယ်လာတာက ရေရှည်မှာ ကိုယ်တိုင်ကိုရော မိသားစုဘဝကိုပါ ထိခိုက်လာနိုင်တာ အများကြီးပါ။ ဒီလို အချိန်ကို ခွဲခွဲခြားခြားသတ်မှတ်မှုက စိတ်ဖိစီးမှု ကင်းစေမှာပါ။

လက်ရှိ အနေအထားပေါ်မှာ အာရုံစိုက်ပါ

အလုပ်ရောက်ပြီဆိုရင် မိသားစုကို လုံးဝမေ့လိုက်ရမယ် မဆိုလိုပါဘူး။ အလုပ်ကို ရောက်နေချိန်မှာ ကိုယ့်လုပ်ရမယ့် အလုပ်တာဝန်တွေကို သေချာလေး ဂရုစိုက် လုပ်ဆောင်ပါ။

အလုပ်ချိန် ပြီးပြီဆိုရင်တော့ မိသားစု လုပ်ငန်းတာဝန်တွေအပေါ်မှာပဲ အာရုံစိုက်ထားပါ။ စိတ်ဖိစီးမှုကင်းပြီး တက်ကြွထက်မြက်တဲ့ လေဒီလေး တစ်ယောက်ဖြစ်နေမှာပါ။

ကလေးကို အာဟာရပြည့်အောင် ပြင်ဆင်ပေးပါ

အလုပ်လုပ်နေရပေမယ့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ အာဟာရ မပြည့်ဝမှု ကင်းစေဖို့ အာဟာရပြည့်ဝစေမယ့် စားစရာတွေကို သေချာလေး ပြင်ဆင်ပေးထားခဲ့ပါ။ ကလေးကို ထိန်းပေးမယ့်သူကို ဘယ်အချိန်မှာ ဘာကျွေးရမယ်ဆိုတာကို စာရွက်လေးနဲ့ သေချာရေးပေးထားခဲ့ပါ။

ပိတ်ရက်မှာ ကလေးကို အချိန်ပေးပါ

ပိတ်ရက်မှာ ကလေးသွားချင်တဲ့နေရာလေးတွေ ပို့ပေးတာ၊ စားချင်တာလေးတွေကို ချက်ကျွေးတာ၊ သူတို့က မေမေနဲ့ အတူလုပ်ချင်တာလေးတွေကို လုပ်ပေးတာက မေမေနဲ့ ကလေးကြားမှာ ချစ်ခြင်းမေတ္တာ တိုးစေသလို ဂရုစိုက်ကြောင်း ပြသရာလည်း ရောက်ပါတယ်။ အပြန်အလှန် ယုံကြည်မှုလည်း တိုးစေမှာပါ။

မိသားစု ညစာတူတူစားပါ

အလုပ်လုပ်နေရတာကြောင့် နေ့လယ်စာကို အတူတူမစားနိုင်ပေမယ့် ညနေ အိမ်ပြန်ရောက်ချိန်မှာတော့ မိသားစု အတူတူ ညစာစားပေးပါ။ ကလေးကိုလည်း မိသားစုထမင်းဝိုင်းမှာ ပါဝင်ခွင့်ပြုလိုက်ပါ။ ဒီလို ပါဝင်ခွင့်ပြုတာက မိသားစုကြား ချစ်ခြင်းမေတ္တာတိုးစေပြီး ကလေးကို ပျော်ရွှင်စေမှာပါ။

ကလေးနဲ့ အချိန်ပေး ဆော့ကစားပေးပါ

ပိတ်ရက်မှာဖြစ်ဖြစ်၊ အလုပ်ကဆင်းတဲ့ ညနေခင်းတွေမှာဖြစ်ဖြစ် ကလေးနဲ့အတူ သူစိတ်ဝင်စားရာ ကစားနည်းလေးတွေကို ကစားပေးပါ။ လမ်းအတူတူလျှောက်တာ၊ လေညှင်းခံရင်း စက်ဘီးစီးတာမျိုးကလည်း အဆင်ပြေပါတယ်။ ကလေးနဲ့ လေ့ကျင့်ခန်း အတူတူလုပ်တာကလည်း ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေမှာပါ။

health-tool-icon

ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Work Life Balance Tips For Moms https://funcheaporfree.com/work-life-balance/ Accessed Date 14 May 2020

How to have work life balance and be a super mom https://www.realhappymom.com/work-life-balance-tips-for-moms/ Accessed Date 14 May 2020

THE 4 WORKING MOM WORK-LIFE-BALANCE PERSONALITIES https://witi.com/articles/1000/The-4-Working-Mom-Work-Life-Balance-Personalities/ Accessed Date 14 May 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။