ထမင်းက ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတယ်ဆိုလို့ အံ့ဩမသွားပါနဲ့။ ကလေးအရွယ်မှာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတာကြောင့် ကာဗိုဟိုက်ဒရိတ်ထက် ပရိုတင်းကို ပိုမို ဖြည့်တင်းပေးဖို့လိုပါမယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် လုံလောက်မျှတမှ ကလေးကို ထိုက်သင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် ရရှိစေမှာပါ။
ဒါကြောင့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးကို ထမင်းပဲ အများကြီး မကျွေးဘဲ ထမင်းနဲ့ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို မျှတအောင်ကျွေးပေးပါ။ ပရိုတင်း ပြည့်ဝလေလေ ကလေးက ထွားကျိုင်းလေလေပါ။

ပြောင်းဖူးက သူ့ဘာသာတော့ ကြီးထွားမှုကို မဟန့်တားပါဘူး။ ဒါပေမယ့် ပြောင်းဖူးကို သိမ်းဆည်း သိုလှောင်တဲ့နည်း မမှန်တဲ့အခါ aflatoxins လို့ခေါ်တဲ့ မှိုပိုးတစ်မျိုး ပေါက်ဖွားလာပါတယ်။ ဒီမှိုပိုးက ပြောင်းဖူးကို ပူနွေးစိုစွတ်တဲ့နေရာမှာ သိမ်းဆည်းမှုကနေ ပေါက်ဖွားတာပါ။ ဒီလိုပေါက်ဖွားမှုက ငယ်ရွယ်လွန်းတဲ့ ကလေးတွေမှာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။
ပြောင်းဖူးမှာတင်မဟုတ်ဘဲ အဆိုပါ မှိုပိုးက ငရုတ်သီး၊ မြေပဲ၊ သစ်ကြားသီးလို အရာတွေမှာလည်း ပေါက်ဖွားနိုင်ပါတယ်။
ပဲပိစပ်က ကလေးကို မကျွေးသင့်တာလားဆိုတော့ အစားစစားချိန်မှာနဲ့ ကြီးထွားဖို့ အရှိန်ယူနေချိန်မှာ မကျွေးသင့်ပါဘူး။ ပဲပိစပ်ကို ပြုပြင်ထုတ်လုပ်ထားတဲ့ ပဲနို့၊ ဒိန်ချဉ်၊ တို့ဖူး တို့မှာ phytic acid ပါဝင်နေတတ်ပြီး ဒီအက်ဆစ်က အရိုးတွေ သန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါတွေကို အများကြီး စားသုံးမယ်ဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
ကလေးတွေကြိုက်တတ်တဲ့ ရေခဲမုန့်၊ ကွတ်ကီးတို့လိုမျိုး အချိုများတဲ့ အစားအစာတွေမှာ သကြားပါဝင်မှုမြင့်နေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကလေးကို ငယ်စဉ်မှာ အချို အများကြီး ကျွေးတာက ကြီးထွားဖွံ့ဖြိုးမှုကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။