ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတာက မကြာသေးခင် နှစ်ကာလတွေအတွင်း တော်တော်လေး အဖြစ်များ လာပါတယ်။ ကလေးတွေ အဝလွန်တာ၊ အာဟာရချို့တဲ့မှု ပြဿနာတွေ မြင့်တက်လာမှုနဲ့အတူ ကလေးညှက်တဲ့ကိစ္စကလည်း အတွေ့ရများပါတယ်။ ကလေးညှက်တာက မိဘတွေအတွက် စိုးရိမ်စရာကောင်းသလို ကလေးတွေကိုယ်တိုင်အတွက်က ပိုလို့တောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့ကို ညှက်တာမျိုး မဖြစ်စေဖို့ ဖေဖေမေမေတို့ အနေနဲ့ ဘာတွေသတိထားကြရမလဲဆိုတာကို ဒီဆောင်းပါးက ပြောပြပေးသွားမှာပါ။ ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။