မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်

ကျွန်တော်တို့နိုင်ငံမှာတော့ ကလေးကို ရိုက်ပြီးဆုံးမတာက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာကြတဲ့ ရိုးရာအမွေအနှစ် တစ်ခုလိုပါပဲ။ ရိုက်နှက်ဆုံးမခြင်းက ကလေးအတွက် ဘာအကျိုးမှမရှိဘူးလို့ ပြောပြန်ရင်လည်း ကျွန်တော်တို့၊ ကျွန်မတို့တုန်းက ဒီလိုပဲ ရိုက်နှက်ပြီး ကြီးပြင်းလာကြတာပဲလေ၊ ကျွန်မတို့ကလေးတွေလည်း အကုန် အကောင်းအတိုင်းပဲလေဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ ကောင်းစေချင်လို့ ရိုက်နှက်ဆုံးမလိုက်တဲ့ မိဘတွေရဲ့ အမှားတွေနဲ့ နောက်ဆက်တွဲ ကလေးမှာ တစ်ဘဝလုံးစာ ကျန်ခဲ့နိုင်တဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ၁။ ဘယ်အရာမဆို လက်ပါရင် ပြီးတယ်ဆိုတဲ့ အတွေးများဝင်လာခြင်း ကိုယ်က စံနမူနာလို့ သတ်မှတ်ထားတဲ့ မိဘက ကိုယ်အမှားတစ်ခုလုပ်တာနဲ့ လက်ပါပြီး ရိုက်နှက်ဆုံးမတယ်၊ အဲ့နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဘယ်သူမဆို မှားရင် ရိုက်နှက်ဆုံးမမှ နားလည်နိုင်တယ်ဆိုတဲ့ အသိက ဝင်သွားတော့တာပါပဲ။ မှားသည်၊ မှန်သည်ဆိုတာလည်း နားမလည်တော့ဘဲ ဒါကိုပဲ သူတို့ရဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကိုယ့်ကလေး ငယ်ရွယ်စဉ်မှာ စိတ်ဒဏ်ရာမရအောင် ဘယ်လိုစောင့်ရှောက်မလဲ

မိဘရယ်လို့ဖြစ်လာရင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို စောင့်ရှောက်ကာကွယ်ပေးရလေ့ရှိပါတယ်။ ဒါဆို ဘာကြောင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုရော မစောင့်ရှောက်ရမှာလဲ၊ ကာကွယ်ပေးနိုင်ဖို့ မကြိုးစားရမှာလဲ။ စက်ဘီးစီးချိန်မှာ ဦးထုပ်ဆောင်းပေးလို့ဖို့ သတိရဖို့လိုသလို သူတို့တွေရဲ့ ဦးနှောက်လေးထဲက စိတ်ခံစားချက်တွေကိုလည်း ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လေ။ ကလေးတွေဟာ နုနယ်တဲ့ စိတ်ထားမျိုးနဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်မျိုးတွေပိုင်ဆိုင်ထားသလို အရာရာကို မိဘ၊ ညီအကိုမောင်နှမနဲ့ ကျောင်းလို အနီးပတ်ဝန်းကျင်ကနေ လေ့လာနေကြတဲ့ အရွယ်တွေဖြစ်ပါတယ်။ ဒီအချိန်မှာ ပတ်ဝန်းကျင်ရဲ့ အပြုအမူ၊ အနေအထိုင်၊ အခြေအနေတွေက သူတို့ကို ပုံသွင်းသွားမှာဖြစ်ပြီးတော့ ဒီအချိန်မျိုးမှာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သူတို့ကို ထိန်းကျောင်းခဲ့မယ်ဆိုရင် စိတ်ဒါဏ်ရာတွေ စိတ်အားငယ်မှုတွေ တစ်ဘဝလုံး စွဲထင်သွားပါလိမ့်မယ်။ ကိုယ့်ကလေးရဲ့ စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စွာကြီးပြင်းနိုင်စေဖို့ဆိုရင် ဖေဖေ မေမေတွေ အနေနဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ စိတ်ခွန်အားဖြစ်စေမယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၇ သွယ်

သားသားမီးမီးတို့ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးတာကို မလိုချင်တဲ့မိဘ မရှိလောက်ပါဘူး။ ဒီဆန္ဒလေးပြည့်ဖို့ ဆုတောင်းနေမိတဲ့ မေမေတွေဖေဖေတွေတောင်ရှိနိုင်ပါတယ်။ ဒီဆုတောင်းလေးပြည့်ဝဖို့ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်။ ဘယ်လိုများလုပ်ဆောင်ပေးရမလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကလေးတစ်ယောက် ကျန်းမာစေဖို့ အရေးကြီးတဲ့အချက် တစ်ချက် ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုက ပုံမှန်ကြီးဖွားဖွံ့ဖြိုးနေဖို့ပါ။ ဒီတော့ ဖေဖေမေမေတို့မှာ မေးစရာမေးခွန်းတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ဘာလဲဆိုတာပါ။ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ကလေးက အခြားရွယ်တူကလေးတွေထက် ညှက်မနေဘူး၊ အဝလွန်မနေဘူး။ အရပ်ပုနေတာမျိုးလည်း မရှိဘူး။ မကြာခဏဖျားနာနေတာမျိုးလည်း မရှိတာကို ပြောချင်တာပါ။ နောက်တစ်ခုက အာရုံစူစိုက်မှုနဲ့ သင်ယူနိုင်စွမ်းကလည်း အခြားရွယ်တူတွေထက် မသာရင်တောင် နောက်ကျကျန်နေတာမျိုး မရှိရပါဘူး။ ကလေးတစ်ယောက်က ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဂှိမှလည်း ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာနိုင်မှာပါ။ ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ ဘာတွေလိုအပ်မလဲ............ ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ဆိုရင် ဒီအချက်လေးတွေ ပြည့်စုံဖို့လိုအပ်မှာပါ။ အာဟာရပြည့်ဝရမယ် ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိရမယ် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရှိရမယ် မိဘတွေရဲ့ ဂရုစိုက်မှုရရမယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား

ကလေး ဆိုတဲ့အမျိုးက မလုပ်နဲ့ဆို လုပ်ကြည့်ချင်တယ်၊ တား‌လေ လုပ်လေ၊ စူးစမ်းလေပါပဲ။ ကလေးကို မလုပ်ရဘူး၊ မသွားရဘူး ဆိုတဲ့ တားမြစ်ချက်တွေထုတ်ဖို့၊ ကလေးကြောက်စေမယ့်နည်းတွေကို အရင်စဉ်းစားကြတယ်မဟုတ်လား။ ပြောနေရင် နားထောင်နော်၊ ပြောမရရင် ဒီမှာ တုတ်‌ တွေ့လား၊ ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာနော် ဆိုတဲ့ ခြိမ်းခြောက်မှုတွေက တကယ်ရော အသုံးဝင်ရဲ့လား။ ပြောစကားနားမထောင်တဲ့ကလေး ကို ရိုက်ဆုံးမလိုက်ရင် လိမ္မာသွားမှာလား ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်တစ်ခုအနေနဲ့ ကလေးက သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ အကြောက်တရားနဲ့ ထိန်းချုပ်တဲ့နည်းက ရေရှည်အတွက် မထိရောက်နိုင်သလို ဖွံ့ဖြိုးသွက်လက်မှုမှာ ထိခိုက်စေနိုင်ပါတယ်။ ပြောစကားနားမထောင်လို့ ကလေးကို မရိုက်သင့်တဲ့အကြောင်းရင်းက လူကြီးပြောတိုင်း နားထောင်ခိုင်းတဲ့အကျင့်ကို ဖြစ်စေပါတယ်။ ကလေးရဲ့အတွေးနဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲအောင် လေ့ကျင့်ပေးပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေကို စမတ်ကျကျ ပြုစုပျိုးထောင်တတ်ဖို့

Smart parentingဆိုတာ ထုံးတမ်းစဉ်လာ ကလေးပျိုးထောင်တဲ့ နည်းနဲ့ မတူတဲ့ parenting နည်းလမ်းတစ်ခုပါ။ သမားရိုးကျ ကလေးထိန်းနည်းမှာတော့ မိဘက သားသမီးကို အပေါ်စီးက အုပ်ချုပ်ရင် အုပ်ချုပ် ဒါမှမဟုတ် သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ လိုတာ ဖြည့်ပေးတဲ့နည်းရယ်ဆိုပြီး နည်းလမ်း နှစ်ခုရှိပါတယ်။ ဒါကြောင့် အချိန်ကြာလာနဲ့အမျှ မိဘကို ကြောက်ပြီး ဘာမှမပြောရဲ၊ ပတ်ဝန်းကျင်မှာလည်း လူကြောက်တဲ့ ကလေး ဖြစ်ချင်ဖြစ် ဒါမှမဟုတ် လိုတိုင်းတရနေတော့ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့ လူဆိုးလေး ဖြစ်ချင်ဖြစ်ပေါ့။ Smart parentingကျတော့ သားသမီးကိုပဲ ဗဟိုပြုတာ မဟုတ်တော့ပါဘူး။ သားသမီးကို ထိန်းရတဲ့ မိဘကိုပါ ထည့်သွင်းစဉ်းစားလာပါပြီ။ ဆိုလိုတာက အရင်က ကလေးထိန်းတဲ့အလုပ်ဟာ မိခင်တွေအလုပ်၊ ဒါကြောင့်ပဲ ကလေးမွေးပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဆိုပြီး အလုပ်ထွက်လိုက်တာတွေ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ သားသားမီးမီးကို DHA ပါဝင်တဲ့ အစားအစာလေးတွေ ဘယ်လိုကျွေးမလဲ

ပြည့်ဝတဲ့ အာဟာရက ပမာဏနဲ့မဆိုင်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာကို နည်းနည်းလေး စားရင်လည်း ခန္ဓာကိုယ်အတွက် အကျိုးရှိစေမှာပါ။ လူကြီးတွေက အစားတွေကို အများကြီး စားနိုင်သလို အစုံစားနိုင်တာကြောင့် အာဟာရကို အလွယ်တကူ ရနိုင်ပေမယ့် အစားအများကြီး မစားနိုင်သေးသလို အစားစုံ မစားတတ်သေးတဲ့ ကလေးတွေအတွက်ကတော့ နည်းနည်းနဲ့ အာဟာရပြည့်ပြည့် စီစဉ်ပေးနိုင်မှ သူတို့လေးတွေအတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှာပါ။ ဒီတော့ ကလေးတစ်ယောက်အတွက် အစားအသောက်ပြင်ဆင်တဲ့အခါ မေမေတွေအနေနဲ့ နည်းနည်းနဲ့ အာဟာရပြည့်ဖို့ စဉ်းစားရပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါ ကလေးက ပါးစပ်နားကို ခွံ့လိုက်တိုင်း အာ . . .ဆို ပါးစပ်ဟပြီး အားပါးတရ စားရင်တော်လေရဲ့။ ဒီလိုမဟုတ်ဘဲ ကျွေးသမျှ ဘူး.. လုပ်နေရင်တော့ မေမေ့အတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့်ကလေးကို အစိုးရိမ်လွန်ပြီး အကာအကွယ်ပေးနေမိပြီလား။

ကလေးတွေ ထိခိုက်နစ်နာမှာ၊ တစ်ခုခုလွဲချော်သွားမှာကို မိဘသဘာဝ စိုးရိမ်တတ်တာ ထုံးစံပါ။ ဒါကြောင့် ကလေးတစ်ခုခု ထိခိုက်နစ်နာမယ့် ကိစ္စဆို မိဘတွေက ကြိုမြင်ပြီး ကြိုကာပေးတာပေါ့။ အတိုင်းအတာတစ်ခုထိဆိုရင်တော့ ကောင်းပေမယ့် လွန်လွန်ကဲကဲတွေ ဖြစ်လာရင်တော့ ကလေးကို ချစ်တာထက် နှစ်တဲ့ဘက်ကို ပိုရောက်သွားပါလိမ့်မယ်။ ဒီလိုမိဘမျိုးတွေကိုတော့ overprotective မိဘတွေလို့ ခေါ်ပြီး ဒီလိုထိန်းကျောင်းပုံကိုတော့ helicoptering လုပ်တယ်၊ နောက်ကနေ တကောက်ကောက် လိုက်ကြည့်နေတယ်လို့ ခေါ်ပါတယ်။ သင်က သင့်ကလေးကို အလွန်အကျွံ ကာကွယ်ပေးနေပြီလား။ ကလေးကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်တာနဲ့ အလွန်အကျူး ကာကွယ်ပေးတာက မတူပါဘူး။ အလွန်အကျူး ကာကွယ်ပေးနေတယ်ဆိုတာက အသေးစိတ်ကအစ ဝင်စွက်ဖက်မယ်။ ဒီနေ့ ဘာအရောင်ဝတ်သင့်တယ်ကစလို့ ဘယ်သူငယ်ချင်းနဲ့ မပေါင်းရဘူးဆိုတာအထိပေါ့။ ကလေး ရှုံးတာကို မလိုချင်ဘူး။ ဘဝဆိုတာကတော့ အနိုင်အရှုံးဆိုတာ ရှိတာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကြောက်စရာဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့ သကြား

သကြားလုံးစားမယ်......ဂျယ်လီစားမယ်ဆိုပြီး ငိုနေတိုင်း ကလေးငြိမ်ရင်ပြီးရောဆိုပြီး ကျွေးလိုက်ဖို့များစဉ်းစားနေလား။ ဒါက ကောင်းမွန်မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ လတ်တလောအဆင်ပြေသွားနိုင်ပေမယ့် ရေရှည်မှာ ကလေးမှာရော အုပ်ထိန်းသူမိဘတွေမှာပါ ထိခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ကလေးဆိုတာကတော့ အချိုကြိုက်မှာပါပဲ။ မေမေ့ဗိုက်ထဲက ထွက်လာကတည်းက မေမေ့နို့ချိုချိုကိုသောက်ပြီး အာဟာရဖြည့်တင်းခဲ့တဲ့ ကလေးတစ်ယောက်အဖို့ ပထမဆုံးသူခံစားမိတဲ့ အချိုအရသာကိုကြိုက်တာ အဆန်းတကြယ်တော့မဟုတ်ဘူးပေါ့။ ပထမဆုံးသူခံစားမိခဲ့တဲ့ မေမေ့နို့ချိုက သဘာဝအချိုတစ်ခုဖြစ်ပြီး ကလေးကအရွယ်ရောက်လာတ့အခါ သူ့စိတ်ကြိုက်စားမိတာတွေက ပြုပြင်ထားတဲ့အချိုတွေဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ကျန်းမာရေးကိုထိခိုက်လာနိုင်စေတယ်ဆိုတဲ့စကားက ပြောတော့သာဘာမှမဟုတ်တယ် ဒီနောက်ဆက်တွဲကို နဖူးတွေ့ဒူးတွေ့ခံစားရတဲ့အခါ တော်တော်လေးတော့ မလွယ်ကူလှပါဘူး။ သကြားစားတိုင်းကောင်းရဲ့လား........ အချိုဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တာမှန်ပေမယ့် အများကြီးစားမိရင်မကောင်းတာအမှန်ပါ။ နောက်တစ်ခုက သကြားက စွဲလမ်းစေတတ်တဲ့အရာတစ်ခုဖြစ်နေတာကြောင့်လည်းပါပါတယ်။ အချိုစားတဲ့အခါ စားပြီးရင်းစားချင်လို့ အတောမသတ်တော့တာသာကြည့်တော့လေ။ အချိုရည်သောက်တာ၊ သကြားလုံး၊ဂျယ်လီ၊ ကွတ်ကီး၊ Malted Drink တွေကနေစလို့ အခွံလှလှလေးတွေနဲ့ ထုပ်ပိုးထားတဲ့ ကလေးကြိုက်မုန့်တော်တော်များများက အချိုပါဝင်မှုမနည်းကြပါဘူး။ ဒီစားစရာတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ကျန်းမာတယ်၊ ထွားတယ်၊ ပျော်ရွှင်လန်းဆန်းနေတယ်ဆိုတာက မေမေတစ်ယောက်ကို စိတ်ချမ်းသာစေမယ့် အချက်တစ်ခုဆို မမှားလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာဖို့ဆိုရင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ကျန်းမာဖို့ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းတဲ့ သားသားမီးမီးဖြစ်ဖို့ပါ။ ကိုယ်ခံအားဆိုတာ ဘာလဲ...... ခန္ဓာကိုယ်ကျန်းမာဖို့ ကာကွယ်ပေးတဲ့ ခံတပ်တစ်ခုပါ။ လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှူးတွေ နဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့အရာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ.... ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ခံတပ်ကြီးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ကျန်းမာပျော်ရွှင်နေစေဖို့လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်က ရောဂါကင်းပြီး ကျန်းမာမှ ပျော်ရွှင်စွာနဲ့ ကြီးပြင်းနိုင်မှာပါ။ ကလေး နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ပိုအရေးကြီးတဲ့အရာ

ကလေးကို အကောင်းဆုံးသောအရာတွေပေးစွမ်းနိုင်တဲ့အချိန်နဲ့ သူတို့စိတ်ကြိုက်ပြင်ဆင်ပေးလိုက်လို့ သူတို့လေးတွေပျော်သွားတဲ့အချိန်က မေမေတိုင်းအတွက်  ပီတိအဖြစ်ရဆုံးပါ။ ဒီအခိုက်အတန့်လေးကို ကျေနပ်တာတစ်ခုတည်းနဲ့ သားသားမီးမီးတို့အကြိုက်ဖြစ်ရင်ပြီးရောဆိုပြီး မုန့်တွေဝယ်တဲ့အခါ သူတို့သဘောတွေ့စေမယ့် အပြင်အဆင်လှလှပပ အရောင်အသွေးလှလှပပလေးဖြစ်ရင်ရောဆိုပြီး မဝယ်လိုက်ပါနဲ့။ ကလေးကျန်းမာရေးအတွက်သင့်တော်ရဲ့လားဆိုတာကိုပါ စဉ်းစားပေးပါ။ ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ဂရုစိုက်သင့်တဲ့အချက်က ဘာများလဲ.......... ကလေးအတွက်မုန့်ဝယ်တဲ့အခါ သူတို့ကြိုက်တဲ့အရသာဖြစ်မယ်။ သူတို့ကြိုက်မယ့် အသွင်အပြင်ထုတ်ပိုးမှုလှလှလေးဖြစ်ရုံနဲ့ မပြီးပါဘူး။ ကလေးကို တကယ်ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုရင် သူတို့ကို ကျန်းမာအာဟာရပြည့်စေဖို့ပါ ဂရုစိုက်ဖို့လိုပါမယ်။ ကလေးအများစုကတော့ မုန့်စားတဲ့အခါ အရသာချိုချိုလေး ဖြစ်နေတာကို သဘောကျကြတာများပါတယ်။ အသွင်အပြင်ဆိုရင်လည်း ချစ်ဖို့ကောင်းနေတာမျိုး ဒါမှမဟုတ် တောက်တောက်ပပနဲ့ စွဲဆောင်မှုရှိနေတာမျိုးကို အရမ်းသဘောကျတတ်ကြပါတယ်။ အချို့သော စားစရာတွေက အသွင်အပြင်လှပအောင်လုပ်ထားတတ်ပေမယ့် အရသာပြည့်စုံမှုအားနည်းတတ်ာကပါတယ်။ ဒိလိုမျမဟုတ်ရင်လည်း ကလေးတွေအရမ်းကြိုက်အောင် အချိုတွေ အငန်တွေကဲထားတတ်ကြပါတယ်။ ဒီလိုအစားအစာတွေက ကလေးကိုရေရှည်မှာ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီအစားအစာတွေက အာဟာရပါဝင်မှုနည်းနေတယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အာဟာရပါဝင်မှုထက် စားကောင်းစေဖို့နဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း