backup og meta

သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၇ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၇ သွယ်

    သားသားမီးမီးတို့ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးတာကို မလိုချင်တဲ့မိဘ မရှိလောက်ပါဘူး။ ဒီဆန္ဒလေးပြည့်ဖို့ ဆုတောင်းနေမိတဲ့ မေမေတွေဖေဖေတွေတောင်ရှိနိုင်ပါတယ်။ ဒီဆုတောင်းလေးပြည့်ဝဖို့ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်။ ဘယ်လိုများလုပ်ဆောင်ပေးရမလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ကလေးတစ်ယောက် ကျန်းမာစေဖို့ အရေးကြီးတဲ့အချက် တစ်ချက်

    ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုက ပုံမှန်ကြီးဖွားဖွံ့ဖြိုးနေဖို့ပါ။ ဒီတော့ ဖေဖေမေမေတို့မှာ မေးစရာမေးခွန်းတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ဘာလဲဆိုတာပါ။ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ကလေးက အခြားရွယ်တူကလေးတွေထက် ညှက်မနေဘူး၊ အဝလွန်မနေဘူး။ အရပ်ပုနေတာမျိုးလည်း မရှိဘူး။ မကြာခဏဖျားနာနေတာမျိုးလည်း မရှိတာကို ပြောချင်တာပါ။ နောက်တစ်ခုက အာရုံစူစိုက်မှုနဲ့ သင်ယူနိုင်စွမ်းကလည်း အခြားရွယ်တူတွေထက် မသာရင်တောင် နောက်ကျကျန်နေတာမျိုး မရှိရပါဘူး။ ကလေးတစ်ယောက်က ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဂှိမှလည်း ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာနိုင်မှာပါ။

    ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ ဘာတွေလိုအပ်မလဲ…………

    ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ဆိုရင် ဒီအချက်လေးတွေ ပြည့်စုံဖို့လိုအပ်မှာပါ။

    • အာဟာရပြည့်ဝရမယ်
    • ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိရမယ်
    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရှိရမယ်
    • မိဘတွေရဲ့ ဂရုစိုက်မှုရရမယ်
    • လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရပါမယ်။

    သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၇ သွယ်

    သားသားမီးမီးကို ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

    (၁) အာဟာရပြည့်ဝအောင် ကျွေးမွေးပါ

    ကလေးတစ်ယောက် အကောင်းဆုံးကြီးပြင်းလာစေဖို့ဆိုရင် ငယ်စဉ်အချိန်ကစလို့ ပြည့်ဝလုံလောက်တဲ့ အာဟာရကိုရဖို့လိုပါမယ်။ ကလေးကိုနေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ အကျိုးပြုဘက်တီးရီးယား(Lactobacillus)၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ပြည့်ဝစွာပါဝင်နေဖို့လိုပါမယ်။ ဒါမှ ကလေးက ကိုယ်ခံအားကောင်းပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်မှာပါ။

    (၂) ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင် ဂရုစိုက်ပါ

    ကလေးတစ်ယောက် စိတ်ရောကိုယ်ပါကျန်းမာပြီး ပျော်ရွှင်စွာကြီးပြင်းစေဖို့နေ့တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိဖို့လိုပါမယ်။ ကလေးတစ်ယောက်က အနည်းဆုံးတစ်ရက်ကို အိပ်ချိန် ၁၀ နာရီနဲ့ အထက်ရှိဖို့လိုပါမယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်ကိုသေချာသတ်မှတ်ပေးတာ။ နေ့ခင်းမှာ တစ်ရေးအိပ်စေတာမျိုးလုပ်ပေးပါ။

    (၃) နွေးထွေးကြင်နာစွာ ဆက်ဆံပေးပါ

    ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မယ့်နည်းလမ်းက ဖေဖေမေမေတို့ရဲ့ ကြင်ကြင်နာနာဂရုစိုက်မှုပါ။ ငယ်စဉ်ကတည်က မိဘတွေရဲ့ ကြင်နာဂရုစိုက်မှုကိုရတဲ့ ကလေးငယ်တွေဟာ ပျော်ရွှင်ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်သူလေးတွေအဖြစ်ကြီးပြင်းစေနိုင်ပါတယ်။

    (၄) ကိုယ်လက်လှုပ်ရှားမှု လုပ်စေပါ

    ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကလေးကို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကျန်းမာစေသလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကြံ့ခိုင်စေနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် ကလေးနဲ့အတူတူ လေ့ကျင့်ခန်းလုပ်ပေးတာ၊ အတူတူကစားပေးတာမျိုးလုပ်ပေးပါ။ ဒါက ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေသလို ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။

    (၅) စကားပြောပါ

    ကလေးကို အချိန်ပေးပြီး သူပြောတာကိုနားထောင်ပေးတာ၊ သူ့အခက်အခဲတွေအတွက် အထောက်အကူဖြစ်စေမယ့် ဖြေရှင်းနည်းတွေကိုပြောပြပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အကောင်းဆုံးပျိုးထောင်ရာရောက်သလို မိဘနဲ့ကလေးကြားမျာလည်း သံယောဇဉ်တိုးလာစေမှာပါ။

    (၆) စာအုပ်ဖတ်ပြပါ

    ကလေးကို ပုံပြင်ဖတ်ပြတာ ဒါမှမဟုတ် သင်ကြားရေးပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို သင်ယူမငစွမ်းရည်ကောင်းစေဖိုပအထောက်အကူပြုနိုင်မယ့်အပြင် မိဘနဲ့သားသမီးကြားမှာ အပြန်အလှန်ချစ်ခင်မှုတွေတိုးလာစေမှာပါ။ အရောင်တောက်တောက်လေးတေါပါတဲ့ စာအုပ်လေးတွေကဘေဘီလေးတို့ ဖတ်ဖို့ အကြိုက်ဆုံးစာအုပ်လေးတွေဆိုတာ မမေ့ပါနဲ့။

    (၇) ကစားချိန်ပေးပါ

    ကလေးကို တစ်ချိန်လုံးစာဖတ်နေစေတာမျိုးမလုပ်ဘဲ။ သူတို့စိတ်ကြိုက်ဖြစ်တဲ့ ကစားနည်းတွေကို ပေးကစားပါ။ ဖြစ်နိုင်တိုင် ကိုယ်တိုင်ပါဝင်ကစားပေးပါ။ ဒါက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အကောင်းဆုံအားဖြည့်ပေးနိုင်မှာပါ။

    ကလေးကို ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒလေးပြည့်မြောက်စေဖို့ အခုပြောခဲ့တာတွေကို လုပ်ကြည့်ကြဖို့ ပြောပါရစေလား… မေမေဖေဖေတို့ရေ…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement