မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို ဘာတိုက်မယ် စိတ်ကူးလဲ..... မေမေ

ကလေးကို လုံလောက်တဲ့ အာဟာရပြည့်ဝလို့ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်ဟုတ်။ ဒါဆိုရင် ကလေးတွေက ပထမဆုံး ၅ နှစ်တာကာလမှာ ဦးနှောက်နဲ့ဉာဏ်ရည် ဖွံ့ဖြိုးမှုကိုရော ကိုယ်ခံအားစနစ်ကိုပါ အကောင်းဆုံး တည်ဆောက်ကြတယ်ဆိုတာကို သိပြီးပြီလား......မေမေတို့ရေ။ ဒီကာလမှာ မေမေ့ရွေးချယ်မှု မှန်ကန်လေလေ ကလေးအတွက် အကောင်းဆုံးသော အရာတွေ ဖြစ်ထွန်းနိုင်လေလေပါ။ ဒီတော့ ရွေးချယ်မှုတိုင်းက ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုတော့ဘူးပေါ့။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ် ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်အထိမှာ စိုက်ထူခဲ့တဲ့ milestone တွေက မနည်းပါဘူး။ မွေးစကနေ ၁ နှစ် အတွင်းမှာ • အသံလာရာကို ရှာတတ်ပြီ • သူတို့နာမည်လေးခေါ်ရင် တုံ့ပြန်တတ်ပြီ • လက်ပြနှုတ်ဆက် တတ်ပြီ • လက်ညှိုးညွှန်တဲ့ဆီကို လိုက်ကြည့်တတ်ပြီ • ဝူးဝူးဝါဝါး ပြောတတ်ပြီ • စကားပြောတဲ့ဆီကို လိုက်ကြည့်တတ်ပြီ • ပါပါ၊ မာမာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အသက် ၂နှစ်ကျော်ကလေးကို နို့ဆက်တိုက် သင့်လား............

ကလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာရင် အစစအရာရာကို ပြင်ဆင်တွေးတောပေးတာက မိဘတိုင်းရဲ့ မေတ္တာပါ။ ဒီလိုပြင်ဆင်မှုမှာ အစားအသောက်ကစလို့ နေရေးထိုင်ရေး ဝတ်စားပြင်ဆင်ပေးမှု အကုန်လုံးပါပါတယ်။ ဒီလိုပြင်ဆင်မှုတွေထဲမှာ လွယ်ကူတာတစ်ခုမှ မပါသလို ဆုံးဖြတ်ရခက် ဝေခွဲရခက်တဲ့ ကိစ္စတွေကလည်း ဒုနဲ့ဒေးပါ။ အခုတစ်ခေါက်လည်း ဒီဝေခွဲရခက်တဲ့ ပြဿနာတစ်ခုကို အဖြေထုတ်ပေးမယ်နော်။ အဲဒါကတော့ ကလေးတစ်ယောက်ကို အသက် ၂နှစ်ကျော်လာပြီဆိုရင် တခြား အာဟာရမပြည့်ဝတဲ့ သရေစာတွေ လျှောက်ကျွေးမယ့်အစား နို့ဆက်တိုက် လို့ရမလား ဆိုတာပါ။ ကလေးကို မဖြစ်မနေ မိခင်နို့တိုက်ရမယ့် ကာလ ကလေးကို စတင်မွေးဖွားချိန် ကနေစလို့ အသက် ၆ လမပြည့်မချင်း အာဟာရဓာတ်ပြည့်ဝစေဖို့ဆိုရင် အကောင်းဆုံးက မိခင်နို့ပါ။ မေမေက အာဟာရပြည့်ဝအောင် စားလေလေ သားသားမီးမီးတို့က အာဟာရပြည့်ဝပြီး ကျန်းမာထွားကြိုင်းလေလေပါ။ ဒါကြောင့် မွေးစကနေ ၆ လအထိက မေမေ့နို့ချိုကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ ခုနောက်ပိုင်းမှာ EQ ဆိုတဲ့ စကားက လူသုံးများလာပါပြီ။ အရှည်ကတော့ emotional quotient လို့ ခေါ်ပါတယ်။ အလွယ်ပြောရရင် စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်းပေါ့။ အရင်ကတော့ သူဘယ်လောက် "တော်" လဲပဲ စိတ်ဝင်စားကြတာပါ။ ခုတော့ သူဘယ်လောက် "ကောင်း"လဲ ကိုပါ စိတ်ဝင်စား လာကြပါပြီ။ ခုခေတ်မှာက အရင်ကထက် အပြိုင်အဆိုင်တွေ၊ စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။ ဒါတွေကို ကိုင်တွယ်ဖို့ စိတ်ကိုယ်ခံအား ကောင်းနေဖို့ လိုပါတယ်။ https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/how-to-be-a-good-parent/ သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ မြင်သာအောင် ပြောရရင် ဖေ့စ်ဘုတ်မှာ သတင်းတစ်ခု တက်လာပြီဆိုရင် အောက်က သေချာမသိဘဲ ဝိုင်းဆဲ ကြပါတယ်။ တကယ်ဆို သတင်းက အမှန်လား၊ ဒါဖြစ်နိုင်လား ဆိုတာတောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ

ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ က ဘာတွေ ဖြစ်မလဲ ဆိုတာ အတူတူ ကြည့်ရအောင်နော်။ မိဘတွေတိုင်းမှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လိမ္မာယဉ်ကျေးသူတွေ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင် ပေါများသူတွေ ဖြစ်စေချင်တဲ့ စိတ်စေတနာမျိုး ရှိကြတာပါပဲ။ ဒါပေမယ့် ကလေးတိုင်းကတော့ အရွယ်ရောက်လာချိန်မှာ ဒီလို အရည်အသွေးမျိုးတွေ ပါရှိတဲ့သူတွေ ဖြစ်လာတတ်ကြတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးတွေကို ငယ်ရွယ်စဉ်မှာကတည်းက Social Skills တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက Social Skills ကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ခံထားရတဲ့ သားသား၊ မီးမီးတွေဟာ အနာဂတ်ကာလမှာလည်း မိဘတွေ မျှော်လင့်ထားသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင်ပေါများသူတွေ ဖြစ်လာနိုင်ခြေများတယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

တချို့မေမေတွေ ဘာလို့ အမြဲဒေါသထွက်နေလဲ တွေးမိရဲ့လား

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားများ စုဝေးနေထိုင်ရာ တိုက်ခန်းတွေမှာဆိုရင် တစ်အိမ်မှာ အော်ဟစ်သံတွေ နည်းနည်းလောက် ကျယ်လာတာနဲ့ ဘေးအိမ်နီးနားချင်းတွေ အကုန်ပြန်ကြားရလောက်တဲ့အထိ ဖြစ်တာ သတိထားမိကြမှာပါ။ တစ်ခုခုဆိုရင် အဖေတွေက အော်ဟစ်လိုက်၊ မေမေတွေက အော်ဟစ်လိုက်၊ ကလေးက အော်ငိုလိုက်နဲ့ အိမ်လေးက အေးချမ်းတဲ့ရက်ကို မရှိဘူး။ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲဆိုတာ သင်ကိုယ်တိုင်ရော တစ်ခါလောက် တွေးကြည့်မိဖူးလား။ တကယ်တမ်းတော့ ဒေါသကြီးတဲ့ မေမေအများစုက အပျိုအရွယ်မှာ အရမ်းကို သဘောအေးပြီး ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားကြပါတယ်။ ဒါဆိုရင် သူတို့ ဘာလို့ ဒေါသကြီးလာကြတာလဲ။ အဓိကကတော့ မိခင်ဘဝမှာ ကြုံလာရတဲ့ လောကဓံနဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက သူတို့ကို ပြောင်းလဲသွားစေခဲ့တာပါ။ ၁။ တစ်မိသားစုလုံးရဲ့ တာဝန်တွေ ပုံကျလာခြင်း လူတွေ ထင်ထားတာက မိသားစုတစ်စုမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

အရေးပါတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို DHA နဲ့အကူအညီပေးကြမယ်

မိဘတိုင်းရဲ့ အလိုလားဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဒီဆန္ဒပြည့်ဖို့ အခွင့်အရေးကို အဝေးကြီးမှာ သွားရှာနေစရာ မလိုပါဘူး။ ဖေဖေမေမေတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်မှုအတွက် DHA ကိုအသုံးပြုပြီး အားဖြည့်ကူညီပေးလို့ရပါတယ်။ DHA ဆိုတာ ဘာလဲ။ DHA ဆိုတဲ့ အာဟာရဓာတ်က ငါးကြီးဆီမှာ ပါဝင်တဲ့ Omega – 3 fatty acid အမျိုးအစားထဲက တစ်မျိုး (Docosahexaenoic Acid) ဖြစ်ပါတယ်။ ကလေးဘဝမှ အသက်ကြီးလာတဲ့အချိန်ထိ မျက်စိအမြင်အာရုံ နဲ့ ဦးနှောက် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွေ မျက်စိမှုန်ခြင်းမရှိဖို့ ကာကွယ်ပေးနိုင်သလို ကလေးဘဝမှာ DHA ကို အလုံအလောက် ရရှိမှ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးရဲ့ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) အကြောင်း

ကိုယ့်ကလေးကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်ဆံ့ပြီး အောင်မြင်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒ မေမေ ဖေဖေတိုင်းမှာ ရှိမယ်ထင်ပါတယ်။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဉာဏ်ကောင်းခြင်း IQ တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာထိန်းသိမ်းနိုင်စွမ်း EQ လည်းကောင်းဖို့လိုအပ်ပါတယ်။ EQ ဆိုတဲ့စကားက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ EQ ဆိုတာဘာလဲ။ ကိုယ့်ကလေးကို EQ ကောင်းဖို့အတွက် ဘယ်လို ပြုစုပျိုးထောင်ကြမလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ ကလေးတစ်ယောက်ကို အောင်မြင်သူအဖြစ်ကြီးပြင်းစေဖို့ လိုအပ်ချက် (သို့မဟုတ်) EQ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာ စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ ကလေးတစ်ယောက်ရဲ့ EQ ဆိုတာ ဘယ်အရာတွေပါလဲ။ ကလေးတစ်ယောက်ရဲ့ EQ ကောင်းခြင်းကိုသိနိုင်ဖို့အတွက် အချက် (၅)ချက်ရှိပါတယ်။ ကိုယ့်ကိုကိုယ်သိခြင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ်

ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ် ..... ၉ လ လွယ်လို့ ၁၀ လ ဖွားထားရတဲ့ ကလေးကို အကောင်းဆုံး မကြီးပြင်းစေချင်တဲ့ မိဘ ဘယ်မှာ ရှိလိမ့်မလဲ။ ဗိုက်ထဲ လွယ်ထားရကတည်းက ကလေး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ အစားအစာ တစ်ခုချင်းစီတိုင်း လှုပ်ရှားမှု တစ်ရပ်ချင်းစီ တိုင်းကို သေချာ ဂရုစိုက် ခဲ့ကြတာ မိဘတွေပါ။ ဒီလို ဂရုစိုက်မှုတွေက အရွယ်ရောက် တဲ့အထိ လစ်ဟင်းမှု တစိုးတစိ မရှိတတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ကလေးကို အကောင်းဆုံး ဂရုစိုက်ပေးချင်တဲ့ မေမေ ဖေဖေတို့ သတိလက်လွတ် ဖြစ်နေနိုင်တဲ့ အချက်လေး တစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/healthy-habits-should-teach-kids/ ဖေဖေ မေမေတို့က ဘာကို သတိလက်လွတ် ဖြစ်နေတာလဲ။ ကလေး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့ဘဝကို သက်ရောက်နိုင်တဲ့ မေမေတို့ရဲ့ အမှား များ

ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့က အရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှား တွေရှိပါတယ်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရော မှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှား တွေကို ကြည့်ရအောင်။ (၁) အပြစ်တင်တာ ကလေးတွေကို အမြဲလိုလို အပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို ခံစားရစေပါတယ်။ အပြောပဲခံနေရပြီး အမှန်ကိုသေချာမရှင်းပြတဲ့အတွက် ကလေးက အမှားထပ်လုပ်မိဦးမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကလေးကို ညင်ညင်သာသာသတိပေးစကားပြောပြီး ဒီ အမှား ကို ဘာကြောင့်မလုပ်သင့်တာလဲ ရှင်းပြဖို့ပါပဲ။ (၂) လူကြားထဲ ဆုံးမပြောဆိုတာ ကလေးကို သူလုပ်ခဲ့တဲ့ အမှား အတွက် ဆုံးမဖို့လိုနေပြီလို့ယူဆတယ်ဆိုရင် မွေးချင်းမောင်နှမရှေ့၊ သူငယ်ချင်းတွေရှေ့မှာ အပြစ်မပြောသင့်၊ မဆူသင့်ပါဘူး။ တစ်ယောက်တည်းရှိချိန်မှ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဂျီကျ တတ်တဲ့ကလေး ကိုယ့်စကား နားထောင်အောင် ဘယ်လိုထိန်းမလဲ

ကလေးတွေကို တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့ စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကို စည်းရုံးပြီး သွန်သင်ထိန်းသိမ်းကြပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ ဥပမာ ကလေးက ဂျီကျ ပြီး ချော့မရတဲ့အချိန် “ အခုတိတ်နော်…မတိတ်ရင် အရိုက်ခံရမယ်” ဆိုပြီး ကလေးကို ခပ်ကြမ်းကြမ်းဆက်ဆံတာမျိုးက ခဏတာတော့ ကလေးက လန့်ပြီး တိတ်သွားမှာပေမယ့် ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး။ မိဘလုပ်သူကို ကြောက်စိတ်ဝင်သွားပြီး ဆက်ဆံရေးမှာ ထိခိုက်လာတာ၊ ဒါမှမဟုတ် နောက်ပိုင်းမကြိုက်တဲ့ အပြုအမူတွေ ခိုးလုပ်တတ်လာတာ၊ အရွဲ့တိုက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် စကားနားမထောင်တဲ့ ကလေးလေးတွေကို ဘယ်လိုထိန်းကြမလဲဆိုတာ အခက်ကြုံနေတဲ့ မိဘတွေအတွက် ဒီအချက်လေးတွေက အထောက်အကူပေးပါလိမ့်မယ်။ ဂျီကျ တတ်တဲ့ ကလေးကို ထိန်းကျောင်းနိုင်ဖို့ (၁) အခြေအနေကို ထိန်းညှိပါ စာလုပ်ခိုင်းရင် မလုပ်ချင်တဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း