မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား

မေမေတို့ ချစ်ရတဲ့ ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရင်း ဒီလိုမေးခွန်းတွေ အများကြီး ခေါင်းထဲ ရောက်ဖူးကြမှာပါ။ ကလေးကြည့်ရတာ အားမရှိသလိုပဲ၊ အာဟာရနည်းနေလို့လား၊ အတွင်း ကလီစာ တစ်ခုခုများ အားနည်းနေလား၊ ဗီတာမင်တွေ ချို့တဲ့နေလား၊ သိပ်မထွားသလိုပဲ ဘာများချို့တဲ့နေလဲ‌ စသည်ဖြင့် တွေးပူကြရတယ်ဟုတ်။ ကလေးက နည်းနည်းကစားတာနဲ့ မောပန်းလွယ်နေတယ်၊ အားမရှိသလိုလေး ဖြစ်နေတယ်၊ ဖြူဖတ်ဖြူရော်လေး ဆိုရင် အကြောင်းရင်းတစ်ခုခု ရှိနေတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ မေမေတို့ ထည့်စဉ်းစားသင့်တဲ့အချက်က သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ပါပဲ။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ကလေးမှာ တခြားဓာတ်တွေပြည့်ဝနေလည်း မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ချို့တဲ့နေတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သံဓာတ် ချို့တဲ့တာက စစချင်းမှာ မသိသာပေမယ့် သွေးအားနည်းရောဂါဖြစ်လာတဲ့အခါမှ လက္ခဏာတွေ ထင်ရှားလာတတ်ပါတယ်။ မေမေတို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

ကလေးလူကြီး အားလုံးရဲ့အချစ်တော် စူပါမန်းကြီးက လူသားတွေနေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဘာကြောင့်များ ခွန်အားကြီးမားနေရတာလဲ၊ ဘာကြောင့်များ သန်စွမ်းနေရတာလဲ၊ ဘာကြောင့်များ ထက်မြက်နေရတာလဲ? ဒီလိုတွေးခဲ့ဖူးကြလား။ တကယ်တော့ စူပါမန်းက ခရစ်ပတွန်ဆိုတဲ့ ဂြိုဟ်ကြီးပေါ်ကနေလာတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ မိဘအရင်းတွေက ဒီကမ္ဘာမြေဆီ သူ့ကို ပို့လိုက်ရတဲ့အကြောင်းအရင်းရှိပါတယ်။ ဒါကတော့ အဝါရောင်နေနဲ့ နီးကပ်တဲ့ လူ့အသိုက်အဝန်းဖြစ်နေတာကြောင့်ပါပဲ။ သူ့အတွက် ကမ္ဘာဂြိုဟ်က ထူးခြားပါတယ်။ ပျိုမြစ်တဲ့အဝါရောင်နေကနေ ရရှိတဲ့ နေရောင်ခြည်ဟာ စူပါမန်းကို အားအင်တွေတိုးစေ၊ ဉာဏ်ရည်ထက်မြက်စေ၊ ကျန်းမာစေပြီး ထိခိုက်မှုတွေ မရှိအောင် ခွန်အားတွေ တိုးပွားစေပါတယ်။ မိဘတိုင်းဟာ သူတို့ရဲ့ သားသားမီးမီးတွေကို စူပါမန်းကြီးလို ခွန်အားကောင်းကောင်း၊ ဉာဏ်ရည်ထက်ထက်၊ ကျန်းကျန်းမာမာဖြစ်နေစေချင်ကြပါတယ်။ သဘာဝပါပဲ။ ဒါပေမယ့် သားသားမီးမီးတွေကို ခုလို ကျန်းမာသန်စွမ်းပြီး ခွန်အားကောင်းအောင် ပံ့ပိုးပေးလို့ရနိုင်ပါ့မလား။ အဖြေကတော့ ရနိုင်ပါတယ်တဲ့။ စူပါသားသားမီးမီးတွေဖြစ်စေဖို့အတွက် ဖေဖေ မေမေတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတစ်ယောက် ဖွံ့ဖြိုးမှုအတွက် မျိုးရိုးဗီဇ နဲ့ ပျိုးထောင်မှု ဘယ်သူပိုအရေးပါလဲဆိုတဲ့ အငြင်းအခုံကြားက တတိယဇာတ်ကောင်

ကလေးတစ်ယောက် ဖွံ့ဖြိုးမှုအတွက် မျိုးရိုးဗီဇ နဲ့ ပျိုးထောင်မှု ဘယ်သူပိုအရေးပါလဲဆိုတဲ့ အငြင်းအခုံကြားက တတိယဇာတ်ကောင် က ဘာများဖြစ်မလဲ! ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးထွားစေချင်တာ၊ ကျန်းမာပျော်ရွှင်စေချင်တာ၊ ဉာဏ်ကောင်းစေချင်တာတွေဟာ မေမေ့မေတ္တာရဲ့ အတောမသတ်နိုင်တဲ့ လိုအင်တွေပါ။ ဒါက မိခင်တွေရဲ့ အဖြူရောင် အတ္တဆိုလည်း မမှားပါဘူး။ မိခင်တိုင်းဟာ တစ်ချိန်လုံး ဆော့နေတဲ့ ကလေးကို ကြည့်ရတာကို စိတ်ညစ်လိုက်တာလို့ ညည်းတွားနေရင်တောင် ငါ့ကလေး ကျန်းမာလှရဲ့ဆိုပြီး ရင်ထဲက ကြိတ်ပျော်နေတတ်ကြသူတွေပါ။ မေမေတွေ တကယ်စိတ်ညစ်တာက ကိုယ့်ကလေး သူများကလေးလို မထွားမှာ၊ ဉာဏ်မကောင်းမှာ၊ မကျန်းမာမှာကိုပေါ့။ ဒီတော့ ကလေးကို အကောင်းဆုံးဆိုတာတွေပဲ ဖြစ်စေချင်တဲ့ မေမေတိုင်း သိချင်နေမယ့် မေးခွန်းလေး တစ်ခု ရှိနေနိုင်ပါတယ်။ ဒါကတော့ ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့က မျိုးရိုးဗီဇနဲ့ ဆိုင်လား။ ပျိုးထောင်ပေးမှုနဲ့ ဆိုင်လားဆိုတာကိုပေါ့။ https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/essential-nutrients-for-brain-development/ ကလေးတစ်ယောက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင် တာကို မေမေတို့ သတိထားမိရဲ့လား

မိဘတွေဆိုတာကတော့ သားသမီးကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေတာ ဓမ္မတာပါပဲ။ ဒီလိုဂရုစိုက်နေရင်းနဲ့တောင်မှ ဖေဖေ၊ မေမေတို့ သတိမထားမိလိုက်တဲ့အချိန်ဆို ကလေးတွေ ဖျားတာ၊ နာတာ ဖြစ်သွားသေးတယ်မလား။ ခုလည်း ဒီလိုပါပဲ။ မေမေတို့ ဂရုစိုက်နေတဲ့ ကြားကနေ ကလေးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေနိုင် တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကို မေမေတို့ ဘယ်လိုသိနိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နည်းလမ်းလေးတွေ ပြောပြပေးမှာ ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့တယ်ဆိုတာ သံဓာတ်က ကလေးရဲ့ ကျန်းမာရေးကောင်းဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့ရော လိုအပ်တဲ့ ဓာတ် တစ်ခုပါ။ ရှူသမျှ အောက်စီဂျင်ကို တစ်ကိုယ်လုံးကို သယ်သွားပေးနေတဲ့ သွေးနီဥမှာလည်း သူပါသလို ကြွက်သားတွေမှာ ရှိတဲ့ မိုင်ရိုဂလိုဘင်ဆိုတာလည်း သူပါပဲ။ ဒါကြောင့် သံဓာတ်ချို့တဲ့ရင် ဒီလုပ်ငန်းစဉ်တွေ ထိခိုက်တာကြောင့် ဖွံ့ဖြိုးရမယ့် ကလး၊ ကျန်းမာနေရမယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ သံဓာတ် ပြည့်ဝနေစေဖို့ နေ့စဉ်အာဟာရထဲမှာ ဘာတွေကျွေးမွေးကြမလဲ

သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ ကလေးတွေမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့မှုအကြောင်း မပြောခင် သံဓာတ်က ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအပေါ် ဘယ်လိုကောင်းကျိုးပေးစွမ်းနိုင်လဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သံဓာတ် နဲ့ ကျန်းမာရေး သံဓာတ်ဆိုတာ လူတစ်ယောက်ရဲ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က သံဓာတ်ကို အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ အောက်စီဂျင်အရောက် ပို့ဆောင်ပေးဖို့အတွက် သွေးနီဆဲလ်များထဲက ဟီမိုဂလိုဘင် (Hemoglobin) ဆိုတဲ့ ပရိုတင်းအဖြစ် ချက်လုပ်ပေးတယ်။ ကြွက်သားများဆီသို့ အောက်စီဂျင် ပို့ဆောင်ပေးတဲ့ မိုင်ယိုဂလိုဘင် (Myoglobin) အဖြစ်လည်း ချက်လုပ်ပေးပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တဲ့ ကလေးတစ်ယောက်အတွက် ကြီးထွားမှုကို အထောက်အပံ့ပေးတဲ့ သံဓာတ်ကို ပိုပြီးလိုအပ်ပါတယ်။ ဘာကြောင့် ကလေးတွေမှာ သံဓာတ်ကို ပိုမိုလိုအပ်တာလဲ။ ကလေးတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

သူများကလေးတွေက ပျော်ရွှင်နေတာပဲ။ ထွားလည်း ထွားတယ်။ သွက်လည်းသွက်တယ် ဆိုတတွေ မြင်တိုင်း ကြားတိုင်း ကိုယ့်ကလေးကိုလည်း အဲ့လိုပဲ ထွားလည်းထွား သွက်လည်း သွက်တော်လည်း တော်စေတယ်ဆိုတဲ့ ဆန္ဒ မိခင်တိုင်း ဖြစ်မိမှာပါ။ မိခင်မဟုတ်တဲ့ တီတီတွေ။ ဘွားဘွားတွေမှာတောင် ဒီဆန္ဒက ရှိနေနိုင်တာပါ။ ချစ်ရတဲ့ သားသားမီးမီးတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တာက မိဘတွေရဲ့ သဘာဝပဲလေ။ ဒီတော့ ဆန္ဒအတိုင်း သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။ သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လိုအပ်မလဲ................. အသက်ထက်တောင် တန်ဖိုးထားရတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလို ပြည့်ဝဖို့လိုမယ့် အာဟာရတွေကတော့ ပရိုတင်း ကယ်လ်ဆီယမ်  အကျိုးပြုဘက်တီးရီးယား […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကျွန်တော်တို့ရဲ့ အစာခြေစနစ်ထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားလေးတွေ မှီတင်းနေထိုင်ကြပါတယ်။ အကျိုးပြုတဲ့ ဘက်တီးရီးယားရော အကျိုးမပြုတဲ့ ဘက်တီးရီးယားရောပါ။ အကျိုးပြု ဘက်တီးရီးယားလေးတွေ ကတော့ အစာခြေစနစ်ကစလို့ ကိုယ်ခံအားပါ ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးတာပေါ့။ အကျိုးပြု ဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ဆိုရင် သူတို့ကို အာဟာရ ထောက်ပံ့ပေးဖို့ လိုပါမယ်။ ဒီလိုထောက်ပံ့ပေးတဲ့အာဟာရကိုတော့ ပရီဘိုင်အိုးတစ်(prebiotics)လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေမှာ အကျိုးပြုဘက်တီးရီးယားတွေက လုံလောက်မှုရှိပေမယ့် ဖွံ့ဖြိုးဆဲ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာတော့ ဒီ အကျိုးပြု ဘက်တီးရီးယားတွေက လုံလုံလောက် မရှိသေးဘူးပေါ့။ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် အရေးအကြီးဆုံးက အစာခြေစနစ်ပါ။ ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် သေချာတာက အကျိုးပြုဘက်တီးရီးယားလေးတွေ အကောင်းဆုံး ရှင်သန်နိုင်အောင် ထောက်ပံ့ပေးဖို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေရဲ့ အစာခြေစနစ်ထဲက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

မိုးတွေ အကြိုက်ရွာတဲ့ မိုးရာသီပြီးလို့ မကြာခင်မှာ အဝေးရောက်နေသူတွေအားလုံး နေရပ်ကိုပြန်ပြီး မိသားစုတွေနဲ့ ဆုံတွေ့ကြရတော့မယ့် ဆီမီးထိန်ထိန်ညီးတဲ့ သီတင်းကျွတ်ကာလ ရောက်လာတော့မယ်နော်။ ကဲ ... ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့် လေးကို ဘယ်လို အကောင်းဆုံး ဖန်တီးကြမလဲ! မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်က ရာသီဥတုလေး သာယာသလို ကြည်လင်တဲ့ ညကောင်းကင်အောက်မှာ ဆီးမီးတွေထွန်းရင်း ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့ စကားတွေပြောကြ ဖိုးဖိုးဖွားဖွားတို့က မေတ္တာအပြည့်နဲ့ ပြင်ဆင်ပေးထားတဲ့ မုန့်တွေကိုစားရင်း မောင်နှမတွေ ပျော်ပျော်ပါးပါးဆုံရတဲ့ ပျော်ရွှင်မှုက အတိုင်းမသိနော်။ သီတင်းကျွတ်ဆိုတာကလည်း မြန်မာလူမျိုးတွေရဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင် အလေးဂရုပြုမှုကို ပြသတဲ့ အချိန် မဟုတ်လား။ ဒီတော့ သီတင်းကျွတ်ကာလလေးကို ဘယ်လိုများ အကောင်းဆုံး အမှတ်တရတွေ ဖန်တီးပြီး ဖြတ်သန်းကြမလဲ။ သားသားမီးမီးတို့ကိုရော သီတင်းကျွတ်ကာလပျော်စရာတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ကလေးကို အကောင်းဆုံးသော အရာတွေကို ပေးချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒ ပြည့်ဝဖို့ကိုလည်း မိဘတိုင်းက အကောင်အထည်ဖော်နိုင်ပါတယ်။ကလေးရဲ့ အနာဂတ် လှပဖို့ ဖန်တီးပေးနိုင်မယ့် လက်တစ်စုံကလည်း ဖေဖေမေမေတို့ ကိုယ်တိုင်ပဲဆိုတာ မမေ့စေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ချစ်ရတဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်လေးတွေ လှပစေဖို့ မေမေဖေဖေတိုင်း မသိလို့မဖြစ်တဲ့ အချက်လေးတစ်ခုအကြောင်း ပြောပြပေးသွားမှာပါ။ ကလေးတစ်ယောက် ကျန်းမာစွာ ကြီးပြင်းလာစေဖို့ မေမေတို့ မေ့နေနိုင်တဲ့အရာတစ်ခု ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေဖို့ အာဟာရ ပြည့်အောင် ဂရုစိုက်ပါလို့ ပြောလိုက်ရင် ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို အရင် ပြေးမြင်နိုင်ပါတယ်။ တချို့ကလည်း အားရှိဖို့လိုတယ်ဆိုတာတော့ သိပေမဲ့ ဘယ်အစိတ်အပိုင်းအတွက် ဘာအာဟာရဓာတ်ကို အဓိကလိုတယ်...ဘယ်လိုပြည့်ဝအောင် ကလေးကို ကျွေးမွေးရမယ်ဆိုတာကို တိတိကျကျမသိနေတာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ်လေး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြား နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့

ဘိုးဘိုးဘွားဘွားတို့နဲ့ မြေးလေးတို့ဟာ ကြားမှာ မျိုးဆက်တစ်ခုခြားပါတယ်။ မျိုးဆက်အပေါ်အောက်ဖြစ်တဲ့ မိဘနဲ့ သားသမီးကြားမှာတောင် နားလည်မှုလွဲတာ၊ သူ့ခေတ်နဲ့ ကိုယ့်ခေတ် အယူအဆ မတူတာတွေ ရှိသေးတာ၊ မြေးအဘိုးတွေကြားထဲမှာရော မရှိနိုင်ဘူးလား။ ဒါပေမယ့် သားအချစ်၊ မြေးအနှစ်လေ။ ဒီအခက်အခဲတွေကို ဘိုးဘိုးဘွားဘွားတို့ရဲ့ မေတ္တာ၊ မြေးလေးတွေရဲ့ အချစ်နဲ့ ကျော်လွှားနိုင်ပါတယ်။ တချို့ဘိုးဘိုးဘွားဘွားတွေက မြေးအပေါ် စည်းကမ်းတင်းကြပ်သလောက် တချို့ကလည်း အလိုလိုက်ကြပါတယ်။ ဒီလိုပါပဲ။ မြေးလေးတွေမှာလည်း လိမ္မာတဲ့ မြေးလေး ရှိသလို၊ ပြောရခက်တဲ့ ကလေးတွေလည်း ရှိနေတာပါပဲ။ ဒီတော့ ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြားမှာ နွေးထွေးပြီး ပျော်ရွင်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ကြမလဲ။ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ ဘိုးဘိုးဘွားဘွားနဲ့ မြေးငယ်လေးတို့ကြား နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ပုံပြင်လေးတွေ ပြောပြပါ။ စာအုပ်ထဲက ပုံပြင်လေးတွေ အပြင် ဘိုးဘိုးဘွားဘွားတို့ ငယ်ငယ်က အကြောင်းတွေ၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း