backup og meta

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ

    ဖေဖေမေမေ ဘိုးဘိုးဘွားဘွား ဦးဦးတီတီ တို့ရဲ့ နှုတ်ထွက်စကားတွေ ကလေးတွေအပေါ်မှာ ထင်ထားတာထက် အများကြီး ပိုသက်ရောက်နေပါတယ်။ ငယ်စဉ်မှာ ကလေးတွေကို လူကြီးတွေက ပြောလိုက်တဲ့ စကားတွေကို လူကြီးတွေဘက်က အမှုမဲ့အမှတ်မဲ့ ဆိုပေမယ့် ကလေးတွေဘက်က အတော်လေး အလေး ဂရုထားတတ်ကြပါတယ်။

    ဒီလို သင်ယူနေတဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေအပေါ်မှာ ပြောဆိုဆက်ဆံလိုက်တဲ့ ဖေဖေမေမေ ဘိုးဘိုးဘွားဘွား ဦးဦးတီတီ တို့ရဲ့ စကားတွေက သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်လိုက်တယ်ဆိုတာကို သတိထားဖို့ လိုပါမယ်။ ဒီလို သင်ယူနေတဲ့ အရွယ်လေးမှာ ကလေးကို ပြောဆိုတဲ့ စကားတွေမှာ အမှားအယွင်းပါမယ်ဆိုရင် ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်သလို အတုယူမှားတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒီတစ်ခေါက်တော့ သင်ယူနေတဲ့အရွယ် ကလေးတွေကို အကောင်းဆုံး ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကား တွေကဘာတွေ ဖြစ်မလဲ

    မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ

    မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

    ငိုနေတာ ချက်ချင်းတိတ်တော့

    ကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်၊ အဆင်မပြေတာတွေကို ဖော်ပြတဲ့ တစ်ခုတည်းသော နည်းလမ်းက ငိုတာပါ။ ဒီလို ငိုနေချိန်မှာ ငိုနေတာ ချက်ချင်းတိတ်တော့ ဆိုတဲ့ စကားက သူတို့အတွက် အတော်လေး အဆင်မပြေပါဘူး။

    ဒီလို ပြောမယ့်အစား ကလေးက ဘာကြောင့် ငိုရတာလဲဆိုတာကို အဖြေရှာဖို့ ပြောချင်ပါတယ်။ အဖြေရှာမရဘူးဆိုရင်တောင်မှ ကလေးကို တိတ်တော့လို့ မပြောဖို့ အကြံပြုပါရစေ။ ကလေးတွေက အချစ်ခံချင်၊ ဂရုစိုက်ခံချင်တယ်ဆိုရင် ငိုတတ်ကြပါတယ်။

    သူ့လိုမျိုး ကောင်းကောင်း မလုပ်တတ်ဘူးလား

    ကလေးကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ကလေးကို ယုံကြည်မှု ပျက်ပြားစေပါတယ်။ ကလေးကို အဆင့်နဲ့သော် လည်းကောင်း၊ ပညာအရည်အချင်း တစ်ခုခုနဲ့ ပတ်သက်ပြီးတော့သော်လည်းကောင်း အခြားကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ မွေးချင်း မောင်နှမအချင်းချင်း ကြားမှာတောင် နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။

    ကလေးတိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေ၊ စိတ်ဝင်စားမှုတွေ၊ ထူးချွန်မှုတွေ ရှိတယ်ဆိုတာကို သတိပြုပါ။

    ပြောနေသားပဲ/ ငါ မပြောဘူးလား

    ဒီလို ပြောဆိုခံရတဲ့ အခိုက်အတန့်က ကလေးတွေအတွက် အတော်လေး ခက်ခဲစေပါတယ်။ ကလေးက ဘယ်လောက် ဉာဏ်ကောင်းတယ် ပြောပြော တစ်ခုခုကို လုပ်လိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ လူကြီးတွေလောက် မသိတာ အမှန်ပါ။ ဒါကြောင့် ကလေးကို အမှားတစ်ခုခု လုပ်မိတဲ့အခါ ပြောနေသားပဲ/ ငါ မပြောဘူးလား လို့ ပြောမယ့်အစား အကျိုးသင့်အကြောင်းသင့်ကို ရှင်းပြပေးဖို့ လိုပါမယ်။ ဒါမှလည်း ကလေးက နောက်တစ်ကြိမ် လုပ်မိတာမျိုး မရှိဘဲ မှားနေတာကို ပြင်ဆင်လို့ ရမှာပါ။

    ……. မပြီးမချင်း မလုပ်ရဘူး

    အိမ်စာ မပြီးမချင်း တီဗွီ မကြည့်ရဘူး။ ထမင်းမကုန်ရင် မုန့်မစားရဘူး။ ဆိုတာမျိုးတွေက ကလေးကို အကျင့်ပျက်စေသလို စိတ်ရှုပ်ထွေးစေပါတယ်။ ဒီလို ပြောမယ့်အစား အိမ်စာ လုပ်ပြီးမှ တီဗွီကြည့်တော့ အေးအေးဆေးဆေး ကြည့်လို့ရတာပေါ့။ ထမင်းကုန်အောင် စားလိုက်တော့ အားရှိသွားတာပေါ့။ ဒါမှ စူပါမန်း/ ဘတ်မန်းတို့လိုမျိုး အားရှိသွားမှာ စသဖြင့် သူတို့ ကြိုက်တဲ့ ဇာတ်ကောင်လေးတွေနဲ့ ဥပမာပေးပြီး ပြောတာမျိုး လုပ်ပေးပါ။

    ဘာမှ ကြောက်စရာ မရှိတာကို

    ကလေးတိုင်းမှာ အခြေအမြစ် မရှိဘဲကို ကြောက်တတ်တဲ့ အကြောင်းအရင်းတွေက တစ်ခုမဟုတ် တစ်ခု ရှိတတ်ကြပါတယ်။ ဥပမာ အိပ်ရာအောက်ထဲမှာ monster ကြီး ရှိနေတယ်ဆိုတာမျိုးပေါ့။ ဒါကို ကလေးက ကြောက်တယ်လို့ ပြောလာတဲ့အချိန်မှာ ဘာမှ ကြောက်စရာမရှိတာကို ကြံဖန်ပြီး ကြောက်နေပြန်ပြီလို့ ပြောလိုက်တာက ကလေးကို ထိခိုက် နာကျင်စေနိုင်ပါတယ်။

    ဒီလို ပြောမယ့်အစား monster ကြီး ဆိုတာက မရှိပါဘူး။ ခွေးဆိုတာမျိုးကလည်း ကြောက်စရာမှ မဟုတ်တာ သူတို့ကြောက်တဲ့အရာတွေက ဘာမှ အန္တရာယ်မရှိဘူးဆိုတာကို သေသေချာချာလေး ရှင်းပြပေးပါ။

    တော်လိုက်တဲ့ ကလေးပဲ

    မိဘတွေက သားသားမီးမီးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တက်လာအောင်ဆိုပြီး သားသားက တော်လိုက်တာ၊ မီးမီးက တော်တဲ့ ကလေးလေးပဲလို့ ပြောဆိုပေးတာက ကောင်းကျိုးဖြစ်လာတာ မရှိဘဲ ကလေးမှာ ထိခိုက်မှု ဖြစ်စေပါတယ်။

    ဒီလို ပြောလို့ ထူးဆန်းသွားလား …. ကလေးကို တစ်ခုခု လုပ်တာ အောင်မြင်သွားတဲ့အခါ တော်လိုက်တာလို့ ချီးကျူးလိုက်တဲ့အခါ ကလေးက နောက်တစ်ခါမှာလည်း လူကြီးတွေဆီက ချီးကျူးခံရဖို့အတွက် ဒီအတိုင်း ပုံစံမလွဲ လိုက်လုပ်ရင်း ပိုကြိုးစားဖို့ မေ့သွားနိုင်ပါတယ်။ အမှားမခံနိုင်တဲ့ အလေ့အထလည်း အကျင့်ပါသွားနိုင်ပါတယ်။ နောက်ပြီး စိတ်ထဲက မပါဘဲ ချီးကျူးလိုက်တဲ့အခါ ကလေးတွေက သူ့ကို အလေးမထားဘူးလို့ ခံစားရပြီး ကြိုးစားချင်စိတ်မရှိတော့တာမျိုး ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် တကယ်ပြောဖို့ လိုအပ်မှ ဒီစကားကို သုံးသင့်ပါတယ်။

    သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ

    မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက
    • ငိုနေတာ ချက်ချင်းတိတ်တော့
    • သူ့လိုမျိုး ကောင်းကောင်း မလုပ်တတ်ဘူးလား
    • ပြောနေသားပဲ/ ငါ မပြောဘူးလား
    • ……. မပြီးမချင်း မလုပ်ရဘူး
    • ဘာမှ ကြောက်စရာ မရှိတာကို
    • တော်လိုက်တဲ့ ကလေး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement