ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 8, 2021 . 3 mins read
Share now

ကလေးတွေကိုကျွေးတဲ့ အစားအသောက်တွေမှာ မျှတပြည့်ဝတဲ့ အာဟာရတွေပါရမယ်ဆိုတာ မိဘတိုင်းသိပြီးသားဖြစ်မှာပါ။ ၂ နှစ်ကျော်တဲ့ ကလေးတစ်ယောက်က လူကြီးတွေစားသလို လိုက်စားနိုင်တယ်ဆိုပေမယ့် ကလေးနဲ့ လူကြီး လိုအပ်တဲ့အာဟာရတွေကမတူပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကလေးအတွက် သက်သက်စီစဉ်ပေးဖို့ အရေးကြီးပါတယ်။ အာဟာရ အာဟာရဆိုပြီး ကြားဖူးနေကြဖြစ်ပေမယ့် ပြည့်ဝမျှတတဲ့အာဟာရ ရအောင် အစားအသောက်ကိုတွေ ဘယ်လို ပြင်ဆင်ကျွေးရမလဲဆိုတာ မေမေတို့ မသိဖြစ်နေတတ်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ပက်သက်ပြီး ခေါင်းခဲနေတဲ့ မေမေတို့အတွက် ခုပြောပြမယ့် အကြောင်းအရာတွေက အထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်။ ။

ဘာကြောင့် ပြီးပြည့်စုံတဲ့အာဟာရတွေကို ကလေးတွေ ရဖို့လိုအပ်တာလဲ။ ။

အစားအသောက်ဆိုတာ ကလေးတွေ ကြီးထွားဖို့၊ မှတ်ဉာဏ်ရင့်သန်စေဖို့၊ သင်ယူနိုင်စွမ်းမြင့်တက်စေဖို့ အတွက် အဓိကကျတဲ့ အခန်းကနေပါဝင်နေပါတယ်။ မျှတတဲ့ အာဟာရ ရဖို့အတွက် အစာအုပ်စုကြီး၃ ခုက ပင်မ ကျောရိုးကြီးပါ။ ကလေးတွေကို ဘာကျွေးရမှန်းမသိတဲ့ မေမေတို့ အနေနဲ့ အစာအုပ်စုကြီး၃ခု ( အင်အားဖြစ်စေတဲ့အုပ်စု၊ ကိုယ်ခန္ဓာကြီးထွားစေတဲ့အုပ်စု၊ ရောဂါကာကွယ်ပေးတဲ့အုပ်စု) ပါတဲ့ ပိုစတာကို ဝယ်ပြီး ထမင်းစားခန်းထဲ ချိတ်ထားလိုက်ပါ။ ကလေးအတွက် အစားအသောက်တွေ ပြင်ဆင်တိုင်း ပိုစတာလေးကိုကြည့်ပေါ့။ တချို့ ပိုစတာ မရှိသေးတဲ့ မေမေတို့ကလည်း ခုအောက်မှာပြောပြထားတဲ့အတိုင်း အစားအသောက်တွေကို ပြင်ဆင်လို့ရပါတယ်။ ကဲ ဘယ်လိုပြင်ဆင်ရမလဲ ကလေးကိုဘာတွေ ကျွေးရမလဲဆိုတာ ဆက်ကြည့်ရအောင်။

ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုရဖို့အတွက် ခုပြောပြမယ့် အာဟာရ ၈ မျိုးပါအောင် ကလေးတွေနေ့တိုင်း စားပေးရပါမယ်။ ။

၁။ ပရိုတင်း ( အသားဓာတ်)

  • ပရိုတင်းဓာတ်ဆိုတာ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကဖြစ်လို့ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။
  • ပရိုတင်းကို ဖြိုခွဲလိုက်ရင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေထွက်လာတယ်။
  • ပရိုတင်းမှာပါတဲ့ အမိုင်နိုအက်ဆစ်( amino acid)တွေက ရောဂါပိုးဝင်တာတွေကနေလည်း ကာကွယ်ပေးပါတယ်။

ဒါကြောင့် ကလေးတစ်ယောက်ဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးသင့်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။ ထူးထူးခြားခြားစဉ်းစားနေစရာ မလိုပါဘူး။ ပရိုတင်း( အသားဓာတ်) ဆိုတော့ အသားတွေစားလိုက်တာနဲ့ ရပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးဥ အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေက ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေပါ။

၂။ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)

ကစီဓာတ်ဆိုတာ ကြီးထွားဖို့တာဆူနေတဲ့ ကလေးတစ်ယောက်အတွက် တကယ်ကို အရေးကြီးတဲ့ အာဟာရတစ်ခုပါ။ ပရိုတင်းတွေ အဆီဓာတ်တွေကိုသုံးပြီး ကိုယ်ခန္ဓာရဲ့တစ်ရှူးတွေကို တည်ဆောက်တဲ့နေရာမှာ ကာဗိုဟိုက်ဒရိတ်က အဓိက ကူညီပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို ကစီဓာတ်၊ သကြားဓာတ်နဲ့ အမျှင်ဓာတ် ၃ မျိုးလုံးကနေရပါတယ်။ ကလေးတွေအတွက်ကတော့ ကာဗိုဟိုက်ဒရိတ်ရအောင် ကစီဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့

  • ထမင်း
  • ပေါင်မုန့်
  • ဘီစကစ်မုန့်
  • အာလူး စတာတွေ ဖြစ်ပါတယ်။ ဒါတွေကလည်း ကလေးတွေ အကြိုက်ဖြစ်လို့ ကလေးတွေ မစားမှာ စိတ်ပူစရာတော့ မလိုဘူးနော်။

၃။ အဆီဓာတ်။

လူကြီးတွေ အတွက် အဆီဓာတ်က မကောင်းပေမယ့် ကလေးတွေအတွက်တော့ စွမ်းအင်တွေရဖို့ အဆီဓာတ်က အရေးကြီးပါတယ်။ ဒါဆို ဘယ်လိုအစားအသောက်တွေစားပေးရင် အဆီဓာတ်တွေရမလဲ။

  • ဟင်းချက်ဆီ( မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ)
  • နို့နဲ့နို့ထွက်ပစ္စည်းတွေ
  • ငါးအမျိုးမျိုး
  • အစေ့အဆန် ( မြေပဲ၊ သစ်ကြားသီး၊ ဗန်ဒါစေ့) တို့က အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ အဆီဓာတ်ရအောင်ဆိုပြီး ကလေးတွေကို ဆီကြော်မုန့်တွေတော့ မကျွေးသင့်ဘူးနော်။ ဆီကြော်မုန့်တွေထဲမှာ ကျန်းမာရေးနဲ့ မညီတဲ့ ပြည့်ဝဆီတွေပဲပါလို့ပါ။

၄။ ကယ်လ်စီယမ်။

ကလေးတစ်ယောက်က ကိုယ်ခန္ဓာကြီးထွားဖို့အတွက်တင်မက အရိုးအဆစ်နဲ့ သွားတွေသန်မာဖို့လည်း အရေးကြီးပါတယ်။ အရိုးအဆစ်သန်မာဖို့အတွက် မရှိမဖြစ်လိုအပ်တာကတော့ ပါ။ သူက အရိုးအဆစ် သန်မာစေဖို့အတွက်ပဲမဟုတ် သွေးတိတ်စေဖို့၊ အာရုံကြော၊နှလုံးနဲ့ ကြွက်သားတွေ ပုံမှန်အလုပ်လုပ်ဖို့အတွက်လည်း ကူညီပေးနေတဲ့သူပါ။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကတော့

  • နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ
  • ကြက်ဥအနှစ်၊ တို့ဖူး
  • ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ်
  • ပုစွန်ဆိတ်၊ အရိုးပြုတ်ရည်တို့ပဲဖြစ်ပါတယ်။

၅။ သံဓာတ်။

ကလေးတစ်ယောက်က လူကြီးတွေထက်စာရင် သွေးအားနည်းဝေဒနာတွေ ပိုခံစားရတတ်ပါတယ်။ သွေးအားနည်းဝေဒနာကို ကာကွယ်ဖို့အတွက်ဆို သံဓာတ်က မရှိမဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ သံဓာတ်က သွေးနီဥတွေတည်ဆောက်ဖို့အတွက် အဓိကနေရာက ပါဝင်တဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥတွေ သယ်တဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့်သံဓာတ်ကြွယ်ဝတဲ့

  • အနီရောင်ရှိတဲ့အသား၊ အသည်း
  • ငါးအမျိုးမျိုး၊ ပုစွန်ဆိတ်
  • ပဲအမျိုးမျိုး၊ တိုဖူး
  • ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီစိမ်း
  • အစေ့အဆံ ( ဖရုံစေ့)
  • ချောကလက် တွေပါဝင်တဲ့ အစားအသောက်တွေကို ကလေးတွေအနေနဲ့ အနည်းဆုံး တစ်နေ့တစ်ခုလောက်တော့ စားပေးရပါမယ်။ ဒါမှ သံဓာတ်အားနည်းပြီးသွေးအားနည်းတဲ့ ဝေဒနာတွေ ကလေးတို့ မခံစားရမှာဖြစ်ပါတယ်။

၆။ ဖောလိတ် ( Folate)။

ကိုယ်ဝန်ဆောင်မိခင်တွေ ဖောလိတ် ( Folate) ခေါ် ဖောလစ်အက်ဆစ် (Folic acid ) ဆေးပြားတွေသောက်ရတာ အားလုံးသိပြီးဖြစ်မှာပါ။ ဘာကြောင့်သောက်ရတာလဲဆိုတော့ ဖောလိတ် ( Folate) ဟာ သန္ဓေသားဖွံ့ဖြိုးမှုကို အားပေးလို့ဖြစ်ပါတယ်။ သန္ဓေသားဘဝကနေ လွန်မြောက်လာတဲ့ ကလေးတွေမှာလည်း ဖောလိတ် ( Folate) ဓာတ်က ဆက်လိုနေသေးပါတယ်။ သူက ကလေးတစ်ယောက်ရဲ့ကြီးထွားမှုကို ကူညီပေးတဲ့အပြင် သွေးအားနည်းတာကိုပါ ကာကွယ်ပေးလို့ဖြစ်ပါတယ်။ အမေဗိုက်ထဲမှာတုန်းက အမေဆီကနေ ဖောလိတ် ( Folate)ဓာတ်ရပေမယ့် အပြင်ရောက်လူလားမြောက်လာတဲ့ အခါကျရင်တော့ ဖောလိတ် ( Folate)ဓာတ်ကြွယ်တဲ့အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။

  • ပဲအမျိုးမျိုး( ပဲနီလေး၊ ကုလားပဲ၊ ပဲကြီး)
  • ကညွတ်ပင်၊ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီစိမ်း
  • ဥ အမျိုးမျိုး
  • သစ်ကြားသီး
  • အမဲအသည်း တို့ဟာ ဖောလိတ် ( Folate) ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။

၇။ အမျှင်ဓာတ်

ကလေးတွေကို အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေကျွေးဖို့ဆိုတာ မေမေတို့ အတွက်ကတော့ စိန်ခေါ်မှုကြီး တစ်ခုပါ။ ကလေးတွေက အသားတွေကို ပိုကြိုက်ကြပြီး အသီးအရွက်တွေကိုဆို ကြေးများတတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြေးများများ အမျှင်ဓာတ်ဆိုတာ ရောဂါကာကွယ်ပေးတဲ့ အုပ်စုထဲပါနေတော့ ကလေးတွေ စားမှကိုဖြစ်မှာပါ။ ချော့ကျွေးရမှာပေ့ါ။

  • အသီး ( ပန်သီး၊ ထောပတ်သီး၊ ငှက်ပျောသီး ) ။ အသီးတွေအားလုံးလိုလိုမှာ အမျှင်ဓာတ်က ကြွယ်ဝပြီးသားပါ။
  • အစိမ်းရောင်ရှိတဲ့ အရွက်အမျိုးမျိုး
  • ပဲအမျိုးမျိုး တို့က အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ ကလေးတွေ အသီးမစားချင်ရင် အသီးဖျော်ရည်တွေ လုပ်တိုက်လို့ရပါတယ်။ အမျှင်ဓာတ်က ကလေးတွေအဖြစ်များတဲ့ ဝမ်းချုပ်တာကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုပါ။

၈။ ဗီတာမင်နဲ့ သတ္တုဓာတ်။

ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ချန်ခဲ့လို့မရပါဘူး။ သူတို့ကလည်း သူ့နေရာနဲ့သူ အရေးကြီးတဲ့ တာဝန်တွေကိုထမ်းဆောင်နေရတာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကတော့

  • ဗီတာမင် A (ဟင်းနုနွယ်၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ စပျစ်သီး)
  • ဗီတာမင် B (အသားငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသည်း)
  • ဗီတာမင် C ( ချဉ်သော အသီးအရွက်များ)
  • ဗီတာမင် D ( အသားငါး၊ နို့နဲနို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ အရိုးပြုတ်ရည်)
  • ဗီတာမင် E ( နေကြာစေ့၊ မြေပဲ၊ ထောပတ်သီး၊ ကီဝီသီး)
  • ဗီတာမင် K ( ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲနို့၊ ဒိန်ခဲ) တို့ပဲဖြစ်ပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေမှာ သတ္တုဓါတ်တွေပါ ပါပြီးသားဖြစ်ပါတယ်။

ခုပြောပြခဲ့တာတွေကတော့ ပြီးပြည့်စုံတဲ့ အာဟာရ ရဖို့အတွက် ကလေးတစ်ယောက်စားသင့်တာတွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ အစားအသောက်တွေ ကလေးအတွက်စီစဉ်ရတာ ခေါင်းစားနေတဲ့ မေမေတို့အတွက် ခုပြောခဲ့တဲ့ အစားအသောက်တွေထဲက အနည်းဆုံး တစ်ခုစီပါအောင် ကျွေးနိုင်ရင် သင့်ကလေး အာဟာရ မပြည့်မှာကို စိတ်ပူစရာ မလိုတော့ဘူးနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

ဆောင်းတွင်းမှာ ကိုယ်ခံအားကောင်းမွန်စေဖို့ဆိုရင် အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်မလဲ ဆိုတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမဲ့အစားအသောက်တွေသိရှိရုံနဲ့မပြီးသေးပါဘူး။ အရိုးကိုတဖြည်းဖြည်းအားနည်းစေနိုင်တဲ့ အစားအသောက်တွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေကို ကာကွယ်ဖို့ သွားပုံမှန်တိုက်တာ၊ ဗီတာမင်ဒီမချို့တဲ့အောင် နေတာ၊ အချိုတွေ လျှော့စားတာ၊ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးသုံးတာစတာတွေလိုက်နာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2020 . 2 mins read
ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 1 min read