home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

အရွယ်ရောက်လာလေလေ အာဟာရလိုအပ်ချက်ပိုများလာလေလေပါ။ အသက် ၆ လအထိက မိခင်နို့ရည်တစ်မျိုးတည်းနဲ့လုံလောက်တယ်ဆိုပေမယ့် ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့အပြင် Growing milk ဒါမှမဟုတ်ဖြည့်စွက်အာဟာရတွေပါတွဲဖက်ကျွေးဖို့လိုအပ်လာပါမယ်။ ဒီလိုတဖြည်းဖြည်းချင်း အသက်ရလာလေလေ လိုအပ်တဲ့အာဟာရပြည့်မီအောင်ဖြည့်တင်းရင်းနဲ့ ကလေးကို အစားအစာတွေကို စမ်းကျွေးလာရပါတယ်။ ဒီလိုကျွေးတဲ့အခါမှာလည်း ကလေးက ငယ်လွန်းသေးတာကြောင့် လူကြီးတွေစားတဲ့အတိုင်းကျွေးလို့မဖြစ်သေးပြန်ပါဘူး။ ဒီနေရာမှာ မေးစရာရှိလာတာတစ်ခုက ကဲ ဒီတော့ အစားစစားတတ်စ ကလေးကို ဘယ်လိုများပြင်ဆင်ကျွေးမွေးရမလဲပေါ့။ပြောပြမယ်လေ ……

ကလေးကို ဘယ်အချိန်မှာ အစားစကျွေးမလဲ

ကလေးက ၆ လကျော်လာပြီဆိုရင် ကလေးကို အစားစကျွေးလို့ရပါပြီ။ ကလေးကိုဖြည်းဖြည်းချင်း နည်းနည်းချင်းစကျွေးဖို့တော့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ ကလေးရဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ဗီတာမင် သတ္တုဓါတ်တွြေပည့်ပြည့်စုံစုံပါဝင်အောင် ဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။နောက်တစ်ချက်ကတော့ ကလေးကို စကျွေးမယ့်အစားအစာတွေက အစာကြေလွယ်မယ့်ခပ်ပျော့ပျော့အစားအစာတွေဖြစ်ဖို့လိုအပ်မှာပါ။ ကလေးကိုစကျွေးစမှာ ဇွန်းတစ်ဝက်စာလောက်လေးကနေစပါ။ပြီးမှ တဖြည်းဖြည်းချင်းတိုးကျွေးသွားပေါ့။

ကလေးက အစားစစားချိန်မှာ မျိုချဖို့အခက်အခဲရှိနေမှာပါ။ နို့ကလွဲလို့ အခြားအရာတွေကိုမှ မျိုမချဖူးသေးတာကိုး။ နောက်တစ်ခုကမစားဖူးသေးတဲ့အရသာဖြစ်နေတာကြောင့် စားဖို့ငြင်းဆန်တာမျိုးလည်းကြုံရနိုင်ပါတယ်။ တဖြည်းဖြည်းကြာလာတော့လည်း ကလေးက အရသာတွေကို ခံစားတတ်လာ မျိုချရတာကို အသားကျလာတဲ့အခါကျွေးရတာအဆင်ပြေလာမှာပါ။ အစားစကျွေးစမှာ ကလေးက ခဏခဏထွေးထုတ်တာမျိုးကြုံရနိုင်ပါတယ်။

ကလေးကထွေးထုတ်တာ၊ မစားဘူးလို့ငြင်းဆန်တဲ့အခါ စိတ်ပျက်မသွားပါနဲ့။ဖြည်းဖြည်းချင်းကျွေးပါ။ စိတ်ရှည်ဖို့လိုပါမယ်။ လူတွေရဲ့ သဘောကိုက မစားဖူးတာကို စားဖို့တော်တော်လေးအချိန်ယူတတ်ကြပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့ကလည်း အာဟာရပြည့်ဝဖို့လိုမှာဆိုတော့ စိတ်တော့ရှည်ပါမေမေဖေဖေတို့ရေ…..

ဒီနေရာမှာ မမေ့သင့်တဲ့အချက်တစ်ခုက ကလေးက မိခင်နို့တစ်မျိုးတည်းသောက်ရာကနေ အစားတွေကို စစားပြီဆိုတော့ ကလေးရဲ့ ဝမ်းအရောင်ပြောင်းတာ၊ ဝမ်းအရည်သွားနေရင်းက အတုံးတွေဖြစ်လာတာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။ ဒါကပုံမှန်ပဲမို့ အရမ်းစိတ်မပူသွားပါနဲ့နော်။

ကလေးကို စကျွေးသင့်တဲ့ အစားအစာတွေက

ကလေးက ၆ လမှာ အစားစကျွေးလို့ရပြီလို့ပြောခဲ့တယ်နော်။ ဒီတော့ဘာတွေများကျွေးမလဲ ဆက်ကြည့်လိုက်ရအောင်နော်။

ကလေးကို သံဓါတ်ြပည့်ဝတဲ့ အစားအစာတွေကျွေးမွေးပေးရပါမယ်။ ဒါမှသံဓါတ်အားနည်းတာကြောင့်ဖြစ်တြ့ဲပဿနာတွေကင်းဝေးစေမှာပါ။ ဒါတေါတင်မဟုတ်သေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ Omega-3၊ Omega-6၊ DHA နဲ့ အခြားသောဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝအောင်ကျွေးမွေးဖို့လိုအပ်ပါမယ်။ ကလေးကိုကျွေးတဲ့အစားအစာတွေထဲမှာ လိုအပ်တဲ့ အာဟာရတွေပြည့်ဝမှ ကလေးကကျန်းကျန်းမာမာနဲ့ဖွံ့ဖြိုးမှာပါ။

ကလေးကိုအစားစကျွေးတဲ့အခါ သံဓါတ်ဖြည့်စွက်ထားတဲ့ Cereal ကိုမိခင်နို့နဲ့ဖျော်စပ်ပြီး နည်းနည်းချင်းကျွေးကြည့်ပါ။ ကလေးကို စကျွေးစမှာ မိခင်လည်းတိုက်ရင်း အစားကိုလည်း လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်၊နောက်ပိုင်းမှာ တစ်ဇွန်းစာပြီးရင်ဖြည်းဖြည်းချင်း နှစ်ဇွန်း သုံးဇွန်းစီတိုးကျွေးသွားပေါ့။ ကလေးက စားတတ်လာပြီဆိုရင် ထမင်း၊ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို ကလေးစားရလွယ်အောင် ကြိတ်ခြေပေးပြီးကျွေးလို့ရပါတယ်။

ကလေးကို စကျွေးတဲ့အစားအစာတွေထဲမှာ ဘာတွေထည့်ကျွေးမလဲ

သံဓါတ်ရဖို့အတွက် ကတော့

  • သံဓါတ်ဖြည့်စွက်ထားတဲ့ Cereal
  • အခြားသံဓါတ်ဖြည့်စွက်ထားတဲ့ အာဟာရတွေ

ပရိုတင်းဓါတ်ရဖို့အတွက်ကတော့

ဟင်းသီးဟင်းရွက်တွေကတော့

သစ်သီးတွေအနေနဲ့ကတော့

ဘယ်လိုပြင်ဆင်ပေးမလဲ

  • အသားတွေကိုသေချာကျက်အောင်ချက်ပါ။ ဆားနည်းနည်းပဲထည့်ပါ။ အချိုမှုန့်လုံးဝမထည့်ပါနဲ့။ အသားကျက်အောင်ချက်မှာ ကလေးက အစာကြေပြီး သန်မထမှာပါ။
  • ဟင်းသီးဟင်းရွက်တွေကိုတော့ရေနည်းနည်းနဲ့ပြုတ်ပေးပါ။ ဆား၊သကြား၊အချိုမှုန့်ဘာမှ မထည့်ပါနဲ့။
  • သစ်သီးတွေကိုတော့ရေစင်အောင်ဆေးကြောပြီး ကြိတ်စက်ထဲထည့်ကြိတ်ပေးပါ။
  • ကလေးအတွက် အစားအစာတွေပြင်ဆင်ပေးတဲ့အခါ လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာတွေဖြစ်ဖို့ အဓိကဂရုစိုက်ပေးပါ။
  • အစားအစာတွေမပြင်ဆင်ခင်မှာ လက်ကို စင်ကြယ်အောင်ဆေးကြောပေးပါ။
  • ကလေးကို မခွံခင်မှာလည်း လက်ကိုသေချာဆေးကြောသန့်စင်ပါ။
  • အစားအစာပြင်ဆင်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပါ။
  • အသားတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို သပ်သပ်စီခွဲထားပါ။
  • စဉ်းတီတုံးကို လည်း ဟင်းရွက်လှီးတာနဲ့အသားလှီးတာ သက်သက်စီခွဲထားပေးပါ။
  • ပြင်ဆင်ပြီးသားအစားအစာတွေကို ဗူးလေးနဲ့လုံအောင်ပိတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းပေးပါ။
  • ကလေးအတွက်အစားအစာတွေပြန်နွှေးပေးတဲ့အခါမှာလည်း လုံးဝအေးသွားမှ ကလေးကိုကျွေးပါ။
  • အစားအစာတွေကို တစ်ကြိမ်ထပ်ပိုပြီးပြန်နွှေးတာမျိုးမလုပ်ပါနဲ့။
  • အစားအစာတွေကို တိရစ္ဆာန်တွေနဲ့ခပ်ဝေးဝေးမှာထားပေးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How to start feeding your baby solidshttps://healthywa.wa.gov.au/Articles/F_I/How-to-start-feeding-your-baby-solids Accessed Date 27 November 2018

Introducing solidshttps://www.babycenter.com/0_introducing-solids_113.bc Accessed Date 27 November 2018

Preparing first foodshttps://www.babycentre.co.uk/a546665/preparing-first-foods Accessed Date 27 November 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။