ဒီအချိန်မှာ အစားအစာပြင်ဆင်ပေးရတာခက်လာပြီဖြစ်ပြီး စိတ်ရှည်ရှည်ထားရတဲ့အချိန်ကိုလည်းရောက်လာပါပြီ။ ကလေးက အစားအစာတွေ စစားချိန်ဆိုတော့သေချာအရသာကိုမသိသေးပါဘူး။ မိဘတွေအနေနဲ့ စိတ်ရှည်ရှည်လေးကျွေးပေးမှ ကလေးက အစားမရွေးတမ်းစားတတ်တဲ့ ချစ်စရာကလေးတစ်ယောက်အဖြစ် ကျန်းကျန်းမာမာကြီးပြင်းလာမှာပါ။
ကလေးကအစားစစားပြီဆိုရင် အစားရဲ့အရသာသိအောင်အပြင် ဘယ်လိုမျိုးဝါးစားရမယ်ဆိုတာကိုပါပြောပြသင်ပေးရမှာပါ။ ဒီလိုမိတ်ဆက်ပေးတဲ့အခါ အဆင်ပြေပြေလေးဖြစ်စေမယ့် နည်းလမ်းလေးအချို့ကိုပြောပြပေးပါရစေ။
ကလေးကို အစားအသစ်တစ်ခုခုနဲ့မိတ်ဆက်တဲ့အခါ သူကြိုက်တတ်တာလေးနဲ့ရောကျွးပါ – ကလေးက မစားဖူးတဲ့အစားကိုစားခါနီးမှာ မစားချင်သလိုလုပ်နေနိုင်ပါတယ် ဒီလိုပြဿနာကကင်းဝေးချင်ရင်တော့ ကလေးကို သူကြိုက်တတ်တဲ့စားစရာလေးနဲ့ ကိုယ်ကျွေးချင်တဲ့ စားစရာလေးကို တွဲဖက်ကျွေးပေးပါနော်။
အတင်းဖိအားမပေးပါနဲ့ – ကလေးက မစားချင်လို့ငြင်းနေတဲ့ အစားအစာတွေကို အတင်းစားခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးကရေရှည်မှာ ဒီအစားအစာကို လုံးဝမစားတော့တာမျိုးဖြစ်သွားနိုင်လို့ပါ။ ကလေးကစားကြည့်ဖို့တိုက်တွန်းပြီး သူ့သဘောနဲ့သူစားလာအောင်ပဲအချိန်ပေးလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။