backup og meta

သွေးတိုးရှိသူတိုင်း သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက ဘာတွေများလဲ……..

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးရှိသူတိုင်း သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက ဘာတွေများလဲ……..

    အသံတိတ် လူသတ်သမားရယ်လို့ တင်စားရလောက်အောင်အထိ ပြင်းထန်တဲ့ သွေးတိုးရောဂါက ကမ္ဘာပေါ်က လူတော်တေ်ာများများကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သွေးတိုးရောဂါဆိုတာ ရုတ်တရက် ကြည့်လိုက်ရင် အသက်အန္တရာယ်ကို ထိခိုက်လောက်အောင်အထိ မပြင်းထန်ဘူးလို့ ယူဆစရာရှိပေမယ့် တကယ်ကတော့ အခန့်မသင့်ရင် အသက်ကို ရန်ရှာနိုင်တဲ့ နာတာရှည်ရောဂါတစ်ခုပါ။

    သွေးတိုးနဲ့ သူ့အပေါင်းအပါတစ်စု

    သွေးတိုးဆိုတာက ခန္ဓာကိုယ်အနှံ့အပြားကို သွေးတွေ စီးဆင်းရောက်ရှိစေဖို့ နှလုံးက ပုံမှန်ထက်ပိုအားစိုက်လို့ သွေးတွေကို ညှစ်ထုတ်ရတဲ့ အခြေအနေပါ။ ဒီလိုနဲ့ သွေးတိုးတာကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ လေဖြတ်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ အမြင်အာရုံ ထိခိုက်တာတွေ ခံစားရနိုင်ပါတယ်။

    လူတော်တော်များများဟာ သူတို့ဘဝ သက်တမ်းတလျှောက်မှာ သွေးတိုးရောဂါကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားတတ်ကြရပါတယ်။ အဖြစ်များတဲ့ ရောဂါတစ်ခုလို့ ဆိုရမှာပေါ့။ ဒါပေမယ့် အခုဆိုရင် လူတော်တော်များများ သွေးတိုးရောဂါ ခံစားရမယ်ဆိုတာက ခေါက်ထားလို့ ရမယ့်အခြေအနေတစ်ခုကိုရောက်လာပါပြီ။ ဒီလိုပြောရတဲ့ အကြောင်းကတော့ ယနေ့ခေတ်မှာ တိုးတက်ပြောင်းလဲလာတဲ့ အနေအထားအရ စားသောက်နေထိုင်မှုပုံစံကို မှန်မှန်ကန်ကန်ပြောင်းလဲ လိုက်မယ်ဆိုရင် သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်လို့တောင် ရပါတယ်။

    သွေးတိုးရောဂါ သေချာလေး ဂရုစိုက်ပါ

    တကယ်လို့ သွေးတိုးရောဂါခံစားနေရပြီဆိုရင်လည်း သွေးတိုးကြောင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်စေဖို့ နေထိုင်မှုပုံစံကို ပြောင်းလဲတာ၊ အစားအသောက်ပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြင်ဆင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ထိုက်သင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရယူတာမျိုးတွေကို လုပ်ဆောင်ဖို့လိုပါမယ်။ ဒီလိုမျိုး သွေးတိုးကို ထိန်းသိမ်းမှုမှာ အထိရောက်ဆုံးနဲ့ အရိုးစင်းဆုံး နည်းလမ်းကောင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ အသီးဖျော်ရည်တွေ သောက်သုံးပြီး သွေးတိုးကို ထိန်းညှိတာပါ။

    သွေးတိုးကို ထိန်းညှိတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာ ရောက်သလို အသက်ရှည် ကျန်းမာစေဖို့လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ သွေးတိုးကို ထိန်းညှိဖို့ ဒါလေးတွေသောက်ပေးဖို့ အကြံပြုပါရစေနော်။

    BEET ဖျော်ရည်

    လေ့လာမှုတွေအရ beet ဖျော်ရည်တစ်ခွက်က သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ beet ဖျော်ရည်မှာ နိုက်ထရိတ်ကြွယ်ဝစွာ ပါဝင်နေမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးတာ ပါ။ သွေးတိုးရှိသူတွေအနေနဲ့ သွေးတိုးသက်သာစေဖို့ သောက်ပေးသင့်ပါတယ်။

    တရုတ်နံနံ ဖျော်ရည်

    တရုတ်နံနံဖျော်ရည်က အာရုံကြောပေါ်မှာ သက်ရောက်နေတဲ့ တင်းအားတွေကို လျော့ကျစေနိုင်ပါတယ်။ တရုတ်တိုင်းရင်း ဆေးနည်းတွေမှာလည်း သွေးတိုးကျစေဖို့အတွက် တရုတ်နံနံကို အသုံးပြုခဲ့ကြပါတယ်။

    သွေးတိုးရှိသူတွေ အနေနဲ့ တရုတ်နံနံဖျော်ရည် တစ်ခွက်ပုံမှန် သောက်သုံးပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ် အနှံ့ကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေနိုင်ပါတယ်။

    မုန်လာဥနီ ဖျော်ရည်

    ကုန်ကျစရိတ် သိပ်မများသလို အရောင်အသွေးရော အရသာပါ ပြည့်စုံတဲ့ မုန်လာဥနီဖျော်ရည်က ဓာတ်တိုးဆန်ပကျင် အာနိသင် ကြွယ်ဝပြီး အမျှင်ဓာတ် နဲ့ သွေးကြောတွေကို ကျန်းမာစေနိုင်တဲ့ phenoloic ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်နေပါ တယ်။

    မုန်လာဥနီဖျော်ရည်က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ တစ်ခုသတိထားရမှာက မုန်လာဥနီမှာ သကြားဓာတ်ပါဝင်မှုများတာကြောင့် အခြားအသီးအရွက်တွေထည့်ဖျော်တာမျိုး လုပ်ပေးတာက ပိုအဆင်ပြေနိုင်မှာပါ။

    ခရမ်းချဉ်သီး ဖျော်ရည်

    ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်တဲ့ဓာတ် တစ်ခုပါ။ ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ နောက်တစ်ချက်က ခရမ်းချဉ်သီးဖျော်ရည်က သွေးတိုးကိုတင် သက်သာစေတာမဟုတ်ဘဲ ကိုယ်အလေးချိန်ကိုပါ အကောင်းဆုံးထိန်းညှိပေးနိုင်တာပါ။ ဒါကြောင့် သွေးတိုးသက်သာစေဖို့ဆိုရင် ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်သုံးပေးလို့ရပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement