backup og meta

အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

    သကြားပါဝင်မှုများတဲ့ အစားအစာ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အမြဲ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ဆီ၊ ဆား၊ သကြား ကို တတ်နိုင်သလောက် လျှော့စားဖို့ လူကြီးမိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။

    သကြားဓါတ်ဟာ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် အဝလွန်တာ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့် အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။

    ၁။ အဝလွန်လာမယ်။

    အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓါတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ထွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။

    ၂။ ကိုယ်ခံအားနည်းလာမယ်။

    အချိုစားလွန်းတဲ့ ကလေးတွေဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို လုံလောက်စွာ မရရှိတာကြောင့် ကိုယ်ခံအားနည်းလာမယ်။ ကြာလာရင် အမောမခံနိုင်တာ၊ မကြာခဏဖျားနာတာတွေ ဖြစ်လာနိုင်ပါတယ်။

    ၃။ အာဟာရချို့တဲ့လာမယ်။

    ကလေးတွေဟာ ချိုလွန်းတဲ့ မုန့်တွေ၊ အအေးတွေကို မကြာခဏစားသောက်တဲ့အခါမှာ အာဟာရြဖစ်စေတဲ့ အစားအစာတွေကို စားဖို့ စိတ်မပါတော့ပါဘူး။ ဒီအခါမှာ ကိုယ်ခန္ဓါကြီးထွားမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ဗီတာမင်ဓါတ်တွေ မလုံလောက်တဲ့အတွက် ရောဂါတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ်။

    ၄။ သွားတွေ ပျက်စီးလာမယ်။

    သကြားဓါတ်ဟာ သွားနဲ့ ခံတွင်းကို ဆိုးရွားစွာ ထိခိုက်စေတဲ့ တရားခံတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အချိုဓါတ်များတဲ့ ဆိုဒါလို အအေးတွေ၊ ဖျော်ရည်တွေ သောက်တဲ့ ကလေးတွေ၊ သကြားလုံး၊ အချိုမုန့်မကြာခဏစားတတ်တဲ့ ကလေးတွေမှာ သွားပိုးပေါက်တွေ ဖြစ်လာတာ၊ သွားကြားထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုပေါက်ဖွားလာနိုင်လို့ သွားဟာ ကျိုးပဲ့ပျက်စီးလာနိုင်ပါတယ်။

    ၅။ မှတ်ဉာဏ်တွေကို ထိခိုက်စေတယ်။

    သကြားဓါတ်ဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။ အချိုဓါတ်စားသုံးမှုများတဲ့ ကလေးတွေဟာ စာမလိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏသတိမေ့တာတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်နေ့တာ အချိုစားသုံးမှုပမာဏကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။

    ၆။ မကြာခဏ ဆာလောင်နေစေတယ်။

    သကြားဓါတ်ဟာ စားသလောက် ဗိုက်ဝသွားတာမျိုး မဖြစ်စေပဲ မကြာခဏ ဗိုက်ဆာစေပါတယ်။ စားသလောက် မဝတဲ့အခါမှာ ကလေးတွေက ဒီအချိုမုန့်ကိုပဲ ထပ်ကာ ထပ်ကာ စားလာကြပါတယ်။ အာဟာရဓါတ်ကိုလည်း မပေးနိုင်တဲ့အပြင် အချိန်ကြာလာတဲ့အခါမှာ အဝလွန်လာပြီး ကလေးတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

    ၇။ ချောင်းဆိုး၊ ရင်ကျပ်စေတယ်။

    သကြားဓါတ်များတဲ့ အစားအစာတွေ မကြာခဏစားတဲ့ ကလေးတွေမှာ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ချွဲကျပ်တာတွေ အဖြစ်များပါတယ်။ စိုးရိမ်ရတဲ့အခြေအနေလောက်ထိ မဟုတ်ပေမယ့် ချောင်းဆိုးနေတဲ့အခါကျ ကိုယ်တိုင်ရော ဘေးလူတွေပါ စိတ်ကသိကအောင့် ဖြစ်စေတာပေါ့။

    ၈။ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ခြေ မြင့်တက်စေတယ်။

    အချိုဓါတ်ပါဝင်မှုများတဲ့ အစားအသောက်တွေဟာ အဝလွန်စေတဲ့အပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါတွေနဲ့ တချို့သောကင်ဆာရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

    ၉။ စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်။

    ကိတ်မုန့်၊ ဆိုဒါဖျော်ရည် အစရှိတဲ့ အချိုဓါတ်များတဲ့ အစားအစာတွေဟာ စိတ်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်မျိုးပါပဲ။ အချိုအရမ်းစားလွန်းတဲ့ ကလေးတွေမှာ စိတ်အတက်အကျမြန်တာအပြင် မောပန်းလွယ်တဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။

    ၁၀။ စိတ်ကိုစွဲလန်းစေတယ်။

    အချိုဓါတ်ဟာ မစားရရင် မနေနိုင်အောင် ကလေးတွေရဲ့ စိတ်ကိုစွဲလန်းစေနိုင်တဲ့ ဓါတ်တစ်မျိုးပဲဖြစ်ပါတယ်။ ချိုလွန်းတဲ့ အရသာကြောင့် ကလေးအများစု နှစ်ခြိုက်ကြတယ်။ အချိုတွေ စားပြီးတိုင်း ထပ်စားချင်လာတယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားချင်စိတ်တွေနည်းလာတယ်။ ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မရတဲ့အခါမှာ ကလေးတွေရဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေးကို ထိခိုက်လာပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement