backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ဆိုတာ ဘာလဲ

အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း

ဆိုတာ မြင်ကွင်းအလယ်မှာ မှုန်နေတာ သို့မဟုတ် လုံးဝမမြင်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီအခြေအနေဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း

(ARM) အမျိုးမျိုးရှိပြီး ရောဂါလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ပုံမှန်အားဖြင့် အစပိုင်းမှာ မြင်ကွင်းအလယ် မှုန်ဝါးတာကနေ အမည်းကွက်ကြီးအထိ ဖြစ်လာနိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့

  • အရောင်တွေခွဲခြားနိုင်စွမ်းပျောက်ဆုံးခြင်း
  • အမြင်မကြည်လင်ခြင်း
  • ပုံရိပ်ဖျော့နေခြင်း သို့ ထပ်နေခြင်း
  • အနီးမှုန်၊ အဝေးမှုန် နှင့် ပြတ်သားမှုမရှိခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ

သူ့ရဲ့နာမည်အတိုင်းပါပဲ။ ဒီရောဂါဟာ အသက်ကြီးလာရင် ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အချက်များ

မိသားစုဝင်ထဲမှာ ဒီရောဂါရှိနေမယ်ဆိုရင်၊ ကော့ကေးရှန်းလူမျိုးဖြစ်နေမယ်ဆိုရင် သို့မဟုတ် အမျိုးသမီးဖြစ်နေမယ်ဆိုရင် ARM ဖြစ်နိုင်ခြေများနိုင်ပါတယ်။ တခြား ဖြေနိုင်ခြေတွေကတော့

  • ဆေးလိပ်သောက်ခြင်း
  • နေပူဒဏ်ကြာရှည်စွာခံခြင်း
  • သွေးတိုးရှိခြင်း
  • အစားအသောက်ထဲတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းနှင့် သတ္တုဓါတ်နည်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ARM ကြောင့် မျက်စိကွယ်ရခြင်းကို ပြန်ကောင်းအောင် မလုပ်နိုင်ပေမယ့် သင့်မျက်လုံးကို ကာကွယ်ဖို့ ကျန်းမာရေးဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ ARM ဖြစ်စဉ်ကို နှေးစေတဲ့ ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ တရားဝင်ဆေးတွေလဲ ရှိပါတယ်။ သင့်ရဲ့ မျက်စိဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နဲ့ တိုင်ပင်ကြည့်ပါ။ ဒါပေမယ့် သုံးမယ့် ဆေးဝါးတွေဟာ သင်ဆေးလိပ်သောက်ခြင်းမသောက်ခြင်း သို့မဟုတ် အရင်က ဆေးလိပ်ဘယ်လောက်သောက်ခဲ့လဲအပေါ်မူတည်နေပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်တဲ့ အခါ သင်ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိတာလဲ ထည့်ပြောပေးပါ။

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ARM အတွက် ကုသမှုအနည်းအကျဉ်းသာရှိပြီး သင့် ARM အခြေအနေပေါ်လိုက်၍ ကုသမှုပြောင်းလဲနိုင်ပါတယ်။ ကုသမှုတွေရွေးချယ်ဖို့နဲ့ ကောင်းကျိုးဆိုးကျိုးတွေအကြောင်းသင့်ရဲ့ မျက်စိအထူးကုဆရာဝန်က ရှင်းပြပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ကံကောင်းထောက်မစွာနဲ့ပဲ ARM ကိုကာကွယ်ဖို့နဲ့ ပိုဆိုးမလာစေဖို့အတွက် နည်းလမ်းကောင်းတွေရှိပါတယ်။ အောက်ပါ အချက်တွေက ကောင်းတဲ့လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။

  • ဆေးလိပ်ဖြတ်ပါ။
  • မျက်စိကို နေရောင်မှ ကာကွယ်ပါ။
  • ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနှင့် အိုမီဂါ-၃ ကြွယ်ဝတဲ့ အစားအသောက်တွေနဲ့ တခြားကျန်းမာရေးအတွက် ကောင်းတဲ့ဆေးတွေ များများစားပေးပါ။
  • သွေးပေါင်ချိန်ကိုလည်း ထိန်းထားပါ။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပြီး ဗီတာမင်နဲ့သတ္တုဓါတ်အားဆေးတွေ သောက်သုံးပါ။
  • မျက်စိအထူးကုနဲ့ပုံမှန်ပြသဆွေးနွေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement