ကလေးငယ်အတွက်သူတို့ရဲ့ပထမဆုံး ၆လမှာအာဟာရအရင်းအမြစ်ဟာ မိခင်နို့ပဲဖြစ်ပါတယ် ။ မိခင်နို့ကို နို့ဦးရည် ၊ Transitional milk (နို့ဦးရည်ထွက်ပြီးနောက်၂ပတ်အတွင်းထွက်သောနို့ရည်) နှင့် Mature milk (မီးဖွားပြီး၂ပတ်နောက်ပိုင်းထွက်သောနို့ရည်)ဟူ၍ အဆင့် ၃ ဆင့်ခွဲခြားထားပါတယ်။ နို့ဦးရည် ။နို့ဦးရည်ဆိုသည်မှာ မိခင်နို့ရည်ရဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပေါ်လာပြီး အဝါရောင် သို့ ပျစ်နှစ်သောအရောင်ရှိပါတယ် ။ နို့တိုက်စဉ်မှာထုတ်သော နို့ရည်ထက်လည်း ပိုပြီးပျစ်ပါတယ် ။ ကလေးမွေးပြီးတဲ့အခါမှာတော့ နို့ဦးရည်အဆင့်ကနေ ပြောင်းလဲဆဲနို့ရည်အဆင့်သို့ ၂ ရက်မှ၄ ရက်အတွင်းပြောင်းလဲပါတယ်။ |