backup og meta

ကျန်းမာချင်ရင် ငါးစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာချင်ရင် ငါးစားပေးပါ

    လူတော်တော်များများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓာကိုယ်အတွက်ကတော့တော်တော်လေး အကျိုးရှိပါတယ်။ ငါးစားပေးပါ ၊ ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။

    ဘာကြောင့်ငါး စားသင့်တာလဲ

    ငါးမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်ကomega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။လေ့လာမှုတွအရomega-3 fatty acid က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓါကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။

    ကျန်းမာချင်ရင် ငါးစားပေးပါ

    ကျန်းမာချင်ရင် ငါးစားပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်းက

    • နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

    လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်တယ်လို့လည်း သိရပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid က နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေတာပါ။

    • Alzheimer’sဖြစ်နိုင်ခြေကို နည်းပါးစေတယ်

    တစ်ပတ်မှာ တစ်ကြိမ်လောက် ငါးစားသုံးပေးမယ်ဆိုရင် ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ငါးကိုကြော်စားတာထက် ဟင်းချက်စားတာ၊ပေါင်းစားတာက ကျန်းမာရေးနဲ့ပိုသင့်တော်ပါတယ်။ ငါးက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူတေါအတွက် ငါးက အသင့်တော်ဆုံးအစားအစာပါ။

    အရေပြားနဲ့ဆံသားကိုကျန်းမာစေနိုင်တယ်

    အရေပြားနဲ့ဆံသားကျန်းမာစေဖို့အတွက် ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ အဆီပြည့်ဝနေဖို့လိုပါမယ်။ အဆီပြည့်ဝနေမှ အသားအရေက မွဲခြောက်မှုကင်းစင်မှာပါ။ ငါးမှာပါတဲ့omega-3 က ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဖြစ်တာကြောင့် စားသုံးဖို့သင့်တော်ပါတယ်။ ဒါတင်မကသေးပါဘူး၊omega-3 ကအသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။

    • စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေတယ်

    လေ့လာမှုတွေအရ ငါးမှာပါတဲ့ omega-3 ကစိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်တယ်လို့သိရပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကိုomega-3 ၃၀၀ မီလီဂရမ်စားသုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းခံစားရနိုင်တဲ့ စိတ်ကျရောဂါကို သက်သာစေနိုင်တယ်ဆိုပါတယ်။

    • ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေတယ်

    ဆယ်လ်မွန်ငါးမှာပါတဲ့EFA omega-3 နဲ့ ငါးကနေရရှိနိုင်တဲ့ အခြားအာဟာရဓါတ်တွေက ကလေးငယ်ရဲ့ ဥိးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။omega-3 စားသုံးပေးတာက ကလေးငယ်တွေမှာ ADHDရောဂါလက္ခဏာတွေမဖြစ်အောင် လုပ်ဆောင်ပေးနိုင်တယ်၊လို့ ကျွမ်းကျင်သူတွေကလေ့လာတွေ့ရှိခဲ့ပါတယ်။

    • နာတာရှည်ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်

    ငါးစားပေးပါ ၊ အမျိုးအစား- ၁ ဆီးချိုရောဂါလိုမျိုး နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။omega-3 က ကလေးငယ်လေးတွေမှာလည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုလေးဖက်နာဝေဒနာနဲ့ အာရုံကြောထိခိုက်ပျက်ယွင်းတဲ့ဝေဒနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

    • ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးတယ်

    ပန်းနာရင်ကျပ်ရောဂါဆိုတာက နာတာရှည်လေပြွန်ရောင်ရမ်းနေတဲ့အနေအထားတစ်ရပ်ပါ။ အခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်ကတော်တော်လေးတိုးလာနေပါတယ်။လေ့လာမှုတွေအရ ငါးပုံမှန်စားသုံးပေးတဲ့ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်လေးတွေမှာ ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေပါ။

    • အမြင်အာရုံ ကောင်းမွန်စေတယ်

    လူကြီးတွေမှာဖြစ်တဲ့macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) က အမြင်အာရုံထိခိုက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းအရင်းပါ။ အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid ကမြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေမှာ အမြင်အာရုံထိခိုက်တာကို ၄၂ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့ တစပတ်တစ်ကြိမ်လောက် ငါးကျွေးပေးပါ။

    • ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

    အခုခေတ်မှာ ညအိပ်မပျော်ရတဲ့အကြောင်းအရင်းတွေကတော်တော်လေးများလာပါတယ်။ ညဘက်အိပ်မပျော်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် D နည်းရင်လည်း အိပ်မပျော်တာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး ၃ ကြိမ်ထက်ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိမှာဖြစ်ပါတယ်။

    • လေဖြတ်နိုင်ခြေကို လျော့နည်းစေတယ်

    ငါးစားတာကလေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid ကလေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

    အခုလောက်ဆိုရင် ငါးစားတာက ခန္ဓါကိုယ်ကို ကျန်းမာစေတယ်၊လို့ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement