backup og meta

အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

    အရွယ်ရောက်လာလေလေ အာဟာရလိုအပ်ချက်ပိုများလာလေလေပါ။ အသက် ၆ လအထိက မိခင်နို့ရည်တစ်မျိုးတည်းနဲ့လုံလောက်တယ်ဆိုပေမယ့် ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့အပြင် ဖြည့်စွက်အာဟာရတွေပါ တွဲဖက်ကျွေးဖို့ လိုအပ်လာပါပြီ။ ဒီလိုတဖြည်းဖြည်းချင်း အသက်ရလာလေလေ လိုအပ်တဲ့အာဟာရပြည့်မီအောင်ဖြည့်တင်းရင်းနဲ့ ကလေးကို အစားအစာတွေကို စမ်းကျွေးလာရပါတယ်။ ဒီလိုကျွေးတဲ့အခါမှာလည်း ကလေးက ငယ်လွန်းသေးတာကြောင့် လူကြီးတွေစားတဲ့အတိုင်းကျွေးလို့ မဖြစ်သေးပြန်ပါဘူး။ ဒီနေရာမှာ မေးစရာရှိလာတာတစ်ခုက ကဲ ဒီတော့ အစားစစားတတ်စ ကလေးကို ဘယ်လိုများပြင်ဆင်ကျွေးမွေးရမလဲပေါ့။ ပြောပြမယ်လေ ……

    ကလေးကို ဘယ်အချိန်မှာ အစားစကျွေးမလဲ

    ကလေးက ၆ လကျော်လာပြီဆိုရင် ကလေးကို အစားစကျွေးလို့ရပါပြီ။ ကလေးကိုဖြည်းဖြည်းချင်း နည်းနည်းချင်းစကျွေးဖို့တော့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ ကလေးရဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ဗီတာမင် သတ္တုဓာတ်တွေ ပြည့်ပြည့်စုံစုံပါဝင်အောင် ဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။နောက်တစ်ချက်ကတော့ ကလေးကို စကျွေးမယ့်အစားအစာတွေက အစာကြေလွယ်မယ့်ခပ်ပျော့ပျော့အစားအစာတွေဖြစ်ဖို့လိုအပ်မှာပါ။ ကလေးကိုစကျွေးစမှာ ဇွန်းတစ်ဝက်စာလောက်လေးကနေစပါ။ပြီးမှ တဖြည်းဖြည်းချင်းတိုးကျွေးသွားပေါ့။

    ကလေးက အစားစစားချိန်မှာ မျိုချဖို့အခက်အခဲရှိနေမှာပါ။ နို့ကလွဲလို့ အခြားအရာတွေကိုမှ မျိုမချဖူးသေးတာကိုး။ နောက်တစ်ခုကမစားဖူးသေးတဲ့အရသာဖြစ်နေတာကြောင့် စားဖို့ ငြင်းဆန်တာမျိုးလည်းကြုံရနိုင်ပါတယ်။ တဖြည်းဖြည်းကြာလာတော့လည်း ကလေးက အရသာတွေကို ခံစားတတ်လာ မျိုချရတာကို အသားကျလာတဲ့အခါ ကျွေးရတာ အဆင်ပြေလာမှာပါ။ အစားစကျွေးစမှာ ကလေးက ခဏခဏထွေးထုတ်တာမျိုးကြုံရနိုင်ပါတယ်။

    ကလေးက ထွေးထုတ်တာ၊ မစားဘူးလို့ ငြင်းဆန်တဲ့အခါ စိတ်ပျက်မသွားပါနဲ့။ ဖြည်းဖြည်းချင်းကျွေးပါ။ စိတ်ရှည်ဖို့ လိုပါမယ်။ လူတွေရဲ့ သဘောကိုက မစားဖူးတာကို စားဖို့တော်တော်လေးအချိန်ယူတတ်ကြပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့ကလည်း အာဟာရပြည့်ဝဖို့လိုမှာဆိုတော့ စိတ်တော့ရှည်ပါမေမေဖေဖေတို့ရေ…..

    ဒီနေရာမှာ မမေ့သင့်တဲ့အချက်တစ်ခုက ကလေးက မိခင်နို့တစ်မျိုးတည်းသောက်ရာကနေ အစားတွေကို စစားပြီဆိုတော့ ကလေးရဲ့ ဝမ်းအရောင်ပြောင်းတာ၊ ဝမ်းအရည်သွားနေရင်းက အတုံးတွေဖြစ်လာတာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒါက ပုံမှန်ပဲမို့ အရမ်းစိတ်မပူသွားပါနဲ့နော်။

    ကလေးကို စကျွေးသင့်တဲ့ အစားအစာတွေက

    ကလေးက ၆ လမှာ အစားစကျွေးလို့ရပြီလို့ ပြောခဲ့တယ်နော်။ ဒီတော့ ဘာတွေများကျွေးမလဲ ဆက်ကြည့်လိုက်ရအောင်နော်။

    ကလေးကို သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးပေးရပါမယ်။ ဒါမှ သံဓာတ်အားနည်းတာကြောင့်ဖြစ်တဲ့ ပြဿနာတွေ ကင်းဝေးစေမှာပါ။ ဒါတွေတင်မဟုတ်သေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ Omega-3၊ Omega-6၊ DHA နဲ့ အခြားသောဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် ကျွေးမွေးဖို့ လိုအပ်ပါမယ်။ ကလေးကို ကျွေးတဲ့အစားအစာတွေထဲမှာ လိုအပ်တဲ့ အာဟာရတွေပြည့်ဝမှ ကလေးကကျန်းကျန်းမာမာနဲ့ဖွံ့ဖြိုးမှာပါ။

    ကလေးကို စကျွေးတဲ့အစားအစာတွေထဲမှာ ဘာတွေထည့်ကျွေးမလဲ

    သံဓာတ်ရဖို့အတွက် ကတော့

    • အနီရောင်အသားတွေ
    • အစိမ်းရောင် အသီးအရွက်တွေ

    ပရိုတင်းဓာတ်ရဖို့အတွက်ကတော့

    ဟင်းသီးဟင်းရွက်တွေကတော့

    သစ်သီးတွေအနေနဲ့ကတော့

    အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

    အစားစစားမယ့် ကလေးကို ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတော့ …… အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

    • အသားတွေကို သေချာကျက်အောင်ချက်ပါ။ ဆားနဲ့ အချိုမှုန့်လုံးဝမထည့်ပါနဲ့။ အသားကျက်အောင်ချက်မှ ကလေးက အစာကြေပြီး သန်မထမှာပါ။
    • ဟင်းသီးဟင်းရွက်တွေကိုတော့ ရေနည်းနည်းနဲ့ ပေါင်းပေးပါ။ ဆား၊ သကြား၊ အချိုမှုန့်ဘာမှ မထည့်ပါနဲ့။
    • သစ်သီးတွေကိုတော့ ရေစင်အောင်ဆေးကြောပြီး ကြိတ်စက်ထဲ ထည့်ကြိတ်ပေးပါ။ ဒါမှမဟုတ် အတုံးသေးသေးလေးတွေ လှီးကျွေးပါ။
    • ကလေးအတွက် အစားအစာတွေပြင်ဆင်ပေးတဲ့အခါ လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာတွေဖြစ်ဖို့ အဓိကဂရုစိုက်ပေးပါ။
    • အစားအစာတွေ မပြင်ဆင်ခင်မှာ လက်ကို စင်ကြယ်အောင်ဆေးကြောပေးပါ။
    • ကလေးကို မခွံ့ခင်မှာလည်း လက်ကိုသေချာဆေးကြောသန့်စင်ပါ။
    • အစားအစာ ပြင်ဆင်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပါ။
    • အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သပ်သပ်စီခွဲထားပါ။
    • စဉ်းတီတုံးကို လည်း ဟင်းရွက်လှီးတာနဲ့ အသားလှီးတာ သက်သက်စီခွဲထားပေးပါ။
    • ပြင်ဆင်ပြီးသား အစားအစာတွေကို ဘူးလေးနဲ့ လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။
    • ကလေးအတွက် အစားအစာတွေ ပြန်နွှေးပေးတဲ့အခါမှာလည်း လုံးဝအေးသွားမှ ကလေးကိုကျွေးပါ။
    • အစားအစာတွေကို တစ်ကြိမ်ထပ်ပိုပြီး ပြန်နွှေးတာမျိုး မလုပ်ပါနဲ့။
    • အစားအစာတွေကို တိရစ္ဆာန်တွေနဲ့ ခပ်ဝေးဝေးမှာထားပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement