backup og meta

ဗီတာမင် K ချို့တဲ့ရင် ကလေးတွေမှာဘာဖြစ်လာမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် K ချို့တဲ့ရင် ကလေးတွေမှာဘာဖြစ်လာမလဲ

    ဗီတာမင် K ဆိုတာက ခန္ဓါကိုယ်တွင်းထဲမှာရှိတဲ့ ဓါတ်တစ်မျိုးပါ။သွေးတိတ်စေဖို့အထောက်အပံ့ပေးပါတယ်။ အူတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုဖြိုခွဲပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် K ကို ထုတ်လုပ်ပေးတာပါ။

    ဗီတာမင် K က ကလေးတွေအတွက်အရေးပါလား

    ဗီတာမင် K က ကလေးတွေအတွက်မှ မဟုတ်ပါဘူး။ အရွယ် သုံးပါးစလုံးအတွက်အရေးပါတာပါ။ ကလေးတွေကမွေးစမှာ ကိုယ်တွင်းမှာ ဗီတာမင် K ဓါတ်ပါလာတယ်ဆိုပေမယ့်တော်တော်လေးနည်းပါတယ်။ အူနံရံတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုချေဖျက်မှုကနေ ဗီတာမင် K ကို ထုတ်ပေးနိုင်တယ်ဆိုပေမယ့်မွေးစအရွယ် ကလေးတွေမှာ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် ကတော်တော်လေးနည်းတာကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်ပေးနိုင်ပါဘူး။ အရွယ်လေးရလာတာနဲ့အမျှတော့ ကလေးရဲ့ခန္ဓါကိုယ်က ဗီတာမင် K ကိုပိုပြီးထုတ်ပေးလာနိုင်မှာပါ။

    ဒီလိုအချိန်မှာ ကလေးတွေအနေနဲ့ ဗီတာမင် Kကို ရရှိနိုင်မယ့် တစ်ခုတည်းသောအရင်းအမြစ်က မိခင်နို့ပါ။ ဒါပေမယ့်လည်း အများကြီးတော့မဟုတ်ပါဘူး။ရောဂါတွေကို ကာကွယ်နိုင်ရုံလောက်တော့ရနိုင်ပါတယ်။

    ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ

    မိခင်နို့ကိုပဲ အားကိုးရတဲ့ကလေးတွေအဖို့ ဗီတာမင် K ချို့တဲ့နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ ဗီတာမင် K ချို့တဲ့လာတဲ့အခါ ကလေးတွေမှာ အခုလို လက္ခဏာတွေခံစားလာရနိုင်ပါတယ်။ ဗီတာမင် K ချို့တဲ့မှုပြင်းထန်လာတဲ့အခါ ဦးနှောက်ထိခိုက်တာနဲ့သေဆုံးတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။

    ကိုယ်တွင်းသွေးယိုစိမ့်မှုခံစားရနိုင်ပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးတာ၊ ဦးနှောက်ထိခိုက်ပျက်စီးတာ၊ အသက်သေဆုံးတာ မျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးလေးတွေမှာမွေးရာပါ ဗီတာမင် K ချို့တဲ့တာမျိုးလည်းရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ ကလေးတွေမှာ ဗီတာမင် K ချို့တဲ့တာကိုမွေးပြီး ရက်သတ္တပတ် တစ်ပတ်လောက်ကြာမှသိရတာများပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့အခါ ကလေးတွေမှာ အသက် ၈ လအရွယ်လောက်အထိ အသည်းနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ အူမကြီးနဲ့ ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေမှာသွေးယိုစိမ့်တာနဲ့ ထိခိုက်မိတဲ့အခါသွေးတိတ်ဖို့ ခက်တာမျိုးတွေခံစားရနိုင်ပါတယ်။

    ဒီအချက်တွေကြောင့် ကလေးတွေမှာ ဗီတာမင် K ချို့တဲ့မှုဖြစ်ရတာပါ

    ပထမတစ်ချက်ကတော့ ဗီတာမင် K ကို အဓိကအားဖြင့်က အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက ထုတ်လုပ်ပေးတာပါ။ ကလေးတွေမှာက ငယ်သေးတဲ့အခါ အူမကြီးထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားအရေအတွက်က နည်းနေပါတယ်။ ဒါကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်လုပ်နိုင်ပါဘူး။

    နောက်တစ်ချက်ကတော့ ကလေးကမိခင်ဆီကနေ ကိုယ်ဝန်ဆောင်ကာလမှာရော နို့ချိုတိုက်ကျွေးတဲ့ကာလမှာပါ လုံလုံလောက်လောက်မရရှိတာပါ။

    ဘယ်လိုကလေးတွေမှာ ဗီတာမင် K ချို့တဲ့နိုင်ခြေပိုများသလဲ

    • မွေးကာစ ကလေးတိုင်းမှာ ဗီတာမင် K ပမာဏကတော်တော်လေးနည်းတတ်တာကြောင့် ကလေးတိုင်းနီးပါးတော့ ဗီတာမင် K ချို့တဲ့နိုင်ပါတယ်။
    • လမစေ့ဘဲမွေးဖွားလာတဲ့ ကလေး
    • နာမကျန်းတဲ့ ကလေး
    • ရောဂါအခံတစ်ခုခုရှိတာကြောင့် ဆေးဝါးသောက်သုံးနေရတဲ့မိခင်ကနေမွေးဖွားလာတဲ့ကလေးငယ်
    • ventouseလေစုပ်ခွက်ပါဝင်သည့် မီးဖွားချိန်သုံး အထောက်အကူပြုကိရိယာ၊forceps မီးဖွားရာမှာ အသုံးပြုတဲ့ ညှပ်လိုမျိုးကိရိယာ အသုံးပြုပြီးမွေးဖွားတဲ့ကလေး နဲ့caesarean section (ဗိုက်ခွဲမွေးဖွားခြင်း) နည်းလမ်းအသုံးပြုပြီးမွေးဖွားတဲ့ကလေးတွေ မှာ ဗီတာမင် K ချို့တဲ့နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။

    ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

    • တကယ်လို့ ကလေးမှာ အခုလိုလက္ခဏာတွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ ဗီတာမင် K ချို့တဲ့မှုကတော်တော်ပြင်းထန်နေပြီဖြစ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသဖို့လိုအပ်ပါမယ်။
    • အရေပြားမှာ အညိုအမဲစွဲတဲ့ဒဏ်ရာတွေအလွယ်တကူဖြစ်မယ်
    • ဦးခေါင်း နဲ့ မျက်နှာမှာ အညိုအမဲစွဲတာတွေဖြစ်မယ်
    • အသက်တစ်လလောက်အရွယ်မှာ နှာခေါင်းသွေးလျှံတာ၊ အူတွင်းသွေးယိုစိမ့်တာကြောင့် ဝမ်းသွားတဲ့အခါသွေးပါတာမျိုးဖြစ်မယ်
    • ကလေးကနုံးနေမယ်၊အော့အန်မယ်၊ အရေပြားဖျော့တော့နေမယ်၊ သွားဖုံးမှာသွေးယိုမယ်
    • အသက် ၃ ပတ်ကျော်တဲ့အထိ အသားဝါတာက မသက်သာသွားဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ပြသတာအကောင်းဆုံးပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement