home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးက တုပ်ကွေး ဖြစ်နေတာလား ......

ဘေဘီလေးက တုပ်ကွေး ဖြစ်နေတာလား ......

တုပ်ကွေးက ဘေဘီလေးတွေကို ထိခိုက်မှု များစေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အကြောင်းကတော့ ဘေဘီလေးတွေက တုပ်ကွေးကို ခုခံနိုင်လောက်အောင် ကိုယ်ခံအား မဖွံ့ဖြိုးသေးလို့ပါ။ နောက်တစ်ချက်က တုပ်ကွေးက ကာကွယ်ဆေး ရှိပေမယ့် ဘေဘီလေးတွေကို အသက် ၆ လမတိုင်ခင်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးလို့ မရပါဘူး။

ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ တုပ်ကွေးဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရလဲဆိုတာနဲ့ ဘယ်လို လက္ခဏာတွေဆို စိုးရိမ်စရာ အခြေအနေလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘေဘီလေးတွေက ဘယ်အရွယ်မှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေ များလဲ……

ဘေဘီလေးတွေက လူကြီးတွေထက် တုပ်ကွေး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို ဘေဘီလေးရဲ့ ကိုယ်ခံအားက ရောဂါတွေကို ခုခံနိုင်လောက်တဲ့အထိ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။

ဘေဘီလေးတွေက အသက် ၅ နှစ် အောက် အထူးသဖြင့် အသက် ၂ နှစ် မပြည့်ခင်မှာ တုပ်ကွေးကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ခြေ ပိုများပါတယ်။ တုပ်ကွေး ကူးစက်ခံရနိုင်ခြေကတော့ ဘေဘီလေးတွေရဲ့ အသက်အရွယ်တိုင်းမှာ ပိုများတာပါ။

ကာကွယ်ဆေး ထိုးလို့ မရသေးတဲ့ ၆ လအောက် အရွယ်မှာ ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို တုပ်ကွေး မဖြစ်အောင် သေချာ ဂရုစိုက် ကာကွယ်ပေးဖို့ လိုသလို မတော်တဆ ကူးစက်ခံခဲ့ရရင်လည်း သေချာလေး ကုသပေးဖို့ လိုပါမယ်။

ဘေဘီလေးက တုပ်ကွေးဖြစ်နေပြီ ဆိုရင်

ဘေဘီလေးမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။

ချက်ချင်း ကုသမှု ခံယူဖို့ လိုတဲ့ အခြေအနေ

တကယ်လို့ ဘေဘီလေးက အဖျားတွေတက်လာပြီး အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသပေးဖို့ လိုပါမယ်။ ဘေဘီလေးက

  • အသက်ရှူရ ခက်နေမယ်
  • အသက်ရှူ မြန်နေမယ်
  • အဖျားကြီးမယ် ( ၁၂ ပတ်အောက် ဘေဘီလေးတွေမှာ အဖျားရှိနေမယ်)
  • မျက်နှာတွေ၊ နှုတ်ခမ်းတွေ ပြာနေမယ်
  • ရင်ဘတ်အောင့်မယ်
  • ရေဓာတ် ခမ်းခြောက်မယ်
  • အိပ်မရဘူး ဖြစ်နေမယ်
  • အသက်ရှူတဲ့အခါ နံရိုးတွေ ချိုင့်ဝင်မယ်
  • တက်မယ်
  • ခံစားနေရတဲ့ လက္ခဏာတွေ ပိုဆိုးလာမယ်
  • ချောင်းဆိုးတာနဲ့ အဖျားက ပိုဆိုးလာမယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းကိုအမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။

ဘေဘီလေးတွေအနေနဲ့ တုပ်ကွေး ဗိုင်းရပ်စ်က အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်တာမျိုးအထိ ဖြစ်စေနိုင်တာကြောင့် ဘေဘီလေးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Flu Symptoms in Babies and When to Call the Doctor https://www.parents.com/baby/health/flu/flu-symptoms-in-babies-when-to-call-doctor/ Accessed Date 20 October 2021

Influenza (Flu) in Children https://www.hopkinsmedicine.org/health/conditions-and-diseases/influenza/influenza-flu-in-children Accessed Date 20 October 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။