backup og meta

ရာသီတုပ်ကွေး ကာကွယ်ဆေးတွေကCOVID-19 ကိုကာကွယ်ပေးနိုင်လား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီတုပ်ကွေး ကာကွယ်ဆေးတွေကCOVID-19 ကိုကာကွယ်ပေးနိုင်လား။

    မကြာခင်မှာ တုပ်ကွေးရာသီကို ရောက်လာတော့မှာပါ။တုပ်ကွေးရာသီရောက်ပြီဆိုရင် လုပ်နေကြအလုပ်က တုပ်ကွေး ကာကွယ်ဆေး ထိုးတာပါ။ အရင်နှစ်တွေနဲ့ မတူတာက ခုနောက်ပိုင်းမှာက COVID-19 ပါဖြစ်လာတာပါ။ ဒီတော့ ဒီ ရာသီတုပ်ကွေး ကာကွယ်ဆေးက COVID-19ကိုများ ကာကွယ်နိုင်မလားလို့ မေးချင်နေကြမှာပါ။ ဒီတော့ တကယ်ပဲ ကာကွယ်နိုင်လားဆိုတာ ကြည့်ကြည့်ရအောင်။

    ရာသီတုပ်ကွေး ကာကွယ်ဆေးဆိုတာ ဘာလဲ။

    ရာသီတုပ်ကွေးကို Influenza လို့ ခေါ်ပါတယ်။ Aနဲ့ Bဆိုပြီး ၂မျိုးရှိပါတယ်။ Influenza Aနဲ့ Influenza Bပေါ့။ သူတို့အောက်မှာ H1N1တို့ H3N2 တို့ စသဖြင့် မျိုးကွဲတွေ အများကြီး ရှိပါတယ်။ Strainလို့ ခေါ်ပါတယ်။ ဒီပိုးတွေက တစ်ချိန်တစ်ခါက ကမ္ဘာမှာ လူတော်တော်များများကို သေစေခဲ့တဲ့ ရောဂါတွေပါ။ တစ်နှစ်နဲ့ တစ်နှစ် Strain မတူတဲ့ အတွက် နှစ်တိုင်း ပြန်ထိုးနေရတာပါ။

    COVID-19ကို ကာကွယ်ပေးနိုင်သလား။ 

    COVID-19က မကြာသေးခင်နှစ်ကမှတွေ့တဲ့ ပိုးအသစ်ပါ။ ကိုဗစ်ကာကွယ်ဆေးဆိုပြီး သီးသန့်ရှိပါတယ်။ ခုထက်ထိလည်း ရာသီတုပ်ကွေး ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိသေးပါဘူး။ ဒါကြောင့် မကာကွယ်ပေးနိုင်ပါဘူးလို့ပဲ ပြောရမှာပါ။

    ဒါဆို ကာကွယ်ဆေး မထိုးရတော့ဘူးလား။

    ဒီလို မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပိုတောင် ထိုးထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့

    • ရာသီတုပ်ကွေးနဲ့ COVID-19 လက္ခဏာက ဆင်တူပါတယ်။ ဆရာဝန်တွေတောင် ခွဲခြားဖို့ အခက်ကြုံရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရင် ခွဲခြားရ နည်းနည်းလွယ်ပါတယ်။ (ဒါတောင် ရာနှုန်းပြည့် စိတ်ချရတာ မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးထားပေမယ့် တခြားပိုးကြောင့် တုပ်ကွေးဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက လူနည်းစုပါ။ )
    • ရာသီတုပ်ကွေးဖြစ်တဲ့အချိန်ကျရင် ခုခံအားကျသွားပါတယ်။ ဒါဆို COVID-19 ဝင်ဖို့ အလားအလာ များပါတယ်။ ဒီလိုသာ နှစ်မျိုးပေါင်း ဖြစ်ခဲ့ရင် ရောဂါဒဏ်ကို တော်တော်ခံရမှာပါ။

    ရာသီတုပ်ကွေး ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်လဲ။

    တတ်နိုင်လို့ လူတိုင်း ထိုးနိုင်ရင် ပိုကောင်းပါတယ်။ မဖြစ်မနေ ထိုးသင့်တဲ့ သူတွေကတော့

  • အသက်၆၅နှစ် အထက် သက်ကြီးရွယ်အိုတွေ
  • ကလေးငယ်တွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နာတာရှည်ရောဂါအခံ ရှိတဲ့သူတွေ (ဥပမာ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်မကောင်းတဲ့ သူတွေ၊ ကင်ဆာရောဂါရှိသူတွေ)
  • ခုခံအားမကောင်းတဲ့ သူတွေ (ဥပမာ HIV၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာဆေးသွင်းနေတဲ့ သူတွေ)
  • ဘယ်လို ထိုးရမှာလဲ။

    ၃မျိုးစပ်၊ ၄မျိုးစပ် စသဖြင့် အစားစား ရှိပါတယ်။ ထိုးရမယ့် အကြိမ်အရေအတွက်ကတော့ ကလေး အသက် ၆လကနေ ၉နှစ်ကြား တစ်ခါမှ မထိုးရသေးဘူးဆိုရင် ၂ကြိမ်ထိုးရမှာပါ။ တစ်လခြား ၂ကြိမ် ထိုးရမှာပါ။ ၉နှစ်အထက်တွေကတော့ အရင်က ထိုးဖူးတယ် ဖြစ်ဖြစ်၊ ခုမှ ထိုးမယ့်သူဖြစ်ဖြစ် ၁ခါထိုးရင် လုံလောက်ပါပြီ။

    မနှစ်ကထိုးပြီးသား သူတွေလည်း ဒီနှစ် ပြန်ထိုးရမှာပါ။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တဲ့ ပိုးခြင်းက မတူပါဘူး။

    ကျွန်တော် ကျွန်မတို့က မတတ်နိုင်လို့၊ ဆေးမတည့်လို့ ကာကွယ်ဆေး မထိုးနိုင်ပါဘူး။

    အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနိုင်ဘူး ဆိုရင်လည်း မကြာမကြာ လက်ဆေးပါ။ လူစုလူဝေး ရှောင်ပါ။ ကိုယ်ခံအားကောင်းအောင် နေပါ။ ဒါက ရာသီတုပ်ကွေး အပါအဝင် COVID-19 ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

    ရာသီတုပ်ကွေးချိန်မှာ နေမကောင်း ဖြစ်ခဲ့ရင်

    ဒီနှစ် တုပ်ကွေးချိန်မှာလည်း မနှစ်ကလိုပဲ ဖျားကြဦးမှာပဲ။ ချောင်းဆိုးကြဦးမှာပါပဲ။ အရင်နှစ်တွေက ပြဿနာ မရှိပေမယ့်  ဒီနှစ်တော့ COVID-19 ဖြစ်နေတဲ့ အပြင် လက္ခဏာတွေကလည်း ဆင်တူလေးတွေ ဖြစ်လို့ ခွဲရတော်တော်ခက်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ နေကောင်းအောင် နေပါ။ ဖြစ်လာခဲ့ရင်လည်း ဆရာဝန်နဲ့ သွားပြပါ။ ဘာမှန်းမသိတဲ့ ဒီကာလမှာ ကိုယ့်ကိုယ်ကို ကြိတ်ကုတာ၊ ကိုယ့်သဘောနဲ့ ကိုယ် ပိုးသတ်ဆေးတွေ သောက်တာမျိုးကို ရှောင်ကြဉ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement