ဒါတွေက အိမ်မှာ စောင့်ကြည့်တာ၊ နီးရာ ဆေးခန်းမှာ ပြရမယ့် အခြေအနေမဟုတ်ဘဲ အရေးပေါ်ဌာနမှာ ချက်ချင်း ဆေးကုရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။
ဆေးရုံဆေးခန်း သွားရမယ့် အခြေအနေတွေက
ခုပြောမယ့် လက္ခဏာတွေကတော့ အရေးပေါ်သွားပြရအောင်လည်း အရေးမကြီး၊ အိမ်မှာ စောင့်ကြည့်ဖို့လည်း မသင့်တော်တဲ့ အခြေအနေပါ။ ဆေးကုဖို့တော့ လိုတယ် အရေးပေါ်တော့ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိးပါ။ ဥပမာ
- ရက်အနည်းငယ်ကြာတာတောင် မသက်သာတဲ့ အအေးမိတုပ်ကွေး
- လည်ချောင်းနာ
- ခေါင်းတစ်ခြမ်းကိုက်
- ငွေ့ငွေ့နဲ့ ရက်ရှည်ဖျားနေတာ၊ ကိုယ်မှာ အနီစက်တွေ ထွက်လာတာ
- အသေးစားထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့ အဆစ်လွဲတာ၊ ခါးနာတာ၊ ထိခိုက်ရှနာ၊ အပူလောင်ဒဏ်ရာ အသေးစား၊ မျက်စိထဲ တစ်ခုခုဝင်သွားတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါတွေကတော့ ချက်ချင်း အရေးပေါ်ဌာနကို သွားဖို့ မလိုသည့်တိုင် ဆေးခန်းမှာ သွားပြပြီး ဆေးကုဖို့တော့ လိုပါတယ်။
အရေးပေါ်ဟုတ်လား မဟုတ်လား မသေချာရင် ဘာလုပ်ကြမလဲ။
တစ်ခါတလေ လက္ခဏာတွေက အဆန်းသား။ ရင်ဘတ်အောင့်ရင် အရေးပေါ်သွားပါလို့ ပြောပေမယ့် တချို့ ရင်ဘတ်အောင့်တာက မခံနိုင်လောက်အောင် အောင့်တာမျိုးလည်း မဟုတ်ဘူး။ တစ်ချက် တစ်ချက် ဆစ်ခနဲ ဆစ်ခနဲ အောင့်တာမျိုး။ လက်မောင်းအောင့်ရင် ဆေးရုံသွားဆိုပေမယ့် ကြွက်သားနာပြီး အောင့်တာနဲ့ တူသလိုလိုမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒီလိုမျိုး မသေချာတာတွေ ဖြစ်နေတယ် ဒါမှမဟုတ် ကိုယ်ဖြစ်နေတဲ့ လက္ခဏာက အပေါ်မှာ ပြောထားတဲ့အထဲမှာ မပါပေမယ့် စိုးရိမ်စိတ်လေး ရှိနေတယ်ဆိုရင် နီးစပ်ရာ ဆေးခန်းမှာ ပြသပါ။ ဒါမှမဟုတ် အွန်လိုင်းကနေ ဆရာဝန်ကနေ ဆရာဝန်နဲ့ ဆွေးနွေးပါ။ လက္ခဏာတွေကို ပြောပြပြီး အကြံဉာဏ်တောင်းခံပါ။
အရေးပေါ်လက္ခဏာတွေ သိထားခြင်းရဲ့ အကျိုးကျေးဇူး
အရေးပေါ် လက္ခဏာတွေကို သိထားတဲ့အတွက် ဆေးရုံကို တန်းသွားရမှန်း သိတာကြောင့် အချိန်မီ ကုသမှု ခံယူနိုင်ပါတယ်။ တစ်ဖက်က တွေးကြည့်ရင်လည်း တစ်ခုခုခံစားရတိုင်း အရေးပေါ် သွားစရာ မလိုဘူးဆိုတာ သိလိုက်ရတဲ့အတွက် မလိုအပ်ဘဲ ဆေးရုံခဏခဏ ရောက်တာသက်သာပါတယ်။ တကယ်လိုအပ်တဲ့သူတွေကိုလည်း ဦးစားပေးရာရောက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။