ဘေဘီလေး တစ်ယောက် မွေးဖွားလာပြီဆိုရင် သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရတာက မေမေဖေဖေ ဖိုးဖိုးဖွားဖွားတို့ရဲ့ မမောမပန်းလုပ်ဆောင်မိတဲ့ အလုပ်တစ်ခုနော်။ ဘယ်သူ့ ကလေးလေးကတော့ ခေါင်းမတ်မတ်လေး ထောင်နိုင်ပြီ အိမ်က ဘေဘီလေးရော ခေါင်းသေချာ မတ်နိုင်ရဲ့လား။ ဘယ်သူ့ မြေးလေးကတော့ စကားပြောပြီ အိမ်ကမြေးလေးက စကားပြော နောက်ကျနေတာများလား ဆိုတဲ့ စိုးရိမ်မှုကလည်း အမြဲလိုလို ကြီးစိုးနေပါတယ်။