ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိမှာပါ။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ကလေးတွေကလည်း လူကြီးတွေလိုပဲ လှုပ်ရှားမှုတွေအတွင်း အခန့်မသင့်မှုတွေကြောင့် ထိခိုက်မိတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကလေးဆိုတာက အငြိမ်မနေ ဆော့ကစားနေတတ်တယ် မဟုတ်လား။ ဒီလို အဆစ်နာတာက လူကြီးတွေမှာတောင် ခံရခက်တာမို့ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သက်သာစေဖို့ ဘာလုပ်ရမလဲဆိုတာလေးကို မေမေတို့နဲ့ အတူ မျှဝေပေးချင်ပါတယ်။  ဘယ်အခြေအနေတွေက ကလေးကို အဆစ်နာစေနိုင်တာလဲ! ကလေးကို အဆစ်နာစေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ ကျောင်းစတက်တဲ့အရွယ်လောက်ဆိုရင် အချိန်အကြာကြီး မမောမပန်းတမ်း ဆော့တာ ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးတာ ချော်လဲတာ ထိခိုက်မိတာ ပြုတ်ကျတာ တစ်ခုခုနဲ့ ဆောင့်မိတာလိုမျိုး အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/parenting/stay-quiet-can-sick-child/ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာတာ ဖြစ်ခဲ့ရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးတည့်စေမှာပါ။ အနားပေးပါ ကလေးက အဆစ်နာတာမျိုး […]

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးဖျားပြီး အနီစက် ထွက်ရင်

မေမေတို့ ကလေးလေးတွေကနေ ကျန်းမာပါတယ်ဆိုတာတောင် တစ်နှစ်ကို ၂ခါ ၃ခါလောက်က ပုံမှန်ဖျားတတ်ကြပါတယ်။ ဒါသဘာဝပါပဲ။ ရိုးရိုးဖျားတာလည်း ရှိသလို အဖျားနဲ့ တခြား လက္ခဏာတွေ တွဲနေတာလည်း ရှိပါတယ်။ ဥပမာ အဖျားနဲ့ ဝမ်းလျှောတာ၊ အဖျားနဲ့ ချမ်းတုန်တာ၊ အဖျားနဲ့ အနီစက်ထွက်တာ စသဖြင့် အမျိူးမျိုးရှိပါတယ်။ ဒီထဲကမှ အတွေ့ရများတဲ့ အဖျားနဲ့ အနီစက် ထွက်တာကို ပြောချင်ပါတယ်။ မေမေတို့လည်း သိထားတော့ ကိုယ့်ကလေးလည်း ဘာဖြစ်လဲဆိုတာ သိနိုင်တာပေါ့။ ကလေးက ဖျားပြီးမှ အနီစက်ထွက်တာရှိသလို အနီစက် ထွက်ပြီးမှ ဖျားတာလဲ ရှိပါတယ်။ တခြားလက္ခဏာတွေနဲ့ တွဲလာတာမျိုးလည်း ရှိပါတယ်။ အတွေ့များတဲ့ ရောဂါတွေကတော့ ရေကျောက် ဝက်သက်  ဂျိုက်သိုး Scarlet fever Fifth disease Roseola infantum […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

ခုလို ကာလမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ ရောဂါကူးစက်မှာ စိုးလို့ ဆေးရုံကို မဖြစ်မနေလိုမှ လာဖို့ ဆရာဝန်တွေကလည်း အကြံပြုထားပါတယ်။ ဒါပေမယ့် ရောဂါဆိုတာ ကိုဗစ်ဖြစ်နေလို့ ရှောင်နေမှာမှ မဟုတ်တာ။ ကိုဗစ်ကလည်း ကိုဗစ်၊ တခြားရောဂါတွေကလည်း ဒီတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ ဒါကြောင့် မေမေတို့က ကလေးတွေမှာ အဖြစ်များတဲ့ရောဂါ တွေကို သိထားသင့်ပါတယ်။ ဒီတော့ ဘယ်လို အချိန်မှာ ဆေးရုံသွားသင့်လဲ။ ဘယ်လိုသာမန်ရောဂါတွေကိုတော့ အိမ်မှာပဲ ဘယ်လိုနည်းလမ်းနဲ့ ပြုစုကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း မွေးကင်းစ ကလေး မွေးကင်းစကလေးတွေကို မကိုင်ခင်မှာ ရေနဲ့ဆပ်ပြာ သုံးပြီး လက်အရင်ဆေးပါ။ သူတို့လေးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့ မျက်ဝတ်ထွက်တာ မွေးစကလေးတွေက မျက်ဝတ် ထွက်တတ်တာ သဘာဝပါ။ သန့်ရှင်းတဲ့ အတတ်စကို ရေသန့်လေး စွတ်ပြီး […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေ ခေါင်းကိုက် တတ်လား

ဒီတခါတော့ ခေါင်းကိုက်တတ်တဲ့ သားသား၊ မီးမီးလေးတွေအကြောင်းကို မေမေတို့ပိုနားလည်စေဖို့နဲ့ တကယ်ပဲ ခေါင်းကိုက်တာလား၊ ဘာတွေလုပ်ပေးဖို့လိုမလဲ၊ ဘာတွေကြိုတင်ရှောင်ရှားဖို့လိုမလဲဆိုတာကို ‌ပြောပြပေးသွားပါမယ်။ သားသား၊ မီးမီးလေးတွေ ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တယ်နဲ့ ‌ပြောတတ်ကြတာ မေမေတို့ မကြာခဏကြားဖူးကြမှာပါ။ အဲဒီအခါကျရင် သူတို့လေးတွေ ဘယ်လိုခံစားနေရမလဲ၊ ဘာလုပ်ပေးရမလဲ ဆိုတာနဲ့ ဆောင်ရန်၊ ‌ရှောင်ရန်လေးတွေသိထားရင် ဖေဖေ၊ မေမေတို့လည်း စိတ်အေးရမှာပါ။ သားသား၊ မီးမီးလေးတွေ ခေါင်းကိုက် ရတဲ့အကြောင်းရင်းတွေကတော့- (၁) သွားကိုက်လို့ (၂) နှာစေး၊ ချောင်းဆိုး၊ ဖျားတဲ့အခါ (၃) ဦးခေါင်းကို တစ်ခုခုနဲ့ခိုက်မိတဲ့အခါ (၄) စိတ်ခံစားချက်၊ စိတ်ဖိစီးမှု တစ်ခုခုရှိတဲ့အခါ (ဥပမာ-စာမေးပွဲနီးတဲ့အခါ၊ လိုတာမရတဲ့အခါ၊ ဆရာ၊ ဆရာမ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့အခါ၊ ရွယ်တူသူငယ်ချင်းတွေက လှောင်‌ပြောင်ကြတဲ့အခါ၊ ဖေဖေ၊မေမေက ဆူတဲ့အခါ) (၅) အိပ်ချိန်မမှန်၊ အိပ်ရေးမဝတဲ့အခါ (၆) အစားအသောက်‌ကြောင့် (ကော်ဖီ၊ လဖက်ရည်၊ ချော့ကလက်၊ ဆိုဒါ၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နှာစေးနှာပိတ် ဖြစ်နေတဲ့ ကလေးငယ်ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ကိုယ့်ကလေးက ဖျားနေတယ်၊ နှာစေးနှာပိတ်၊ ချွဲတွေကျပ်နေတယ်ဆိုရင် ဆေးခန်းပြ၊ ဆေးတိုက်တာကလွဲလို့မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ဖြစ်တတ်ပါတယ်။ နှာတရွှီရွှီနဲ့ အသက်ရှူရခက်လို့ ညညမအိပ်နိုင်တဲ့ ကလေး လေး ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။ တကယ်တော့ နှာရည်ကျတာကောင်းတဲ့လက္ခဏာပါ။ ဒါက ရောဂါပိုးမွှားတွေကို ဖယ်ရှားတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝနည်းလမ်းဖြစ်လို့ပါ။ ။ ဒါပေမယ့် ကလေးမှာ နှာတအားစေးနေရင် နှာခေါင်းဝမှာခြောက်သွေ့တဲ့အခါ နှာခေါင်းပိတ်မှာသေချာပါတယ်။ ဒါဆို အသက်ရှူရခက်လာမယ်၊ နို့စို့ရ၊ အစားစားရခက်လာနိုင်ပါတယ်။ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ဝေဒနာခံစားနေရချိန်မှာ ကလေး ကို သက်တောင့်သက်သာရှိစေဖို့ ဒီလိုလေးတွေလုပ်ပေးနိုင်တယ်နော်။ နှာစေးနှာပိတ် ဖြစ်တဲ့ကလေးကို - ခေါင်းကိုမြှင့်ထားပေးပါ ကလေးကိုသိပ်တဲ့အခါ ဦးခေါင်းကို (ခေါင်းအုံးကို) နည်းနည်းလောက်မြှင့်ပေးထားရင် နှာရည်ပိတ်တာ၊ ချွဲကျပ်တာသက်သာပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။ ပိတ်နေတဲ့ နှပ်ချေးဖတ်ကို ဖယ်ထုတ်ပေးပါ နှာရည်ထွက်တာများလွန်းရင် ကလေးရဲ့ နှာခေါင်းဝမှာ ခြောက်ပြီး ပိတ်နေတတ်ပါတယ်။ ဂွမ်းစလေးကို ရေနွေးဆွတ်ပြီး ညင်သာစွာ ဖယ်ရှားသန့်စင်ပေးပါ။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း

ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။ ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါ လိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော်

လူကြီးတွေကတော့ ကလေးဝရင် ကျန်းမာတယ်ပဲ မြင်တတ်ကြတာပါပဲ။ တကယ်တော့ အသက်အရွယ်တိုင်းမှာ သူ့ဟာနဲ့ သူ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းတွေဆိုတာ ရှိပါတယ်။ ဒီစံနှုန်းထက် နည်းလွန်းတဲ့ ကလေးတွေကျတော့လည်း ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်၊ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ကပ်ပြီး သေးညှက်နေတယ်၊ စံနှုန်းထက် ကျော်ပြီး အရမ်းဝနေတဲ့ ကလေးကျတော့လည်း ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကိုယ်ခန္ဓာကြောင့် အတန်းထဲမှာ တခြားကလေးတွေရဲ့ စတာနောက်တာ ခံရနိုင်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ ကလေးကို အဝမလွန်စေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေများများကျွေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကလေးတွေ အဝလွန်အောင် ဘယ်လိုအရာတွေက တွန်းပို့ပေးနေလဲ။ ၁။ ကလေးကြိုက်ရင်ပြီးတာပဲဆိုပြီး ကျွေးလိုက်တဲ့ အဆီတွေ၊ အကြော်အလှော်တွေ၊ အသင့်စား ရယ်ဒီမိတ် အစားအစာတွေ၊ အချိုများတဲ့ မုန့်တွေပဲ အမြဲလိုလို ကျွေးတဲ့အကျင့်က […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့ မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတာက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်လေ။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက် ပိုဆိုးပါတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်း ပိုနိုင်တယ်လေ။ ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတာကို သိထားသင့်ပါတယ်။ ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။ ကလေးကိုယ်အပူချိန်က ၃၈ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

ငါ့ကလေးများ တစ်ခုခုဆို ရင်ကျိုးရချည်ရဲ့လို့ မေမေတို့ပြောလေ့ရှိတယ်။ ရင်မကျိုးရဖို့က ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ်ဖို့တော့ လိုပါတယ်နော်။ သားသမီးကို အရမ်းချစ်ပေမယ့် လိုချင်တာအကုန်ပေးထားရုံနဲ့ မလုံလောက်ပါဘူး။ နွေးထွေးမှုနဲ့ဂရုစိုက်မှုတွေ ပေးဖို့၊ ကလေးရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောင်းအလဲမှန်သမျှ မိဘကသိနေဖို့ အရေးကြီးပါတယ်။ ကလေးတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ စောစောသိရင် စောစောကာကွယ်လို့ ကုသလို့ရနိုင်ပါတယ်။ ဒါကြောင့် ပြောချင်တာက ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော် ဆိုတာပါ။ ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော် ကလေးတွေမှာ ဝေဒနာတစ်ခုခုဖြစ်ရင် လူကြီးတွေလို သေချာမပြောပြတတ်တော့ အမူအရာလေးတွေပဲ ပြောင်းလဲနေတတ်ပါတယ်။ ဒါကို လူကြီးတွေက သတိထားမိမှ မဖြစ်သင့်တာမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကလေးနေမကောင်းလည်း သေးသေးမွှားမွှားဝေဒနာလေးပါဆိုပြီး ဆေးမြီးတိုလောက်နဲ့ ကိုယ့်သဘောအတိုင်းကုနေုလို့မရပါဘူးနော်။ လိုအပ်တဲ့ ကုသမှုတွေလုပ်နိုင်ဖို့ ဆရာဝန်ပြသင့်တဲ့ လက္ခဏာတွေဖြစ်နေသလားဆိုတာ မေမေတို့ ဘယ်လိုသိနိုင်မလဲ။ ဘယ်အရွယ်ဖြစ်ဖြစ် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း

အနီးမှုန်တယ်ဆိုတာဘာလဲ။ အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို ကြည်လင်ပြတ်သားစွာ မြင်ရပေမယ့် အနီးအနားမှာ ရှိတဲ့အရာတွေကို သေချာကြည့်လို့ မရတာ၊ မမြင်ရတာ၊ အမြင်မှုန်ဝါးနေတဲ့ ပြဿနာကို အနီးမှုန်ြခင်း (Farsightedness) လို့ ခေါ်ပါတယ်။ အနီးမှုန်တဲ့ ကလေးတွေမှာ ကျောက်သင်ပုန်းပေါ်မှာ ရှိတဲ့ စာကို သေချာဖတ်လို့ မရတာ၊ စာမမြင်ရတဲ့အတွက် ပညာရေးမှာ လွတ်ဟင်းသွားတာ၊ သေချာအာရုံစိုက်လို့မရတာတွေ ဖြစ်နိုင်ပါတယ်။ အနီးမှုန်တာက ကြီးမှဖြစ်တာလား။ အဝေးမှုန်တာနဲ့ မတူဘဲ များသောအားဖြင့် မွေးကတည်းက ဒီလိုအမြင်အာရုံချို့ယွင်းတဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ မိဘမျိုးရိုးလိုက်ပြီး မျက်စိအနီးမှုန်တာလည်း ရှိသလို ကြီးလာမှ မျက်စိမှုန်တဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိလဲ။ ၁။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာဝတ္ထုတွေကို ကွဲကွဲပြားပြား မမြင်ရတာ ၂။ အနားမှာ ရှိတဲ့ အရာတွေကို ကြည့်ဖို့ မျက်စိအားစိုက်ရတာ ၃။ မျက်စိပူတာ၊ မျက်ရိုးကိုက်တာ၊ မျက်စိပတ်ပတ်လည်မှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်