ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိမှာပါ။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ကလေးတွေကလည်း လူကြီးတွေလိုပဲ လှုပ်ရှားမှုတွေအတွင်း အခန့်မသင့်မှုတွေကြောင့် ထိခိုက်မိတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကလေးဆိုတာက အငြိမ်မနေ ဆော့ကစားနေတတ်တယ် မဟုတ်လား။ ဒီလို အဆစ်နာတာက လူကြီးတွေမှာတောင် ခံရခက်တာမို့ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သက်သာစေဖို့ ဘာလုပ်ရမလဲဆိုတာလေးကို မေမေတို့နဲ့ အတူ မျှဝေပေးချင်ပါတယ်။  ဘယ်အခြေအနေတွေက ကလေးကို အဆစ်နာစေနိုင်တာလဲ! ကလေးကို အဆစ်နာစေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ ကျောင်းစတက်တဲ့အရွယ်လောက်ဆိုရင် အချိန်အကြာကြီး မမောမပန်းတမ်း ဆော့တာ ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးတာ ချော်လဲတာ ထိခိုက်မိတာ ပြုတ်ကျတာ တစ်ခုခုနဲ့ ဆောင့်မိတာလိုမျိုး အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/parenting/stay-quiet-can-sick-child/ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာတာ ဖြစ်ခဲ့ရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးတည့်စေမှာပါ။ အနားပေးပါ ကလေးက အဆစ်နာတာမျိုး […]

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေး သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ

၂၀၁၃က ပြုလုပ်ခဲ့တဲ့လေ့လာချက်တခုအရ ကမ္ဘာတဝှမ်းမှာနှစ်စဉ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၃၉၀၀၀၀ကျော်လောက် ရှိတယ်လို့ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ရောဂါဖြစ်ပြီး ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို ခြင်ကသယ်ဆောင်ပါတယ်။ • သွေးလွန်တုပ်ကွေးရောဂါဟာ အပူပိုင်းဒေသတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီး အဆိုပါဒေသတွေကို သွားရောက်လည်ပတ်သူ ခရီးသွားတွေဟာလည်း ဒေသခံတွေနဲ့ ဆတူရောဂါဖြစ်ပွားနိုင်ချေတွေ ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များတဲ့ဒေသတွေကတော့ အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်၊ အမေရိကအလယ်ပိုင်း၊ ကာရစ်ဘီယန်ဒေသ၊ အာဖရိကနဲ့ပစိဖိတ်ကျွန်းဒေသစတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ • သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစား လေးမျိုး ရှိပြီး နီးနီးစပ်စပ်တူညီတဲ့ ခြင်အမျိုးအစားနှစ်မျိုး (Aedesaegypti နဲ့ Aedesalbopictus)က အဆိုပါဗိုင်းရပ်စ်တွေကို သယ်ဆောင်ပေးပါတယ်။ ညဖက်မှာပဲ ကိုက်လေ့ရှိတဲ့ တခြားခြင်အမျိုးအစားတွေနဲ့မတူတဲ့အချက်က အေဒီးစ်ခြင်ဟာ နံနက်စောစောနဲ့နေဝင်ခါနီးညနေစောင်းအချိန်တွေမှာ အဓိကထွက်ပြီး ကိုက်လေ့ရှိတာပါပဲ။   သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကတော့ • အဖျားကြီးခြင်း • ပျို့အန်၊မအီမသာဖြစ်ခြင်း • အစားအသောက်ပျက်ခြင်း • အနီစက်တွေထွက်လာခြင်း • ဦးခေါင်းအပါအဝင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာ (အထူးသဖြင့် အဆစ်အမြစ်နဲ့ကြွက်သားတွေ) ခြင်အကိုက်ခံရပြီး […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နှာစေးနေသောကလေးကို ဘယ်လိုကုသမလဲ

အသက် ၃ နှစ်အောက်ကလေးများ နှားစေးခြင်းကိုကုသရသည်မှာစိန်ခေါ်မှုကြီးတစ်ရပ်လိုပင်ဖြစ်သည်။ ရင်ကြပ်ခြင်းကိုဖြစ်စေသည့်အကြောင်းရင်းကိုတိတိကျကျသိနိုင်သည့်နည်းလမ်းလဲမရှိပါ။ ကလေးငယ်အအေးမိတာကြောင့်လဲ ဖြစ်နိုင်သည်။ ဒါမှမဟုတ် တခြားဆေးပညာဆိုင်ရာပြဿနာတစ်ခုခုအခံရှိနေတာလဲဖြစ်နိုင်သည်။ ကလေးဟာငယ်လွန်တာမို့ ကုသရန်နည်းများကလဲကန့်သတ်မှုရှိနေပြန်၏။ အအေးမိခြင်းအတွက်သုံးသောဆေးများကကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်သေးသည်။ ဘာကြောင့် နှာစေး သလဲ အကြောင်းရင်းရှာခြင်း နှာခေါင်းပိတ်ခြင်း (များသောအားဖြင့် နှာစေးခြင်း)သည် ကလေးငယ်၏နှာခေါင်းမှသွေးကြောများတစ်ရှူးများအတွင်းအရည်များပြည့်ကြပ်လာသောကြောင့်ဖြစ်သည်။ ကလေးငယ်အိပ်ရာတွင်အခက်အခဲဖြစ်စေသလို နှာခေါင်းတွင်းမှ Sinus များပိုးဝင်သွားနိုင်ပါသည်။ (Sinusitis) တစ်ချို့ကလေးငယ်များတွင် နှာပိတ်ပါကအစာကျွေးရခက်တာမျိုးရှိတတ်သည်။ ဘက်တီးရီးယားလား ဗိုင်းရပ်စ်လား ဘယ်လိုပြောနိုင်မလဲ ကလေးနှာရည်ထွက်ပါက နှာရည်ကိုကြည့်ပါ။ ဗိုင်းရပ်စ်ပိုးဆိုလျှင် အဖြူရောင်ရေဆန်ဆန်နှာရည်များအရင်ကျတတ်ပါသည်။ ပြီးမှ အဖြူ၊ အစိမ်းသို့မဟုတ် အဝါ တစ်မျိုးမျိုးပြောင်းသွားပြီးရက်အနည်းငယ်အတွင် အဖြူရောင်ပြန်ပြောင်းသွားတတ်၏။ နှာပိတ်စေသောယေဘုယျအကြောင်းရင်းများ တစ်ခါတစ်ရံနှာပိတ်ခြင်းသည် ဓါတ်မည့်မှုကြောင့်ဖြစ်နိုင်သည်။ ဒါမှမဟုတ် နှာခေါင်းအတွင်း ပြင်ပမှအရာတစ်ခုခု ဝင်သွားသောကြောင့်လဲဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးကုသမှုခံယူရန်လိုသည်။ နှပ်ချေးမှလွဲ၍ ကလေးနှာခေါင်းထဲမှ ဘာမှသင်ကိုယ်တိုင်ဆွဲမထုတ်ရပါ။ နှာစေး တာကို ဘယ်လိုကုမလဲ စိတ်အချရဆုံးအထိရောက်ဆုံးနည်းလမ်းသည် ဆလိုင်းဖြန်းခြင်းသို့မဟုတ် နှာခေါင်းတွင်းထည့်ဆေးများပင်ဖြစ်သည်။ နှာခေါင်းတွင်းထည့်ဆေးများကိုရွေးမည်ဆိုပါကအတွင်းမှနှပ်ချေးများအားပျော့သွားစေရန် အစက်အနည်းငယ်လောက်ထည့်ပေးပါ။ ထို့နောက်မှ စုပ်ယူနိုင်သည့်ဖုလုံးကိုသုံးပြီး နှပ်ချေးရောဆေးစက်များပါ မြန်မြန်ထုတ်ပေးပါ။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ

ကလေးတွေဟာ အရမ်းဆော့ပါတယ်။ တနေ့လုံးဆော့နေ၊ ပြေးနေဆိုလည်း သူတို့လုပ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာလည်း အင်မတန်မှ ရလွယ်ပါတယ်။ ဒီတော့ ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ ကို လေ့လာရှာဖွေကြရအောင်။ ဒါမှသာ သင့်အနေနဲ့ သင့်ကလေး ဘာဖြစ်တာလဲ သိမှာဖြစ်တဲ့အပြင် ဒီလိုတွေ မဖြစ်ရအောင်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ ကတော့ ကျောနဲ့ ပုခုံးပြဿနာတွေ သင့်ကလေး ကျောင်းသွားတဲ့အခါ လွယ်အိတ် ဒါမှမဟုတ် ကျောပိုးအိတ် လွယ်ရပါတယ်။ ဒီခေတ်ကလေးတွေရဲ့ ကျောပိုးအိတ်ထဲမှာ အစုံပါ ပါတယ်။ စာအုပ်တွေ၊ ဘောပင်ခဲတံ၊ ပေတံ၊ ထမင်းဗူး စသဖြင့်ပေါ့။ တကယ်လို့ သင့်ကလေးဟာ အရမ်းလေးတဲ့ ကျောပိုးအိတ် ဒါမှမဟုတ် လွယ်အိတ်ကို လွယ်ရတယ်ဆိုရင် ကြာလာတဲ့အခါ လည်ပင်း၊ နောက်ကျောနဲ့ ပုခုံးတွေ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အအေးမိဖျားနာခြင်း

သားလေးကချောင်းတွေဆိုးနေတယ်။ အချိုတွေကျွေးမိလို့ဖြစ်မယ်၊ သကြားလုံးမစားနဲ့တော့နော် လို့မေမေတို့ပြောမိနေကျပါ။ ဒါပေမယ့် ဒီလိုမျိုးချည်းပဲ တထစ်ချမတွေးသင့်ပါဘူး။ ချောင်းဆိုးတယ်ဆိုတာ လက္ခဏာတစ်ခုဖြစ်တာကြောင့် ကလေးမှာ တခြားဘာထူးခြားနေတာရှိလဲကြည့်ရပါဦးမယ်။ ကိုယ်ဘာဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲဆိုတာ လိပ်ပတ်လည်အောင်မပြောပြတတ်သေးတဲ့ ကလေးလေးတွေကို မိဘတွေက ဂရုစိုက်စောင့်ကြည့်ပေးမှစောစောကုသနိုင်မှာပါ။ အအေးမိဝေဒနာဆိုတာ ကလေးတွေမှာအဖြစ်များဆုံးရောဂါတွေထဲပါဝင်တာကြောင့် ဒီလက္ခဏာတွေနဲ့ပတ်သက်ပြီး ဗဟုသုတတွေကို မိဘတွေ သိထားသင့်ပါတယ်။ ကလေးတွေမှာ တစ်နှစ်ကို ၆ ကြိမ် ကနေ ၈ ကြိမ်ထက်မနည်း အအေးမိဝေဒနာခံစားရတတ်ပါတယ်။ ဘာတွေကြောင့် အအေးမိစေနိုင်တာလဲ ဗိုင်းရပ်စ်ပိုးက နှာခေါင်းနဲ့လည်ချောင်းအတွင်း ကူးစက်ရရှိပြီးနောက် အအေးမိခြင်းလက္ခဏာေတွဖြစ်လာပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစား၂၀၀ကျော်ကြောင့် အအေးမိခြင်းကိုဖြစ်စေတာပါ။ အများစုကrhinovirusesကြောင့်ဖြစ်တာပါ။ အအေးမိဖျားနာဖြစ်နေတဲ့သူ တစ်ဦးဦးနဲ့ ထိတွေ့မှုရှိခဲ့ရင် ဒါမှမဟုတ် အောက်ပါနည်းလမ်းတွေတဆင့် ကလေးကိုကူးစက်နိုင်ပါတယ်။ လေထဲကတဆင့် -အအေးမိဖျားနာဖြစ်နေတဲ့လူတစ်ယောက်က နှာချေလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်တွေကလေထဲမှာပျံ့နှံ့သွားနိုင်ပါတယ်။ အဲဒီလေကို ကလေးကရှူရှိုက်မိလိုက်ရင် ကူးစက်နိုင်ပါတယ်။ တိုက်ရိုက်ထိတွေ့မှု -ရောဂါရှိသူကို ကလေးကထိတွေ့မိတာကို ဆိုလိုပါတယ်။နေမကောင်းဖြစ်နေသူက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်