ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိမှာပါ။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ကလေးတွေကလည်း လူကြီးတွေလိုပဲ လှုပ်ရှားမှုတွေအတွင်း အခန့်မသင့်မှုတွေကြောင့် ထိခိုက်မိတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကလေးဆိုတာက အငြိမ်မနေ ဆော့ကစားနေတတ်တယ် မဟုတ်လား။ ဒီလို အဆစ်နာတာက လူကြီးတွေမှာတောင် ခံရခက်တာမို့ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သက်သာစေဖို့ ဘာလုပ်ရမလဲဆိုတာလေးကို မေမေတို့နဲ့ အတူ မျှဝေပေးချင်ပါတယ်။  ဘယ်အခြေအနေတွေက ကလေးကို အဆစ်နာစေနိုင်တာလဲ! ကလေးကို အဆစ်နာစေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ ကျောင်းစတက်တဲ့အရွယ်လောက်ဆိုရင် အချိန်အကြာကြီး မမောမပန်းတမ်း ဆော့တာ ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးတာ ချော်လဲတာ ထိခိုက်မိတာ ပြုတ်ကျတာ တစ်ခုခုနဲ့ ဆောင့်မိတာလိုမျိုး အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/parenting/stay-quiet-can-sick-child/ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာတာ ဖြစ်ခဲ့ရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးတည့်စေမှာပါ။ အနားပေးပါ ကလေးက အဆစ်နာတာမျိုး […]

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ဖျားနေတဲ့ ရင်သွေးလေးကိုဘယ်လိုဂရုစိုက်မလဲ

သားသားမီးမီးလေးတွေကျန်းမာနေတာကမေမေ့အတွက်ပျော်စရာတစ်ခုပါ။ သားသမီးလေးတွေ ကျန်းကျန်းမာမာနဲ့သောင်းကျန်းဆော့ကစားနေတာက ထိန်းရသိမ်းရပင်ပန်းတယ်ဆိုပေမယ့် ဖျားနေတာထက် ပိုကောင်းတယ်ဆိုတာကို လက်ခံတယ်မှတ်လားမေမေတို့။ ဒီခံစားချက်ကိုမေမေတွေပဲပိုနားလည်မှာပါ။ ကလေးနေမကောင်းဖြစ်တာကတော်တော်လေးစိတ်ဖိစီးရသလို ပင်ပန်းခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်ဘဝရဲ့ ခက်ခဲတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း အမှန်ပဲပေါ့။ မေမေတို့အတွက် အသုံးတည့်စေမယ့် ကလေးတွေဖျားနာတဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးလိုပါတယ်။ ကလေးကအရမ်းငယ်နေသေးတဲ့အရွယ်ဖြစ်မယ်ဆိုရင် မိဘတွေက ကလေးရဲ့ အမူအရာလေးတွေကို ကြည့်ပြီး ဘယ်နေရာမှာနေမကောင်းဖြစ်နေလဲဆိုတာကို စဉ်းစားရတာကလည်း မိခင်ဘဝရဲ့တာဝန်တစ်ရပ်ပါ။ ကိုယ်ရဲ့ ရင်သွေးလေးတွေကို ခံစားနေရတဲ့ဝေဒနာတွေ သက်သာအောင်လုပ်ပေးချင်တာကတော့ မိဘတိုင်းလိုလိုမှာရှိနေမယ့်မေတ္တာတရားပေါ့။ဘေဘီလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါဘယ်လိုများပြုစုပေးမလဲ ဆက်ကြည့်လိုက်ရအောင်ပါ။ ကလေးတွေနေထိုင်မကောင်းတဲ့အခါ အခုလိုပြုစုပေးပါ (၁) ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ ကလေးကဖျားနေတဲ့အခါမျိုးမှာ ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာလာစေဖို့အတွက်လည်း အားပေးစကားလေးတွေပြောပေးပါ။ အရင်ကထက်ပိုဂရုစိုက်ပေးပါ။ ကလေးအနားမှာထိုင်ပါ၊ ပုံပြင်စာအုပ်ဖတ်ပြပေးပါ၊ သီချင်းဆိုပြပေးပါ၊ ကလေးရဲ့ လက်ကလေးတွေကို ကိုင်ထားပေးပါ၊ ကလေးကအရမ်းငယ်သေးရင်ပွေ့ချီထားပေးပါ။ ဒီအပြုအမူလေးတွေက ကလေးကိုမြန်မြန်နေကောင်းလာစေဖို့ အထောက်အကူရပါတယ်။ (၂) အိပ်ရေးဝဝအိပ်ပါစေ ကလေးတွေကိုပြည့်ပြည့်ဝဝအနားယူခွင့်ပေးတာက ကလေးတွေကို ကျန်းမာလာစေမယ့်နည်းလမ်းတစ်ခုပါ။ ကလေးကဖျားနေတဲ့အခါကျောင်းသွားခိုင်းတာမျိုး၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မည်သည့်အကြောင်းများကြောင့် မွေးကင်းစကလေးများတွင် အသားဝါခြင်း ဖြစ်ရသလဲ

မွေးကင်းစကလေးများ၏ အသားအရေနှင့် မျက်လုံးများဝါလာခြင်းကို စပြီးသတိပြုမိပါက ထိုကလေး၏ ကိုယ်ထဲတွင် အဝါဓါတ်များနေပြီ ဖြစ်ပါသည်။ အဝါဓါတ်များခြင်းကို ဖြစ်စေသော အဓိက အကြောင်းများ သွေးထဲတွင်ရှိသော အဝါဓါတ် (Bilirubin)များ ပိုလျှံနေခြင်းကြောင့် အသား၊ မျက်လုံးများဝါခြင်းဖြစ်ရပါသည်။ ထိုအဝါဓါတ်များသည် ကိုယ်ထဲမှ သုံးစွဲပြီးသား သွေးနီဥများ ပြိုကွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထိုအဝါဓါတ်များကို သွေးထဲမှတဆင့် အသည်းမှ စစ်ယူပြီး အစာချေစနစ်ထဲသို့ စွန့်ထုတ်ပါသည်။ မွေးကင်းစကလေးများတွင် အသည်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသည့်အတွက် အဝါဓါတ်များကို စွန့်ထုတ်နိုင်ခြင်းမရှိသေးသည့်အတွက် အသားဝါလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မွေးကင်းစကလေးများတွင်အသားဝါခြင်းသည် ဇီဝဖြစ်စဉ်ကြောင့် ဝါခြင်းဖြစ်ပြီး ၂ ရက် ၃ ရက်သားခန့်တွင် စတင်ဖြစ်ပေါ်လေ့ရှိပါသည်။ အခြားအကြောင်းများ အခြားသော အကြောင်းများကြောင့် အသားဝါခြင်းများသည် အထက်ဖော်ပြပါဖြစ်စဉ်ထက် စောပြီး ဝါလေ့ရှိပါသည်။ ထိုသို့ဖြစ်စေနိုင်သော အကြောင်းများမှာ · အတွင်း ကလီစာများတွင် သွေးထွက်ခြင်း · သွေးဆိပ်တက်ခြင်း · ဗိုင်းရပ်စ်ပိုးများ၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

လမ်းလျှောက်စနှင့် မူကြိုရွယ်များတွင် စကားထစ်ခြင်း

အသက် ၂ - ၅ နှစ်ကြား ကလေးများ၌ စကားထစ်ခြင်း၊ စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ချို့ကို ထပ်ခါထပ်ခါပြောခြင်း၊ သံရှည်ဆွဲနေခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းပြောခြင်း၊ စကားလုံးသံ ဗျည်းသရသံများကိုပင် မထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ စကားထစ်ခြင်းသည် စကားကြောတွင် အဆက်ပြတ်သွားခြင်း dysfluemcy အမျိုးအစားတစ်ခုဖြစ်သည်။ ဖြစ်ရပ်အများစုတွင် အသက် ၅ နှစ်နောက်ပိုင်း၌ စကားထစ်ခြင်း အလိုလိုပျောက်သွားသလို တစ်ချို့တွင်လည်း ထိုထက်နည်းနည်း ပိုကြာတတ်ပါသည်။ စကားထစ်ခြင်းကို အရှင်းပျောက်ကင်းအောင် လုပ်မရနိုင်သော်လည်း သင့်ကလေးအဆင်ပြေစေဖို့ ပြုလုပ်ပေးနိုင်သည့် ကုသမှုများတော့ ရှိပါသည်။ ဘာတွေကြောင့် စကားထစ်မှုဖြစ်ရသလဲ။ စကားထစ်မှုကိုဖြစ်စေသည့် အချက်အလက်များစွာ ရှိပါသည်။ · မျိုးရိုးဗီဇ - စကားထစ်သူ ၆၀%တွင် မိသားစုဝင်ထဲ၌ စကားထစ်နေသူ ရှိတတ်ပါသည်။ · ဘာသာစကားဆိုင်ရာ ပြဿနာရှိလျှင် သို့မဟုတ် ကြီးထွားဖွံဖြိုးမှုနှေးလျှင် · ဘာသာစကားအား မှတ်သားပေးသည့် ဦးနှောက်လုပ်ငန်းစဉ်များ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ှScarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ကဘာလဲ။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် တစ်ချို့လူများ၌ လည်ချောင်းနာပြီးနောက် ဘက်တီးရီးယားကြောင့်ဖျားခြင်း ဖြစ်ပါသည်။ Scarlatina ဟုလည်းခေါ်ပြီး ခန္ဓါကိုယ်တစ်ခုလုံး နီးပါးတွင် အနီတောက်တောက် အကွက်များထခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှာ များသောအားဖြင့် လည်ချောင်းနာခြင်းနှင့် အပြင်းဖျားခြင်းတို့ဖြင့် တွဲတတ်ပါသည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် ကလေး ၅ – ၁၅ နှစ်အတွင်း အဖြစ်များဆုံးပင်။ ကြက်သွေးရောင်အဖုပေါက် ဖျားခြင်းကို ကလေးဘဝအပြင်းဖျားနာအဖြစ် ယူဆကြပြီး ပဋိဇီဝဆေးများဖြင့် အန္တရာယ်နည်းစေနိုင်ပါသည်။ မကုသပဲထားပါက ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှ ပိုပြင်းထန်းသောအခြေအနေများဖြစ်လာပြီး နှလုံး၊ ကျောက်ကပ်နှင့် တခြားအစိတ်ပိုင်းများကိုပါ ထိသွားနိုင်သည်။ Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်များတွင် အဖြစ်အများဆုံးဆိုသော်လည်း လူတိုင်းဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများScarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်

ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်က ငယ်ရွယ်စဉ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် အချို့ရောဂါတွေကို ခုခံနိုင်စွမ်းသိပ်မရှိသေးပါဘူး။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင် ဘာတွေကို ဂရုစိုက်ရမလဲဆိုတာနဲ့ ဘယ်လိုအခြေအနေတွေက ကလေးကိုချောင်းဆိုးစေနိုင်လဲဆိုတာတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ ချောင်းဆိုးခြင်း ချောင်းဆိုးတယ်ဆိုတာက ခန္ဓါကိုယ်က အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ရဲ့ အထက်ပိုင်းမှာရောက်ရှိနေတဲ့ ချွဲနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ဖို့ တုံ့ပြန်မှုတစ်ရပ် (သို့မဟုတ်)လေပြွန်မှာ ဓါတ်မတည့်မှုတစ်ခုခုခံစားရတဲ့ခန္ဓါကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ချောင်းဆိုတာကရောဂါတစ်ခုခုကြောင့် ဆိုးတာမျိုးဖြစ်နိုင်သလို တစ်ခါတလေမှာ ခန္ဓါကိုယ်တွင်းကဖြစ်ပျက်နေတဲ့အနေအထားတစ်ရပ်ရပ်ကိုဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ ဘာကြောင့်ဆိုးရတာလဲဆိုတာကို အကြောင်းအရင်းသိအောင်လုပ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်။ ကလေးတွေချောင်းဆိုးရတဲ့အကြောင်းအရင်းတွေကဘာတွေလဲ အပေါ်မှာပြောခဲ့သလိုပဲချောင်းဆိုးတာက ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ဓါတ်မတည့်မှုတစ်ခုခု ဒါမှမဟုတ် ချွဲတွေနဲ့ပြင်ပအရာဝတ္ထုတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ပစ်ဖို့ တုံ့ပြန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။ အအေးမိတာ၊တုပ်ကွေးဖြစ်တာနဲ့ croup (ကလေးလေပြွန်ပိုးဝင်၊ရောင်ရမ်း၊ချောင်းဆိုး၊ အသက်ရှုရခက်သော croupရောဂါ)တွေကြောင့်လည်းကလေးတွေမှာချောင်းဆိုးနိုင်ပါတယ်။ တုပ်ကွေးက […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သင့်ကလေးတွင်ဖြစ်တတ်သည့် အဖြစ်များသော ရောဂါများ

ကလေးတိုင်း ရောဂါများဖြစ်နိုင်ကြ၏။ အနည်းဆုံးတော့ သူတို့မွေးစကနေ ရောဂါတစ်ခုတော့ ဖြစ်ကိုဖြစ်နိုင်ပါသည်။ မိဘများအနေဖြင့် ကလေးဖျားနာသည့်အခါ သူသူငါငါ စိတ်ပူကြချည်းသာပင်။ တကယ်တော့ ဖျားနာခြင်းသည် သင်အမြဲတမ်း စိတ်ပူရမည့်မကောင်းသော အခြေအနေတစ်ခု မဟုတ်ပါ။ ရောဂါများသည် ကလေး၏ ကိုယ်ခံအားစနစ်ကို လှုံ့စော်ပေးရာတွင် အရေးပါကြ၏။ တစ်နည်းဆိုရလျှင် သင့်ကလေး မကျန်းမာရာမှ ပြန်ကောင်းလာသည်အခါ သူ၏ကိုယ်ခံအားကလည်း အရင်ကထက် ပိုသန်မာသွားပြီးဟု ဆိုလိုပါသည်။ သို့သော် တစ်ချို့သော ရောဂါများကိုသိထားတာကလည်း ကောင်းပါသည်။ ဤဆောင်းပါးတွင် ကလေးများ၌အဖြစ်များသည့် ရောဂါတစ်ချို့ကို စာရင်းပြုထားပါသည်။ လေပြွန်ရောင်ခြင်း သို့မဟုတ် နမိုးနီးယားဖြစ်ရသည့်အကြောင်းရင်းများ Respiratory Syncytial Virus (RSV) ဒီဗိုင်းရပ်စ်မျိုးသည် ကလေးရော လူကြီးမှာပါ လေပြွန်ရောင်ခြင်း သို့ နမိုးနီးယားကို ဖြစ်စေနိုင်ပါသည်။ သို့စော် ကိုယ်ခံအားနည်းသော ကလေးများကို RSV မှ အလွယ်တကူ တိုက်ခိုက်နိုင်၏။ RSV […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ

မိဘတွေက ဘယ်လိုပဲ ကလေးကို ဂရုတစိုက်စောင့်ရှောက်နေပါစေ တစ်ခါတစ်လေ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာနိုင်ပါဘူး။ ကလေးတွေက ဖျားတတ်ကြပါတယ်။ နေထိုင်မကောင်း ဖြစ်တတ်တဲ့ အချိန်ရှိပါတယ်။ ကလေး နေထိုင်မကောင်းတဲ့အခါ စိတ်အညစ်ရဆုံး အပူပန်ရဆုံးက မေမေတို့ပါ။ မေမေတို့အနေနဲ့ ကလေးနေမကောင်းချိန်မှာ စဉ်းစားရတဲ့ အရာလေး တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ကလေးကို ဘာများ ပြင်ဆင် ကျွေးမွေးရမလဲလို့ပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ကလေးက ဖျားနာတာ ဖြစ်တတ်ပါတယ် ဒါပေမယ့် အစိုးရိမ်လွန်စရာမလိုပါဘူး။ ပုံမှန်အဖျားတွေက သိပ်မကြာခင် ပျောက်ကင်းတတ်ကြပါတယ်။ ကလေးတိုင်းက တစ်နှစ်မှာ ၅ ကြိမ်ကနေ ၇ ကြိမ်လောက်တော့ ဖျားနိုင်ပါတယ်။ ဒီလို ဖျားနာတာက ပုံမှန် ဖျားနာတာဆိုရင်  ၂ ရက်ကနေ ၃ ရက်လောက်မှာ  […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ

ဖျားခြင်းသည် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကလေး ကိုယ်ပူ လာသည်အခါ ဆရာဝန် ခေါ်သင့်၊ မခေါ်သင့် သင် စဉ်းစားရကြပ်နေနိုင်သည်။ ပူသည့်ပမာဏ ဘယ်လောက် များပါစေ စိတ်ပူရမည် မဟုတ်ပါ။ သို့သော် အပြင်းဖျားလျှင် အန္တရာယ် ရှိ၏။  အထူးသဖြင့် တစ်နှစ်အောက် ကလေးများတွင် စိုးရိမ်ရသည်။ မိဘများက ကလေး၏ သာမိုမီတာကို ကြည့်နေမည့်အစား ကလေး အခြေအနေနဲ့ ပြုမူပုံများကို စောင့်ကြည့်သင့်ပါသည်။ အခုတစ်ခေါက်တော့ ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ကို မျှဝေပေးချင်ပါတယ်။ ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ကတော့ ကလေးက တက်တက်ကြွကြွ၊ အစားလည်းဝင်၊ အရည်လဲ ကောင်းကောင်း သောက်ပြီး အထူးသဖြင့် ဆီးသွားလျှင်လည်း ပုံမှန် ဆိုပါက ဆေးမလိုပါ။ ကလေး […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

အအေးမိခြင်းနဲ့တုပ်ကွေးတို့လို ကူးစက်နိုင်တဲ့ရောဂါတွေဟာ ကူးစက်ပြန့်ပွားနိုင်စွမ်းမြင့်မားပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေဖြစ်နေကျ ဖြစ်တဲ့ရာသီမှာ နာမကျန်းဖြစ်ခဲ့ရင်တောင် ရောဂါရဲ့ပြင်းထန်မှုအဆင့်နဲ့ တာရှည်မှုကာလတို့က ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှု၊ ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်ရဲ့တိုက်ထုတ်နိုင်စွမ်းပေါ်မှာ အများကြီးမူတည်နေပါတယ်။ အအေးမိ၊ တုပ်ကွေးဝေဒနာတွေဟာ ကလေးတွေရဲ့ဘဝမှာ ကြုံရနေကျဖြစ်ပေမယ့် နေမကောင်းဖြစ်ရတဲ့ရက်တွေ နည်းသွားအောင် မိဘတွေကကြိုးစားပေးနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒါဆို ကိုယ့်ကလေးကို သူနေ့စဉ်ထိတွေ့နေရတဲ့ရောဂါပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေရန်က ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်ရမလဲ။ ကလေးတွေဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ တခြားပိုးတွေနဲ့ဆက်တိုက် ရင်ဆိုင်ရင်းနဲ့မှ ကိုယ်ခံအားကို တဖြည်းဖြည်းကျင့်ယူကြတာဖြစ်ပါတယ်။ (တစ်နှစ်မှာ အအေးမိရောဂါပိုး၊တုပ်ကွေးပိုး၊ ဒါမှမဟုတ် နားပိုးဝင်ခြင်း ၆ ကြိမ်မှ ၈ ကြိမ် ဖြစ်လေ့ရှိတာပုံမှန်ဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက ယူဆပါတယ်) ဒါပေမယ့် ကလေးရဲ့ကိုယ်ခံအားစနစ်ကို တိုးတက်စေမယ့် အချက်တချို့ကို အသုံးချနိုင်ပါတယ်။ ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ ဆိုတော့ (၁) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများကျွေးပါ- […]


ကလေးကျန်းမာရေး

ကလေးချောင်းဆိုးခြင်းလမ်းညွှန်

ဘယ်အရာက ချောင်းဆိုးခြင်းကို ဖြစ်စေပါသလဲ။ သင့်ကလေး ဖျားနေရင် (သို့) သူတို့ကိုယ်ခန္ဓာဟာ ဖျားနာမှုကို တိုက်ခိုက်နေရတယ်ဆိုရင် ကလေးတွေမှာ ချောင်းဆိုးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ချောင်းဆိုးခြင်းဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ချွဲတွေ၊ သလိပ်တွေဟာ အသက်ရှူလမ်းကြောင်းနံရံတွေမှာ ကပ်နေတယ်ဆိုရင် သင့်ကလေးဟာ အသက်ရှူရခက်ခဲနိုင်ပါတယ်။ ဒီအချိန်မှာ ချောင်းဆိုးခြင်းဟာ လမ်းကြောင်းရှင်းပေးပြီး လေကို အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်အတွင်းကို ချောမွေ့စွာ ဝင်ရောက်စေပါတယ်။   ချောင်းဆိုးခြင်း အမျိုးအစားများ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးခြင်းတွေကို ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါပိုးဝင်ခြင်း (ဥပမာ အအေးမိခြင်း၊ တုတ်ကွေးမိခြင်း)၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောင်ရမ်းခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်းတွေမှာ တွေ့ရတတ်ပါတယ်။ ချောင်းနက်ဆိုးခြင်း သူငယ်နာ ချောင်းနက်ဆိုးခြင်းကို လေပြွန်အပေါ်ပိုင်းရောင်ခြင်း တွေမှာတွေ့ရတတ်ပါတယ်။ တအုံးအုံး ကျယ်လောင်သော ချောင်းဆိုးသံ နှင့် အသက်ရှုသွင်းစဉ် ဆူညံသော အသံများ(stridor) […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်