မေမေတစ်ယောက် အတွက် စိတ်အညစ်ရဆုံးနဲ့ အပင်ပန်းဆုံး ကိစ္စက ၉ လလွယ်လို့ ၁၀ လဖွားထားရတဲ့ သားသားမီးမီးလေးတွေ ဖျားနာတဲ့အချိန်ပါ။ ကလေးက တအားဆော့လို့ ပင်ပန်းတယ်ဆိုတာက ကလေးဖျားလို့ ပင်ပန်း စိတ်ညစ်တာကို နည်းနည်းလေးမှ မမီပါဘူး။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
မေမေတစ်ယောက် အတွက် စိတ်အညစ်ရဆုံးနဲ့ အပင်ပန်းဆုံး ကိစ္စက ၉ လလွယ်လို့ ၁၀ လဖွားထားရတဲ့ သားသားမီးမီးလေးတွေ ဖျားနာတဲ့အချိန်ပါ။ ကလေးက တအားဆော့လို့ ပင်ပန်းတယ်ဆိုတာက ကလေးဖျားလို့ ပင်ပန်း စိတ်ညစ်တာကို နည်းနည်းလေးမှ မမီပါဘူး။
ဒီတော့ မေမေတိုင်းရဲ့ ဆန္ဒဖြစ်တဲ့ ဘေဘီလေး ဖျားနာမှု ကင်းစေဖို့အတွက် ဘေဘီလေးကို ဖျားနာမှုကနေ ကာကွယ်ပေးနိုင်စေဖို့အတွက် သိထားဖို့ လိုမယ့် အချက်လေးကို ပြောပြပေးချင်ပါတယ်။
ဖျားတယ်ဆိုတာက အလွယ်ပြောရရင် ကိုယ်ပူတာပါ။ ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန် တက်လာတာကို ကိုယ်ပူတယ်လို့ ပြောတာပါ။
ဒီလို ခန္ဓာကိုယ် အပူချိန် မြင့်တက်လာတာကို ဖျားတယ်လို့ အဓိပ္ပါယ်ဖွင့်ကြတာပါ။ သာမိုမီတာနဲ့ တိုင်းလိုက်လို့ အခုလို အခြေအနေမျိုးဆို ဖျားနေပြီလို့ ဆိုလို့ရပါတယ်။
သားသားမီးမီးလေးတွေကို ဖျားနာစေတဲ့ အရာတွေက တော့ တစ်ခု မကပါဘူး။
သားသားမီးမီးတွေ ဖျားနာတာမျိုး မဖြစ်စေဖို့ဆိုရင်
အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးပါ– အာဟာရပြည့်ဝမှုက ဘေဘီလေးတွေရဲ့ ကိုယ်ခံအားကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ– တစ်ကိုယ်ရေ သန့်ရှင်းရေးကို အကောင်းဆုံး လုပ်ဆောင်ပေးတာက ဘေဘီလေးတွေကို ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်တာပါပဲ။
ကာကွယ်ဆေး ထိုးပါ– အချို့သော ရောဂါတွေက ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရပါတယ်။ ဒါကြောင့် ဘေဘီလေးကို မလိုအပ်ဘဲ ဖျားနာမှု ကင်းစေဖို့ ကာကွယ်ဆေးတွေကို စုံစုံလင်လင် ထိုးပေးပါ။
လူများတဲ့နေရာတွေကို ခေါ်မသွားပါနဲ့– လူထူထပ်တဲ့နေရာတွေက ရောဂါ ကူးစက်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဖျားနာမှု ကင်းစေချင်တယ်ဆိုရင် လူထူထပ်တဲ့နေရာတွေကို ခေါ်မသွားတာ အကောင်းဆုံးပါ။
လက်ဆေးခိုင်းပါ– လက်ဆေးတာက ရောဂါကို ကာကွယ်မှု ပေးနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းပါ။ ဒါကြောင့် ကလေးကို တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ဆေးတတ်တဲ့ အလေ့အထလေး လုပ်ပေးထားပါ။
အိပ်ချိန် ဂရုစိုက်ပါ– ကလေးတွေဟာ အိပ်ချိန်ပြည့်ဝမှ ရုပ်ရောစိတ်ပါ ကျန်းမာဖွံ့ဖြိုးမှာ ဖြစ်သလို ကိုယ်ခံအားလည်း ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးမှာပါ။ ဒါကြောင့် နေ့စဉ် ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိစေဖို့ ဂရုစိုက်ပါ။
ကဲ ….. သားသားမီးမီးလေးတွေ ကို ဖျားနာစေတဲ့ အချက်တွေကို တတ်နိုင်သမျှ ကာကွယ်ပေးပြီး ဖျားနာမှု ကင်းစေတဲ့ နည်းလမ်းလေးတွေနဲ့ သေချာလေး ကာကွယ်ပေးလိုက်ရအောင်လား မေမေတို့ရေ………
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။