ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးအရေပြားပြဿနာများ

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ ၁။ ရေဓာတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ သွားကြိတ် ရင်

ကလေး တစ်ယောက် အိပ်နေပြီဆိုရင် အိပ်နေရင်း တစ်ချက်တစ်ချက် ထထယောင်တာကိုလည်း ကြားနိုင်တယ်။ တစ်ခါတစ်လေ အသက်ပြင်းပြင်းရှူတာမျိုးလည်း ရှိနိုင်တယ်။ တစ်ခါတစ်ခါ တကျွိကျွိနဲ့ ကလေးများ သွားကြိတ် တာမျိုးလည်း ရှိနိုင်ပါတယ်။ သွားကြိတ်တာကို ဆေးပညာအရ bruxismလို့ ခေါ်ပါတယ်။ ကလေးကစလို့ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဖြစ်ရင်တော့ မိဘတွေအနေနဲ့ ပိုပြီး စိတ်ပူကြမှာပေါ့။ ကလေးတွေ ဘာလို့ သွားကြိတ်တာလဲ။ ဘာတွေ ထိခိုက်နိုင်သလဲ။ ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်ကြည့်ကြရအောင်။ ကလေး ၁၀ယောက်မှာ ၂ယောက် ၃ယောက်လောက်က သွားကြိတ် တတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းတာတစ်ခုက အရွယ်ရောက်ရင် အလိုလို ပျောက်သွားကြတာပါပဲ။ ကလေးတွေက အိပ်နေတဲ့ အချိန် ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်ဆို သွားကြိတ်တတ်ကြပါတယ်။ ကလေးတွေ ဘာလို့ သွားကြိတ် […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

နွေမှာ ပူလို့ မိုးရာသီ ကို မျှော်နေကြပေမယ့် မိုး နဲ့အတူ ပါလာလေ့ရှိတဲ့ ကျန်းမာရေးရဲ့ ရန်သူတော်တွေကိုလည်း ထည့်တော့ တွေးထားသင့်ပါတယ်။ အထူးသဖြင့် အိမ်မှာ ကလေးငယ်ငယ် ရှိတဲ့ မိသားစုတွေဆို ပိုအရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးတွေကတော့ မိုးရွာရင် ပျော်တယ်၊ မိုးရေထဲ ဆော့ချင်တယ်၊ မိုးအေးအေးနဲ့ အိပ်ရတာကို သဘောကျတယ်။ ဒါပေမယ့် ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေဟာ ရာသီဥတု အပြောင်းအလဲမှာ နေမကောင်းဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ကူးစက်ဖြစ်ပွားမှု ပိုများတတ်တဲ့ ရောဂါတွေ လည်းရှိနေပါတယ်။ မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ မိုးရာသီ လို စိုစွတ်တဲ့ ရာသီဥတုမှာ ရောဂါပိုး ပေါက်ပွားမှု ပိုများတဲ့၊ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။

သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပါ။ သံဓာတ်ချို့တဲ့တာကြောင့် သွေးနီဥရဲ့ အဓိက အစိတ်အပိုင်းလေးတွေ ဖြစ်တဲ့ haemoglobin လေးတွေမတည်ဆောက်နိုင်တဲ့ အတွက် သွေးအားနည်းလာခြင်းဖြစ်ပါတယ်။ ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါလက္ခဏာတွေ အနေနဲ့ ကလေးဟာ အသားအရေဖြူဖျော့နေမယ်။ မျက်ခမ်း အတွင်းသားတွေ ဖြူဖျော့နေမယ်။ ကြီးထွားမှုနှုန်း နှေးနေမယ်။မောပန်းလွယ်မယ်။ လက်သည်းခွံလေးတွေက ချိုင့်နေ၊ ပြားနေပြီး ကျိုးလွယ်မယ်။ အခြားရောဂါပိုးတွေ အဝင်လွယ်ပြီး မကြာခဏဖျားမယ် စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘေလုံးကြီးလာခြင်း၊ နှလုံးထိခိုက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါကို ကာကွယ်ဖို့ အရမ်းအရေးကြီးပါတယ်။ သံဓာတ် ချို့တဲ့တာကိုဘယ်လိုကာကွယ်ကြမလဲ။ ၁။ လမစေ့၊ ပေါင်မပြည့်ကလေးများ (သို့) အမြွာကလေးများ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေ

ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေက ဘာတွေလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။ ကလေးကို အဝလွန် နေမှန်း ဘယ်လိုသိနိုင်လဲ။ ဝတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက ဒီတိုင်းကို လူကောင်ထွားနေတာ ရှိပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကိုယ်မှာ အဆီစုတာကလည်း […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးဖျားပြီး အနီစက် ထွက်ရင်

မေမေတို့ ကလေးလေးတွေကနေ ကျန်းမာပါတယ်ဆိုတာတောင် တစ်နှစ်ကို ၂ခါ ၃ခါလောက်က ပုံမှန်ဖျားတတ်ကြပါတယ်။ ဒါသဘာဝပါပဲ။ ရိုးရိုးဖျားတာလည်း ရှိသလို အဖျားနဲ့ တခြား လက္ခဏာတွေ တွဲနေတာလည်း ရှိပါတယ်။ ဥပမာ အဖျားနဲ့ ဝမ်းလျှောတာ၊ အဖျားနဲ့ ချမ်းတုန်တာ၊ အဖျားနဲ့ အနီစက်ထွက်တာ စသဖြင့် အမျိူးမျိုးရှိပါတယ်။ ဒီထဲကမှ အတွေ့ရများတဲ့ အဖျားနဲ့ အနီစက် ထွက်တာကို ပြောချင်ပါတယ်။ မေမေတို့လည်း သိထားတော့ ကိုယ့်ကလေးလည်း ဘာဖြစ်လဲဆိုတာ သိနိုင်တာပေါ့။ ကလေးက ဖျားပြီးမှ အနီစက်ထွက်တာရှိသလို အနီစက် ထွက်ပြီးမှ ဖျားတာလဲ ရှိပါတယ်။ တခြားလက္ခဏာတွေနဲ့ တွဲလာတာမျိုးလည်း ရှိပါတယ်။ အတွေ့များတဲ့ ရောဂါတွေကတော့ ရေကျောက် ဝက်သက်  ဂျိုက်သိုး Scarlet fever Fifth disease Roseola infantum […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ

အနှီးလေးနဲ့ နွေးနွေးထွေးထွေး ထုပ်ထားတဲ့ကလေးတွေနဲ့ ဝကစ်ပြီး ချစ်စရာကောင်းတဲ့ ကလေး တွေကို တွေ့လိုက်ရတဲ့ အချိန်မှာ သင့်အနေနဲ့ ပွေ့ပိုက်နမ်းရှိုက်ချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ မှာပါ။ သင့်အနေနဲ့ အရမ်းချစ်လွန်းလို့ သန့်သန့်ရှင်းရှင်းနမ်းလိုက်တာပါပဲ။ ဒါပေမဲ့ ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ တွေးမိရဲ့လား။ ကလေးတွေကို နမ်းရှုံ့လိုက်ခြင်းဟာ မရည်ရွယ်ဘဲနဲ့ ကလေးတွေအတွက် အန္တရာယ်တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနဲ့ ပါးစပ်နား တစ်ဝိုက်ကို နမ်းလိုက်ခြင်းဟာ ရောဂါပိုးမွှားတွေကို ကလေးတွေဆီ ပျံ့နှံ့စေပါတယ်။ နှုတ်ခမ်းကို မနမ်းရဘူးဆိုတော့ ပါးလေးကိုရော နမ်းလို့ရနိုင်လားလို့ မေးစရာ ရှိနိုင်ပါတယ်။ ဘယ်နေရာ ဖြစ်ဖြစ်မနမ်းသင့်ပါဘူး။ ဥပမာ ကလေးတစ်ယောက်ရဲ့ လက်ကလေးကို အသည်းယားလွန်းလို့ နမ်းလိုက်တယ်ပဲ ဆိုပါစို့။ သူ့ရဲ့ လက်ကလေးတွေကို သူပြန်စုပ်တဲ့အခါ သင်နမ်းထားတဲ့ နေရာမှာရှိတဲ့ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Measles (သို့) ဝက်သက်ရောဂါ အကြောင်း လေ့လာကြမယ်။

ဒီလို Covid ကာလရဲ့ Stay home အချိန်လေးမှာ အနားယူရင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ကူးစက်ပုံခပ်ဆင်ဆင်တူတဲ့ တစ်ချိန်တစ်ခါက ပျံ့နှံ့ပြီး အဖြစ်များခဲ့တဲ့ ဝက်သက်ရောဂါလေး အကြောင်း မျှဝေပေးချင်ပါတယ်။ ဝက်သက်ရောဂါ ဆိုတာ ကူးစက်လွယ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ကလေးလေးတွေမှာ များသောအားဖြင့် ဖြစ်တတ်ပြီး အသက်ရှုလမ်းကြောင်းကို ပြသနာဖြစ်စေတဲ့ ဗိုင်းရပ်တစ်မျိုး ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါက တစ်ကမ္ဘာလုံးအတိုင်းအတာ အရ သေနှုန်းမြင့်မားခဲ့တဲ့ အထိ ဒုက္ခပေးခဲ့တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ယခုအချိန်မှာ တော့ ကာကွယ်နိုင်တဲ့ဆေးရှိလာတဲ့အတွက် ဖြစ်ပွားနှုန်းအင်မတန် လျော့ကျလာခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီရောဂါဟာ ကလေးငယ်တွေရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အရေးကြီးတဲ့ ရောဂါတွေထဲကတစ်ခု ဖြစ်နေဆဲပဲ ဖြစ်တဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ဒီဝက်သက်ရောဂါကို အမြစ်ပြတ်ဖို့ နည်းလမ်းတွေချမှတ်ပြီး လုပ်ဆောင်နေကြပါတယ်။ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

ခုလို ကာလမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ ရောဂါကူးစက်မှာ စိုးလို့ ဆေးရုံကို မဖြစ်မနေလိုမှ လာဖို့ ဆရာဝန်တွေကလည်း အကြံပြုထားပါတယ်။ ဒါပေမယ့် ရောဂါဆိုတာ ကိုဗစ်ဖြစ်နေလို့ ရှောင်နေမှာမှ မဟုတ်တာ။ ကိုဗစ်ကလည်း ကိုဗစ်၊ တခြားရောဂါတွေကလည်း ဒီတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ ဒါကြောင့် မေမေတို့က ကလေးတွေမှာ အဖြစ်များတဲ့ရောဂါ တွေကို သိထားသင့်ပါတယ်။ ဒီတော့ ဘယ်လို အချိန်မှာ ဆေးရုံသွားသင့်လဲ။ ဘယ်လိုသာမန်ရောဂါတွေကိုတော့ အိမ်မှာပဲ ဘယ်လိုနည်းလမ်းနဲ့ ပြုစုကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း မွေးကင်းစ ကလေး မွေးကင်းစကလေးတွေကို မကိုင်ခင်မှာ ရေနဲ့ဆပ်ပြာ သုံးပြီး လက်အရင်ဆေးပါ။ သူတို့လေးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့ မျက်ဝတ်ထွက်တာ မွေးစကလေးတွေက မျက်ဝတ် ထွက်တတ်တာ သဘာဝပါ။ သန့်ရှင်းတဲ့ အတတ်စကို ရေသန့်လေး စွတ်ပြီး […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

မကြာခင် မိုးရာသီရောက်တော့မှာ ဆိုတော့ ရာသီတုပ်ကွေးနဲ့အတူ သွေးလွန်တုပ်ကွေး လည်း ပါလာပါပြီ။ မေမေတွေ စိုးရိမ်ရတဲ့ အချိန်ပေါ့။ တစ်ဆက်တည်းမှာပဲ ရာသီတုပ်ကွေးတောင် ကာကွယ်ဆေးရှိတာ သွေးလွန်တုပ်ကွေးရော ကာကွယ်ဆေး မရှိဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ခဏခဏ ကြားနေရပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက တကယ်ရှိတာလား။ ရှိရင် ကလေးတွေကို ဘာလို့ ထိုးပေးလို့မရဘူးလားဆိုတဲ့ မေးခွန်းတွေကို ဖြေပေးသွားပါ့မယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တကယ်ရှိသလား။ ရှိပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးရယ် ဆိုပြီး တကယ်ရှိပါတယ်။ လောလောဆယ်မှာတော့ ၂မျိုးရှိပါတယ်။ Dengvaxia ၂၀၁၆လောက်တည်းက Dengvaxiaဆိုတဲ့ ကာကွယ်ဆေးက လိုင်စင်ရပြီးပါပြီ။ ထိုးဆေးအမျိုးအစားဖြစ်ပြီး ၀-၆လ-၁၂လ ဆိုပြီး ၃ကြိမ်ထိုးရပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ၄မျိုးလုံးကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ WHOကတော့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့နိုင်ငံတွေမှာ ထိုးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ နိုင်ငံပေါင်း ၂၀မှာ ခွင့်ပြုပြီး ထိုးနေပါပြီ။ ၂၀၁၉မှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း