ဗီတာမင် B5 (Pantothenic Acid)ကြွယ်ဝစွာပါဝင်နေတာက – ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ နေကြာစေ့၊ ငါး၊ ထောပတ်သီး၊ ကန်စွန်းဥ၊ ဥအမျိုးမျိုး၊ ချိစ်၊ ပဲနီလေးတို့ စားပေးလို့ရပါတယ်။
ဗီတာမင် B6 (Pyridoxine)
ဦးနှောက် နဲ့ အာရုံကြော ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဘေဘီလေးရဲ့ အိပ်စက်မှုအတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။
ဗီတာမင် B6 (Pyridoxine) ကြွယ်ဝစွာပါဝင်နေတာက – ငါး၊ အသား၊ ပဲနီလေး၊ ဇီးသီး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ အာလူး တို့ကနေရရှိနိုင်ပါတယ်။
ဗီတာမင် B9 (Folic Acid/Folate)
မျိုးဗီဇဆဲလ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဦးနှောက် ဖွံ့ဖြိုးစေတယ်။ သင်ယူမှုစွမ်းရည်တွေကောင်းစေနိုင်တယ်။ သံဓာတ်စုပ်ယူမှုကောင်းစေပြီး သွေးနီဥဆဲလ်တွေကို အကောင်းဆုံးဖြစ်ပေါ်စေနိုင်ပါတယ်။
ဗီတာမင် B9 (Folic Acid/Folate)ကြွယ်ဝစွာပါဝင်နေတာက – ပဲနီလေး၊ ဟင်းနုနွယ်၊ ကညွတ်၊ တရုတ်မုန်လာ၊ ထမင်း၊ လိမ္မာ်သီး၊ ထောပတ်သီး၊ နို့၊ ဂျုံ တို့ကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် C (Ascorbic Acid)
ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဆံသား၊အရေပြား နဲ့ သွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်စေပြီး ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။
ဗီတာမင် C (Ascorbic Acid) ကြွယ်ဝစွာပါဝင်နေတာက – မာလကာသီး၊ ဇီးဖြူသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ အာလူး၊ ဟင်းနုနွယ် စသည်တို့ကနေ ရရှိနိုင်ပါတယ်။
အရိုးတွေ သန်မာစေနိုင်တယ်။ ကိုယ်ခံအားကောင်းစေပြီး အရေပြားပြဿနာတွေ ကင်းစေနိုင်ပါတယ်။
ဗီတာမင် D ကြွယ်ဝစွာပါဝင်နေတာက – ဆာဒင်း၊ တူနာ၊ မက်ကာရယ်၊ ဆယ်လ်မွန်၊ ကြက်ဥအနှစ်၊ နေရောင်ခြည်တို့ကနေ ရရှိနိုင်ပါတယ်။
ကြွက်သားတွေ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေပြီး ရောဂါတွေကနေ ကာကွယ်ပေးတယ်။ သွေးနီဥဆဲလ်တွေကို အကောင်းဆုံး ဖြစ်ပေးစေနိုင်ပါတယ်။
ဗီတာမင် E ကြွယ်ဝစွာပါဝင်နေတာက – နေကြာဆီ၊ စပျစ်စေ့အဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ အယ်လ်မွန်စေ့၊ မြေပဲ၊ ထောပတ်သီး၊ ဟင်းနုနွယ်တို့ကနေ ရရှိနိုင်ပါတယ်။
ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အားဖြည့်ပေးပါတယ်။ အရေပြားပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံသား၊ အရေပြား နဲ့ လက်သည်းခြေသည်းတွေကို ကျန်းမာစေနိုင်ပါတယ်။
ဗီတာမင် H ကြွယ်ဝစွာပါဝင်နေတာက – အသား၊ ဥအမျိုးမျိုး၊ ချိစ်၊ ဂျုံ၊ ငါး၊ ပန်းဂေါ်ဖီ၊ ထောပတ်သီး၊ သစ်ကြားသီး၊ မြေပဲ၊ အယ်လ်မွန်စေ့တို့ကနေ ရရှိနိုင်ပါတယ်။
သွေးခဲတာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အရိုးသိပ်သည်းဆ တိုးစေပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ သွေးကြောတွေကို ကျန်းမာစေနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။
ဗီတာမင် K ကြွယ်ဝစွာပါဝင်နေတာက – ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ ဆလတ်ရွက် ၊ စပျစ်သီးတို့ကနေရရှိနိုင်ပါတယ်။
ဒါတွေအပြင် နို့တိုက်နေရတဲ့ မေမေအနေနဲ့ ကယ်လ်ဆီယမ် နဲ့ ဇင့်တို့ကို ပြည့်ဝစွာရရှိဖို့လည်း လိုအပ်ပါမယ်။