ဘေဘီလေး ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မေမေဖေဖေတို့ဘာလုပ်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 7, 2020 . 2 mins read
Share now

ဘေဘီလေး တွေရဲ့ ဦးနှောက်ဟာ မွေးစကနေ ၃ နှစ်တာအတွင်းမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဦးနှောက်ဖွံ့ဖြိုးမှုက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်​ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။

ကလေးတစ်ယောက်ဟာ မွေးစကနေ ၃ နှစ်အတွင်းမှာ အဓိကဖွံ့ဖြိုးမှု ၄ ရပ်ရှိနေဖို့လိုပါမယ်။ ဒါကတော့ လှုပ်ရှားသွားလာနိုင်မှု (ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု)၊ ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံရေး နဲ့ စိတ်ခံစားမှု၊ သိမြင်မှုစွမ်းရည်ပိုင်းတွေမှာ တိုးတက်မှုတွေရှိနေဖို့လိုပါမယ်။ သိမြင်မှုစွမ်းရည်ဆိုတဲ့အထဲမှာ ဘေဘီလေး ရဲ့ တွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေပါဝင်နေပါတယ်။ ဘေဘီလေး ကို ထူးချွန်ထက်မြက်ချင်တယ်ဆိုရင်တော့ ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်နေတဲ့မွေးစက နေ ၃ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးမယ့် လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးသောနည်းလမ်းတွေက ဘာတွေဖြစ်မလဲ……..

ဘေဘီလေး ကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို နေ့တိုင်းလုပ်ဆောင်ပေးဖို့လိုပါမယ်။

ကစားပေးပါ

ကလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကစားပေးတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အကူပြုပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါ။ ကလေးနဲ့အတူတူ ဆော့ကစားပေးတာ၊ စကားပြောပေးတာ၊ သီချင်းဆိုပေးတာ တွေကဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ အရုပ်လေးတွေကို လုပ်ပြရင်း အမူအရာနဲ့ ကစားပေးပါ။ ဟန်ပန်လေးတွေလုပ်ရင်းသီချင်းတူတူဆိုပေးပါ။ ရောင်စုံတုံးလေးတွေကို အသုံးပြုလို့ အိမ်ဆောက်တမ်းဆော့တာကတွေက ကလေးရဲ့ စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်ပြီး ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

သက်တောင့်သက်သာထားပါ

ဘေဘီလေး​ တွေမှာလည်း စိတ်ဖိစီးမှုရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကင်းကင်းနဲ့ ကြီးပြင်းစေနိုင်မှုက ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေနိုင်မှာပါ။ ဒါကြောင့် ကလေးကို ထွေးပွေ့တာ၊ ချော့သိပ်တာတို့လိုမျိုးလုပ်ပေးပြီး သက်တောင့်သက်သာဖြစ်အောင်ထားပါ။ ဒီလိုလုပ်ပေးတာက ကလေးကို ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ချစ်ပေးပါ။

စာဖတ်ပြပါ

စာဖတ်ပြတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ကလေးက စကားလုံးတွေကို သေချာမသိသေးဘူးဆိုရင်တောင်မှ မေမေက စာဖတ်ပြတာက ကလေးကို သင်ယူမှုစွမ်းရည်ကောင်းစေနိုင်ပြီး ဘာသာစကားစွမ်းရည်ကောင်းစေနိုင်ပါတယ်။ နောက်တစ်ခုလုပ်လို့ရတာက ကလေးကို ရုပ်ပုံလေးတွေပြရင်း စာဖတ်ပြတာပါ။ ကလေးကို အရုပ်နဲ့စကားလုံးလေးတွေကိုတွဲမြင်စေပြီး  သိမြင်မှုစွမ်းရည်တိုးလာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

အာဟာရပြည့်ဝအောင်စီစဉ်ပေးပါ

ဖွံ့ဖြိုးရမယ့်အရွယ်မှာ အာဟာရပြည့်ဝအောင်မရဘူးဆိုရင် ဦးနှောက်ကလည်း ကောင်းကောင်းဖွံ့ဖြိုးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘေဘီလေးကို ဦးနှောက် ကောင်းကောင်းဖွံ့ဖြိုးစေချင်တယ်ဆိုရင် ဦးနှောက်ဖွံ့ဖြိုးဖို့ထောက်ပံ့ပေးတဲ့ DHA ကြွယ်ဝတဲ့အစားအစာတွေပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။ နို့တိုက်နေရချိန်မှာတော့ မေမေက အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အသက် ၆ လပြည့်ပြီဆိုရင်တော့ ဘေဘီလေးအတွက် လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ ပြောပါရစေနော်။

ထူးချွန်ထက်မြက်တဲ့ ဘေဘီလေးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်မယ့် အခွင့်အရေးက မေမေတို့ရဲ့လက်တစ်စုံမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ နောက်တစ်ခုကတော့..............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ သားသားမီးမီးတို့ ကျန်းမာထက်မြက်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ မလဲနိုင်တဲ့ မေမေတို့အတွက် တန်ဖိုးအကြီးဆုံး ဆုလာဘ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးနေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

တေးသီချင်းတွေ၊ ဂီတ သံစဉ်တွေကို နေ့စဉ် နားသောတဆင်တဲ့အခါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေ ရရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
စိတ်ဖိစီးမှု ကို လျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read
မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read