ကဖင်းဓာတ်များသွားတယ်လို့ ယူဆတယ်ဆိုတာနဲ့ ရေကိုများများသောက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကဖင်းဓာတ်များတာကြောင့်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးမှုကနေတဆင့် ကဖင်းဓာတ်တွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိစွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကော်ဖီတစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် အနည်းဆုံးရေတစ်ခွက်သောက်ပေးပါ။ ဒါက ကဖင်းဓာတ်များတာကို လျှော့ချပေးနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။
သံပရာရည်သောက်ပါ
ကဖင်းဓာတ် အရမ်း များသွားတဲ့အခါ သံပရာရည် သောက်ပေးတာကလည်း အဆင်ပြေတဲ့ နည်းလမ်း တစ်ရပ်ပါ။ သံပရာသီးမှာ ပါတဲ့ ဗီတာမင် C က ကဖင်းကြောင့် ခန္ဓာကိုယ်က ဗီတာမင် စုပ်ယူနိုင်စွမ်း နဲ့ သံဓာတ် စုပ်ယူမှု ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ကဖင်း အရမ်းများသွားခဲ့ရင် သံပရာရည်လေး သောက်လိုက်ပါ။
ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ သခွားသီး၊ တရုတ်နံနံ၊ ငရုတ်ပွလိုမျိုး အသီးအနှံတွေက ခန္ဓာကိုယ်ရဲ့ ကဖင်း စုပ်ယူမှုကို နှေးစေနိုင်ပါတယ်။ ကဖင်း များသွားတဲ့ အခါမျိုးမှာ ကဖင်းကြောင့် အိပ်မရတာ အပါအဝင် အခြားသော ပြဿနာတွေ ဖြစ်မလာအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
အသက်ဝဝရှူပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။