backup og meta

အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်အားနည်းသော ကလေးများအတွက် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်အားနည်းသော ကလေးများအတွက် အစားအစာများ

    ကလေးတွေရဲ့ ဘဝအစပြုတဲ့ ပထမဆုံး နှစ်အနည်းငယ်အတွင်းမှာ သူတို့တွေဟာ အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးကြတာပါ။ သူတို့တွေ ၃နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ ဦးနှောက်ဟာ အရွယ်ရောက်ပြီးသား ဦးနှောက်အရွယ်အစားရဲ့ ၉၀%လောက်ဖွံ့ဖြိုးပြီးနေပါပြီ။ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုဟာ အာဟာရပေါ်မူတည်ပြီး ဒါတွေကလည်း သင်ယူခြင်းနဲ့ အပြုအမူတွေအတွက် အခြေခံအုတ်မြစ်ပါပဲ။

    ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုဟာ ကလေးတွေအတွက်တော့ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ကျန်းမာရေးအခြေအနေတွေကို အပြည့်အ၀ ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

    အကောင်းဆုံးသော နံနက်စာ

    နံနက်စာဟာ ကျောင်းတက်နေတဲ့အရွယ်ကလေးတွေအတွက်ပါ။ ကျွမ်းကျင်သူတွေကတော့ နံနက်စာစားသုံးသူတွေဟာ မစားသူတွေနဲ့ယှဉ်ရင် ကျောင်းစာမှာ ပိုထူးချွန်ပြီး အပြုအမူပိုင်းမှာလည်း အမှားနည်းတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် သကြားဓါတ်မြင့်မားစွာပါဝင်တဲ့ စားစရာတွေဟာ ကလေးတွေအတွက်တော့ နေ့ခင်းမတိုင်ခင်မှာ စွမ်းအင်ကုန်ခမ်းတာတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီအချိန်ဟာ သူတို့တွေ အတန်းထဲမှာစာသင်နေတုန်း ဥပမာ သင်္ချာတွက်နေတုန်း ဒါမှမဟုတ် စာဖတ်နေတုန်းဖြစ်ရင်ဖြစ်မယ်။ စံပြုထားတဲ့နံနက်စာတွေမှာတော့ ပရိုတိန်းတွေနဲ့ ဖြည်းဖြည်းပဲ အစာချေနိုင်မယ့် Complex carbs တွေ ပါဝင်ပါတယ်။

    ဥများ

    Choline (ဥတွေမှာပါဝင်တဲ့ ဗီတာမင်နဲ့တူတဲ့အရာ၊ သူတို့ကို အခွံမာသီးတွေမျာလည်း တွေ့နိုင်ပါတယ်။ ) ဟာ မှတ်ဉာဏ်ပင်မဆဲလ် (memory stem cells)တွေကို ထုတ်လုပ်ပေးနိုင်ပြီး ဒါတွေဟာ ကျွန်တော်တို့ဦးနှောက်ရဲ့ ဟိုးနက်ရှိုင်းတဲ့အပိုင်းတွေမှာ ဖြစ်ပေါ်တာပါ။ ကျွန်တော်တို့မှာ ဒီဆဲလ်တွေရှိလေလေ၊ မှတ်ဉာဏ်ပိုကောင်းလေလေပါပဲ။ အမြင်အာရုံနဲ့မှတ်ဉာဏ်အတွက် အရေးပါတဲ့ DHA ဆိုတဲ့ omega-3 fatty acid တစ်မျိုးလည်းပါရှိလို့ ကျန်းမာပြီးဉာဏ်ရည်ထက်မြက်စေပါတယ်။

    အုတ်ဂျုံ

    အုတ်ဂျုံစားသုံးသူတွေဟာ Spatial-memory လုပ်ဆောင်မှုတွေမှာ ပိုပြီးစွမ်းရည်ရှိတယ်လို့ဆိုပါတယ်။ အုတ်ဂျုံဆိုတာ အမျှင်ဓါတ်တွေအပြည့်အဝပါဝင်တဲ့ လုံးတီးအနှံပါပဲ။ အုတ်ဂျုံကို အစာချေဖို့ဆိုတာ အချိန်ယူရပြီး ကလေးတွေကိုတော့ တည်ငြိမ်တဲ့ ပရိုတိန်းလိုစွမ်းအင်မျိုးကို အစဉ်မပြတ်ပေးစွမ်းနေနိုင်ပါတယ်။

    စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီများ

    ဒီအရည်ရွှမ်းပြီးစားကောင်းတဲ့အသီးတွေမှာ antioxidants တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးတဲ့ ဒီလိုအစာတွေဟာ ကြွက်တွေမှာတော့ ဆက်စပ်တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့လည်း တွေ့ရှိရပါတယ်။ ဘယ်ရီသီးတွေမှာလည်း DHA ရရှိနိုင်တဲ့အရင်းအမြစ်ဖြစ်တာကြောင့် ကလေးတွေအတွက် ရွေးချယ်သင့်တဲ့အသီးအနှံတွေဖြစ်ပါတယ်။

    ကလေးမှာ DHA မပြည့်ဝခြင်းက ဉာဏ်ရည်ဉာဏ်သွေးနဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ မိမိကလေးတွေကို ဉာဏ်ရည်မြင့်မားတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာစေချင်တဲ့မိဘတွေအနေနဲ့ကတော့ DHA ကမိတ်ဆွေကောင်းတစ်ယောက်ဖြစ်လို့ ကိုယ့်ကလေးရဲ့ဖြည့်စွက်စာထဲမှာ DHA ပါဝင်အောင် အမြဲဂရုစိုက်သင့်ပါတယ်။

    စွမ်းအားပြည့်နေ့လည်စာ

    ကလေးတွေ နေ့လည်ပိုင်းအတွက် စွမ်းအင်ဘယ်လောက်ရှိနေလဲဆိုတာအတွက် နေ့လည်စာအဖြစ် ဘာကိုစားကြလဲဆိုတာက အရေးကြီးလှပါတယ်။

    လုံးတီးဂျုံတွေနဲ့ ပြုလုပ်ထားတဲ့ Sandwiches– လုံးတီးဂျုံနဲ့ပြုလုပ်ထားတဲ့ပေါင်မုန့်မို့ အမျှင်ဓါတ်ကြွယ်ဝရုံမက မုန့်ဖုတ်သူတွေအသုံးများတဲ့ ဂျုံမှာကလည်း ဖောလိတ်ဓါတ်တွေများပြားပါတယ်။ ဖောလိတ်ဆိုတာကတော့ ဦးနှောက်ထဲက မှတ်ဉာဏ်ဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ ဗီတာမင် B ပါပဲ။

    နို့ – အဆီမပါတဲ့နို့ဟာ ပရိုတိန်းတွေ၊ ဗီတာမင် D နဲ့ ဖော့စဖောရပ်စ်တွေ ကြွယ်ကြွယ်၀၀ပါဝင်တယ်ဆိုပြီး ကျော်ကြားပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်ကလည်း ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်က စွမ်းအင်တွေကိုဘယ်လိုစီမံခန့်ခွဲသလဲဆိုတဲ့ အပေါ်မှာ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ကယ်လ်ဆီယမ်ဟာ ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုအတွက် မရှိမဖြစ် ကဏ္ဍကနေ ပါဝင်နေပါတယ်။

    အသီးသေးသေးလေးတွေ – အသီးအနှံအများစုဟာ ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးနိုင်တဲ့အစာတွေမဟုတ်ပေမယ့် သူတို့ဟာကလေးတွေသင်ယူလေ့လာနိုင်စွမ်းအတွက် သွယ်ဝိုက်သောနည်းနဲ့ ထောက်ပံ့ပေးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်းချုပ်ခြင်းဟာအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အသီးအနှံတွေ ( လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရေများများသောက်ခြင်းပါ ပေါင်းစပ်လိုက်တဲ့အခါ) ဟာ ကလေးတွေကို ပုံမှန်ဖြစ်စေပြီး သင်ယူဖို့လည်း အဆင်သင့်ဖြစ်နေစေပါတယ်။

    ကျောင်းဆင်းပြီး အားဖြည့်စာ

    ကျောင်းတက်နေတဲ့အချိန်ကုန်ဆုံးသွားပေမယ့် ကလေးတွေဟာ ဦးနှောက်ယိုစီးမှုကို ခံနိုင်ရည်မရှိကြသေးပါဘူး။ သူတို့လေးတွေ ကျောင်းပြီးတဲ့အခါလုပ်ရမယ့် လုပ်ငန်းတွေနဲ့ အိမ်စာတွေကို လုပ်နိုင်ဖို့အတွက် ရေသောက်ဖို့နဲ့ cereal တွေကို သရေစာအဖြစ်စားသုံးဖို့ တိုက်တွန်း လှုံ့ဆော်ပါ။

    ရေ

    မိဘအများစုဟာ ကလေးတွေကျောင်းမှာ ရေဘယ်လောက်သောက်လဲဆိုတာသိရင် အံ့သြသွားမှာအမှန်ပါပဲ။ (ရေသောက်နည်းလို့ပါ) ရေဓါတ်ခမ်းခြောက်ခြင်းဟာ  ကလေးတွေကို အားအင်ချိနဲ့စေတာ၊ အားအင်လုံးဝမရှိတော့တာနဲ့ စိတ်ရှုပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် အစာစားတိုင်း ရေသောက်ခြင်းအလေ့အထကို မွေးမြူပါ။ အထူးသဖြင့် တက်ကြွလှုပ်ရှားခဲ့တဲ့နေ့တွေမှာပေါ့။

    Cereal

    ကလေးတွေဟာ ဒါတွေကို နံနက်စာအဖြစ် ပန်းကန်တစ်လုံးကြီးစားခဲ့ရင်တောင် fortified whole grain cerealsတွေဟာ ဖောလိတ်ဓါတ်တွေ၊ complex carbs တွေ ကြွယ်ဝပြီး ပရိုတိန်းဓါတ်အလွယ်တကူ ရစေနိုင်တဲ့ သရေစာတစ်မျိုးပါပဲ။ Fortified cerealsတွေဟာ ဗီတာမင် B12 ရင်းမြစ်ကောင်းတစ်ခုဖြစ်ပြီး ဒါကတော့ ကျွန်တော်တို့ အရာရာကို ဘယ်လောက်မှတ်မိနိုင်လဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။

    အမဲသား

    သံဓါတ်ချို့တဲ့ခြင်းဟာ ကမ္ဘာပေါ်မှာအဖြစ်အများဆုံး အာဟာရချို့တဲ့ခြင်းပါ။ ကျောင်းမှာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာမလုပ်ဆောင်နိုင်ခြင်းဟာ သံဓါတ်အားနည်းခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အဆီထုတ်ထားတဲ့ အမဲသားဟာ သံဓါတ်ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး အရာတစ်ခုပါပဲ။ တစ်ရက်ကို အမဲသား ဝ.၀၃ကီလိုဂရမ်စားသုံးပေးခြင်းဟာခန္ဓါကိုယ်က သံဓါတ်ကို အခြားနေရာတွေကနေ စုပ်ယူတဲ့နေရာမှာ အကြီးအကျယ်ပြောင်းလဲသွားစေမှာ အမှန်ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement