ကန်စွန်းဥစားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကန်စွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်၊ သာကူနဲ့ ကျိုစားတာဖြစ်ဖြစ်စားလို့ရပါတယ်။ ဒီလိုအမျိုးမျိုးလုပ်စားလို့ရတဲ့ ကန်စွန်းဥက စားကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်းတော်ေ်တာ်လေးအထောက်အကူပြုပေးပါသေးတယ်။

ကန်စွန်းဥစားရင်း ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

စားကောင်းတဲ့ ကန်စွန်းဥလေးတွေကို စားမယ်ဆိုရင်တော့

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပေါ့။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေး နိုင်ပါတယ်။ ကန်စွန်းဥမှာ ဆီးချိုကာကွယ်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဝမ်းမှန်စေနိုင်သလို သကြားဓါတ်စုပ်ယူမှုကို ထိန်းညှိပေးနိုင်ပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ် – Free radicalတွေကြောင့် နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ချင်တယ်ဆိုရင်တော့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ကန်စွန်းဥစားပေးလို့ရပါတယ်။ ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးပြီး ဆီးချိုနဲ့နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်တယ် – ကန်စွန်းဥစားသုံးမှုက ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်သလို မှတ်ဉာဏ်ကိုလည်း တိုးစေနိုင်ပါတယ်။ ကန်စွန်းဥက အာဟာရကြွယ်ဝသလို ဓါတ်တိုးဆန့်ကျင် အာနိသင်လည်း ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ယုတ်လျော့မှုကိုလည်းလျော့ပါးစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ် – ဗီတာမင် A ပါဝင်တာကြောင့် ကိုယ်ခံအားဆဲလ်တွေထွက်ရှိအောင်လှုံ့ဆော်ပေးပြီးရောဂါတွေနဲ့ ကူးစက်ရောဂါတွေမဝင်ရောက်အောင် တားဆီးပေးနိုင်ပါတယ်။

အမြင်အာရုံေကာင်းမွန်စေနိုင်တယ် – ကန်စွန်းဥက ကိုယ်ခံအားကိုတင်ကောင်းစေတာမဟုတ်ပါဘူး။ အမြင်အာရုံကိုပါကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် A ကြွယ်ဝတဲ့အတွက် ဗီတာမင် A ချို့တဲ့မှုကြောင့်ဖြစ်တဲ့ မျက်စိခြောက်တာ၊ ညဘက်မှာ အမြင်အာရုံဝေဝါးတာ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတာတွေ နဲ့ အမြင်အာရုံဆုံးရှုံးမှုတွေကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်အာဟာရဓါတ်ကြွယ်ဝပြီး အမျှင်ဓါတ်များစွာပါဝင်နေတဲ့ ကန်စွန်းဥက အဆာခံစေနိုင်ပြီး စားချင်စိတ်ကိုလျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေ စားသုံးပေးသင့်ပါတယ်။

လေးဖက်နာေကြာင့် နာကျင်မှုကို သက်သာစေနိုင်တယ် – ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ ဗီတာမင် B အုပ်စုတွေပါဝင်နေတာကြောင့် အဆစ်အမြစ်တွေနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ကန်စွန်းဥပြုတ်ရည်ကို နာတဲ့ အဆစ်တွေနေရာမှာ လူးပေးမယ်ဆိုရင်လည်း အဆစ်တွေနာကျင်မှုကို သက်သာစေမှာပါ။

အစာအိမ်အနာကို သက်သာစေနိုင်တယ် – ကန်စွန်းဥမှာပါတဲ့ အမျှင်ဓါတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို အူတွေကို လှုပ်ရှားမှုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ဘိတာကယ်ရိုတင်း၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်မှုက အစာအိမ်အနာတွေကို သိသိသာသာ သက်သာစေမှာပါ။ ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်ထဲမှာ အက်ဆစ်ဖြစ်ပေါ်မှုနည်းစေတာကြောင့် အစာအိမ်အနာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။

ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တယ် – ကန်စွန်းဥမှာပါတဲ့ အမျှင်ဓါတ်က ခန္ဓါကိုယ်ကရေဓါတ်တွေ မဆုံးရှုံးရအောင်ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းရေဓါတ်ကို ထိန်းညှိပေးပြီး ဆဲလ်တွေကောင်းမွန်စွာလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

ကဲ ဒီလောက်ထိ အကျိုးကျေးဇူးတွေများနေမှတော့ အရသာရှိတဲ့ ကန်စွန်းဥကို စားမလား။ မစားဘူးလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။