ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးခိုင်းတာပါ။ မေမေ့ဆီကရတဲ့ ကိုယ်ခံအားက ကလေးတွေကို ၆လလောက်ထိ ကာကွယ်ပေးနိုင်လို့ပါ။
ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ တုပ်ကွေးဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရလဲဆိုတာနဲ့ ဘယ်လို လက္ခဏာတွေဆို စိုးရိမ်စရာ အခြေအနေလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ဘေဘီလေးတွေက ဘယ်အရွယ်မှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေ များလဲ……
ဘေဘီလေးတွေက လူကြီးတွေထက် တုပ်ကွေး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို ဘေဘီလေးရဲ့ ကိုယ်ခံအားက ရောဂါတွေကို ခုခံနိုင်လောက်တဲ့အထိ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ အရွယ်ငယ်သေးတာကြောင့် ကာကွယ်ဆေးလည်း ထိုးလို့ မရသေးပါဘူး။ တကယ်လို့ မေမေက ကိုယ်ဝန်ဆောင်တုန်းက တုပ်ကွေးကာကွယ်ဆေးထိုးထားခဲ့ရင်တော့ ကလေးဆီကို ခုခံအားရောက်နေနိုင်ပါတယ်။
ဘေဘီလေးတွေက အသက် ၅ နှစ် အောက် အထူးသဖြင့် အသက် ၂ နှစ် မပြည့်ခင်မှာ တုပ်ကွေးကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ခြေ ပိုများပါတယ်။ တုပ်ကွေး ကူးစက်ခံရနိုင်ခြေကတော့ ဘေဘီလေးတွေရဲ့ အသက်အရွယ်တိုင်းမှာ ပိုများတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။