မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နို့ပွေးက မှိုပိုးကူးစက်မှုတစ်ခုပါပဲ။ ဒီမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ ကူးစက်ခံရနိုင်ပါတယ်။