ခေါင်းအုံးနဲ့ အိပ်စက်ခြင်းဟာ ကလေးတွေအတွက် အန္တရာယ်များပါတယ်

    ခေါင်းအုံးနဲ့ အိပ်စက်ခြင်းဟာ ကလေးတွေအတွက် အန္တရာယ်များပါတယ်

    ကလေးတွေဟာ ထိခိုက်လွယ်တဲ့အတွက် သူတို့တွေဟာ အနူးညံ့ဆုံးဆိုတဲ့အရာတွေကိုသာ သူတို့ပတ်ဝန်းကျင်မှာထားပြီး သာမန်ထက် ပိုပြီးကာကွယ်ပေးဖို့လိုအပ်ပါတယ်။ ကောင်းမွန်ပြီး အမွှေးဖွားဖွားရှိတဲ့ခေါင်းအုံးတွေဟာ ကလေးတွေအတွက် မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကိုဖြစ်စေနိုင်ပါတယ်။ ကလေးမွေးဖွားပြီး လေးလအတွင်း ကလးအတွက် ကာကွယ်ပေးနိုင်မယ့်ပစ္စည်းအဖြစ်အသုံးပြုခြင်းဟာ ကလေးရုတ်တရက်သေဆုံးနိုင်မယ့်ရောဂါ (SIDS) ဖြစ်နိုင်ချေတွေဆီကို တွန်းပို့နေတတ်ပါတယ်။

    ကလေးအိပ်ဖို့အတွက် ဘယ်အချိန်မှာ ခေါင်းအုံးစလိုပြီလဲ။

    လူတွေယူဆကြသလို ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ခေါင်းအုံးတွေ မလိုအပ်သေးပါဘူး။ ကျွန်တော်တို့လူကြီးတွေအတွက်တော့ ကျွန်တော်တို့ခေါင်းတွေ သက်တောင့်သက်သာဖြစ်စေနိုင်ဖို့ ခေါင်းအုံးလိုတယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ သင့်လျော်တဲ့ခေါင်းအုံးဟာ လည်ပင်းအတွက် ကောင်းကောင်းထောက်ပံ့ပေးနိုင်တာကြောင့် ခန္ဓာကိုယ်ကို အိပ်စက်ချိန်အတွင်းမှာ ကောင်းကောင်းအနားရစေနိုင်ပါတယ်။

    ဒါပေမဲ့ ကလေးငယ်တွေအတွက်ကျပြန်တော့ ခေါင်းအုံးတွေဟာ သေမင်းတမန်တွေလိုပါပဲ။ ကလေးငယ်တွေဟာ ငယ်လွန်းသေးတဲ့အတွက် မှားယွင်းတဲ့ခေါင်းအုံးတွေကို ရွေးချယ်မိမယ်ဆိုရင် သူတို့အတွက် SIDS ဖြစ်လာစေဖို့ အခွင့်အလမ်းပိုများသွားစေပါတယ် သင့်ကလေးဟာ သူတို့ရဲ့မျက်နှာကို မှောက်တတ်မှာကြောင့် ခေါင်းအုံးထဲကို မျက်နှာနှစ်သွားပြီး အသက်ရှူမရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့တွေရဲ့ ဘေးမှာအထိန်းအကာမရှိတဲ့အခါ ရုတ်တရက် ခေါင်းအုံးပေါ်က လိမ့်ကျသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ဒါ့အပြင် ကလေးတွေ ထတဲ့အခါ သူတို့တွေထနိုင်ဖို့အတွက် ခေါင်းအုံးကို အကူအညီယူ လက်ထောက်လို့ ထကြပါတယ်။ ကလေးထိန်းနေတဲ့သူတောင်မသိလိုက်ရဘဲ ပြုတ်ကျ၊ လဲကျပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ကလေးတွေ ၁၈လမပြည့်မချင်းကလေးတွေအတွက် ခေါင်းအုံးတွေကို သူတို့အိပ်ရာပေါ် ဒါမှမဟုတ် ပုခက်ထဲမှာ ထည့်ထားတာတွေကို လျှော့ဖို့ အလျင်မလိုဖို့ဆိုတာ ပါရဂူအများစုက အကြံပြုထားကြပါတယ်။ လမ်းလျှောက်တတ်စကလေးငယ်တွေဟာလည်း ခေါင်းအုံးနဲ့ အိပ်စက်ချင်လေ့မရှိပါဘူး။ ကလေး ၂နှစ်ပြည့်တဲ့အခါဟာ သူတို့ကို ခေါင်းအုံးနဲ့စပြီးအိပ်စက်တတ်အောင် လေ့ကျင့်ကူညီပေးလို့ရပြီး ဒါက သူတို့ရဲ့ အသက်ရှူစနစ်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ ဖြည့်မထားတဲ့ ခေါင်းအုံးအပြားတွေကို စပြီးရွေးချယ်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    ဘယ်လိုခေါင်းအုံးအမျိုးအစားက အန္တရာယ်ကင်းသလဲ။

    တကယ်လို့များ ညဘက်မှာ ကလေးအအေးမိမှာကို စိုးရိမ်တယ်ဆိုရင် သူတို့ကို ပေါ့ပါးတဲ့ ချည်သားညအိပ်ဝတ်စုံတွေနဲ့ ကလေးတွေအတွက် ခြေအိတ်လေးတွေ ဝတ်ထားပေးနိုင်ပါတယ်။ သင့်ကလေးရဲ့ အရွယ်အစားနဲ့ညီမယ့် ခေါင်းအုံးကို ရွေးချယ်ပါ။ ဒီခေါင်းအုံးဟာ သေးငယ်ပြားချပ်ပြီး နူးညံ့တဲ့ ချည်သားနဲ့လုပ်ထားတဲ့ ခေါင်းအုံးတွေဟာ သူတို့လည်ပင်းအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တယ်ဆိုတာ သေချာနေပါစေ။

    ငှက်မွှေးနဲ့လုပ်ထားတဲ့ ခေါင်းအုံးတွေဟာ လူကြီးတွေရဲ့ ကျန်းမာရေးအတွက်တော့ ကောင်းမွန်ပေမယ့်သင့်ကလေးအတွက် သင့်လျော်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဒီခေါင်းအုံးတွေဟာ နူးညံ့လွန်းတာအပြင် ဓါတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပိုပြီး အန္တရာယ်များတာကတော့ ကလေးတွေ အိပ်ပျော်သွားတဲ့အချိန်မှာ သူတို့ရဲ့ခေါင်းဟာ ခေါင်းအုံးထဲ နစ်သွားတတ်တာပါပဲ။

    ခြုံပြောရမယ်ဆိုရင် ကလေးအိပ်ပျော်သွားတဲ့အချိန်မှာ ခေါင်းအုံးအောက်ရောက်သွားသည်ဖြစ်စေ၊ မျက်နှာခေါင်းအုံးပေါ်အပ်မိသည်ဖြစ်စေ ကလေးတွေကို ညှစ်သလိုဖြစ်စေပြီး သေစေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ရဲ့ပုခုံးဟာ ခေါင်းထက်ကျယ်လာတဲ့အခါမှာ ခေါင်းအုံးတစ်လုံးရှိခြင်းက လူတွေကို ပိုပြီးအိပ်ပျော်စေနိုင်ပါမှာပါ။ ကလေးတွေမှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ခေါင်းအုံးမလိုသေးပါဘူး။ သင်သာ သူတို့ကို ခေါင်းအုံးနဲ့အိပ်စေချင်တယ်ဆိုရင်တော့ အနည်းဆုံး သူတို့အသက် ၁၈လ ပြည့်ပြီးတဲ့အထိ စောင့်ဆိုင်းသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    When can my child sleep with a pillow?. http://www.babycenter.com/404_when-can-my-child-sleep-with-a-pillow_7533.bc. Accessed January 24, 2017.

    Safe sleep for babies and toddlers. http://www.cyh.com/HealthTopics/HealthTopicDetails.aspx?p=114&np=305&id=1697#6. Accessed January 24, 2017.

    Baby, Sleep, Pillows. https://www.babysleepsite.com/safety/baby-sleep-pillow/. Accessed January 24, 2017.

    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 10/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။