ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိုးတွင်းမှာ ကိုယ့်ကလေး ကျန်းမာအောင် ဘာတွေ ကျွေးမွေးမလဲ

မိုးရာသီရောက်လာပြီဆိုရင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးကနေစလို့ အရေပြားရောဂါတွေအထိ ကျန်းမာရေးပြဿနာတွေ များတတ်ပါတယ်။ အထူးသဖြင့် ရင်သွေးတွေမှာပေါ့။ ကလေးတွေ မိုးတွင်းကာလမှာ ကျန်းမာရေးကောင်းမွန်နေဖို့ ဆိုရင် မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုက အရေးအကြီးဆုံး အချက်ပါပဲ။ ရင်သွေးတွေကို ကျန်းမာနေအောင်ပြုစုစောင့်ရှောက်တဲ့ မိဘတိုင်းဟာ ကိုယ့်ကလေးကို အာဟာရမျှတစွာ ကျွေးမွေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် အာဟာရဓာတ်တွေ ပြည့်ဝနေအောင် ကျွေးမွေးတတ်ကြတယ်မဟုတ်လား။ ပုံမှန်အချိန်မှာတောင် ရင်သွေးတွေကို ဘယ်လိုအစာတွေ ကျွေးရမယ်ဆိုတာက ခေါင်းခဲစရာပြဿနာတစ်ခုပါ။ ခုလို မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး ဖျားတာနာတာကင်းအောင် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်နိုင်ဖို့က ပိုပြီး ခေါင်းခဲစရာဖြစ်နေမှာပါ။ ဒီလိုဆိုရင်တော့ မပူပါနဲ့။ မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။ မှတ်သားပြီး ပြန်လည်အသုံးချကြည့်နိုင်ပါတယ်။ ၁။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ Antioxidants ပါဝင်နေတာမို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့

မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့ မြန်မာနိုင်ငံလို အီကွေတာရပ်ဝန်းနဲ့ နီးကပ်တဲ့နေရာမျိုးမှာတည်ရှိတဲ့ တိုင်းပြည်မျိုးမှာ မိုးရာသီဆိုတာ ကူးစက်နိုင်တဲ့ ရောဂါဘယပေါင်းစုံ ထကြွသောင်းကျန်းတတ်တဲ့ ရာသီမျိုးပါ။ ဒီလိုရာသီမျိုးမှာဆိုရင် တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုပ်ကွေး၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ အရေပြားရောဂါတွေဟာ ကလေးတွေကို ဒုက္ခပေးဖို့ ချောင်းမြောင်းနေတတ်ပါတယ်။ ခုကာလမှာဆိုရင် COVID-19 ကိုပါ ထည့်သွင်းပူပန်ရမှာပါ။ နုနယ်တဲ့ကလေးတွေဟာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ လူကြီးတွေထက် ပိုမိုထိခိုက်ခံစားရတတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကလေးတွေကြောင့် လူကြီးမိဘတွေကိုယ်၌လည်း စိတ်ပင်ပန်းဆင်းရဲရပြန်တယ်မဟုတ်လား။ ဒီလိုပြဿနာတွေကို တားဆီးဖို့ဆိုရင် ကလေးတွေကို ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ဂရုစိုက်ကြမှာလဲ။ မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့ ကလေးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ ရန်ကို လျှော့ချဖို့၊ ကာကွယ်တားဆီးဖို့ဆိုရင် အောက်ပါ နည်းလမ်းတွေကို လိုက်နာပြီး […]


ကလေးငယ်အာဟာရ

အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

ဒီကနေ့ခေတ်မှာက လင်ရယ် မယားရယ် ဒိုးတူဘောင်ဘက် ရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေများလာပါတယ်။ ဒီတော့ နေ့စဉ်လုပ် လုပ်ငန်းခွင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတဲ့ မိန်းမသားတွေကလည်း တစ်နေ့တခြား ပိုပိုများပြားလာပါတယ်။ အိမ်ထောင့်ဝင်ငွေအတွက် မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက် နေ့စဉ်နဲ့အမျှ အားလပ်ချိန်ရယ်လို့ သိပ်တောင်မရှိလှပါဘူး။ တကယ်လို့ ကိုယ့်မှာ အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးကလည်း ရှိနေမယ်ဆိုရင်တော့ အလုပ်မအားလပ်မှုတွေကြားကနေ ကလေးကို နေ့စဉ် ကျွေးဖို့မွေးဖို့၊ နို့ချိုတိုက်ကျွေးဖို့ ကိစ္စတွေကို စီမံရတာက မိခင်တွေရဲ့ ဝတ္တရားတစ်ခုဖြစ်လာပါတော့တယ်။ ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တကယ်လို့ ကိုယ့်ကလေးအသက် ၆ လ ပြည့်ပြီးပြီ ဆိုရင်တော့ ဖြည့်စွက်စာတွေ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများ

သင်ဟာ မိဘတစ်ယောက်ဖြစ်နေပြီဆိုရင် သင့်သားလေး၊ သမီးလေးတွေကို အကောင်းဆုံးပြုစု ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးလည်း ဖြစ်စေချင်မှာပါပဲ။ အထူးသဖြင့် အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီဆိုရင်တော့ သင့်အိမ်မှာရှိတဲ့သူတွေ အထူးသဖြင့် ကလေးတွေရဲ့ အပြုအမူအပေါ်မှာ မျှော်လင့်ထားတာမျိုး ရှိမှာပါ။ အိမ်တွင်းစည်းကမ်းထုတ်လိုက်ခြင်းကြောင့် သင့်ကလေးအတွက်ရော၊ သင့်အတွက်ပါ ပိုအဆင်ပြေသွားစေနိုင်ပါတယ်။ စည်းကမ်းထုတ်ရုံတင် မဟုတ်ပါဘူး။ အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများကို လိုက်နာဖို့လည်း တိုက်တွန်းရမှာ ဖြစ်ပါတယ်။ အိမ်တွင်းစည်းကမ်းမထုတ်ခင် ဒါတွေကိုတော့ အရင်စဉ်းစားပါ။ စည်းကမ်းများ သတ်မှတ်လိုက်ခြင်းကြောင့် သင့်ကလေးအနေနဲ့ အန္တရာယ်ကင်း လုံခြုံသွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ အိမ်တွင်းစည်းကမ်းထုတ်ခြင်းဖြင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒါပေမဲ့ စည်းကမ်းတွေ အကုန်လုံးကို အိမ်သားအကုန်လုံးက လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ ည(၉)နာရီ အိမ်ရာဝင်ရမယ်လို့ စည်းကမ်းထုတ်ထားတယ်ဆိုရင် သင်ကိုယ်တိုင်လည်း (၉)နာရီအိပ်ပါ။ […]


ကလေးအရေပြားပြဿနာများ

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ ၁။ ရေဓာတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ သွားကြိတ် ရင်

ကလေး တစ်ယောက် အိပ်နေပြီဆိုရင် အိပ်နေရင်း တစ်ချက်တစ်ချက် ထထယောင်တာကိုလည်း ကြားနိုင်တယ်။ တစ်ခါတစ်လေ အသက်ပြင်းပြင်းရှူတာမျိုးလည်း ရှိနိုင်တယ်။ တစ်ခါတစ်ခါ တကျွိကျွိနဲ့ ကလေးများ သွားကြိတ် တာမျိုးလည်း ရှိနိုင်ပါတယ်။ သွားကြိတ်တာကို ဆေးပညာအရ bruxismလို့ ခေါ်ပါတယ်။ ကလေးကစလို့ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဖြစ်ရင်တော့ မိဘတွေအနေနဲ့ ပိုပြီး စိတ်ပူကြမှာပေါ့။ ကလေးတွေ ဘာလို့ သွားကြိတ်တာလဲ။ ဘာတွေ ထိခိုက်နိုင်သလဲ။ ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်ကြည့်ကြရအောင်။ ကလေး ၁၀ယောက်မှာ ၂ယောက် ၃ယောက်လောက်က သွားကြိတ် တတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းတာတစ်ခုက အရွယ်ရောက်ရင် အလိုလို ပျောက်သွားကြတာပါပဲ။ ကလေးတွေက အိပ်နေတဲ့ အချိန် ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်ဆို သွားကြိတ်တတ်ကြပါတယ်။ ကလေးတွေ ဘာလို့ သွားကြိတ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေ မြင်ဖူးတယ် မဟုတ်လား။ မိဘဆိုတာ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကလေး ကောင်းစေဖို့ဆိုပြီး လုပ်မိလိုက်တဲ့ အရာတွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်သွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ မိဘတွေ အမှားမဟုတ်ဘဲ ကိုယ့်ကလေးက အစားရွေးလွန်းတာ၊ ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေတာ အစရှိသဖြင့် အကြောင်း အမျိုးမျိုးကြောင့်လည်း ပိန်နေတတ်ပါတယ်။ ခုဆောင်းပါးလေးမှာတော့ ပိန်ပြီး ညှက်နေတဲ့ ကလေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ကလေးတွေ ပိန်ပြီးညှက်လွန်းနေ တာလဲ။ ၁။ ပရိုတင်းဓာတ် ချို့တဲ့ခြင်း အဓိက အဖြစ်များရတဲ့ အကြောင်းရင်းကတော့ အာဟာရဓာတ် ချို့တဲ့ခြင်းဆိုတဲ့ Malnutrition ပြဿနာပါပဲ။ ဆင်းရဲတဲ့ တိုးတက်ဆဲ နိုင်ငံတွေ၊ ကျန်းမာရေးနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

အစားနဲ့ ပတ်သက်လာရင် ဟိုဟာမစား၊ ဒီဟာမစား အရမ်းကြေးများတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ မြင်တွေ့နေရမှာပါ။ တကယ်တမ်းတော့ ကလေးတွေအရွယ်မှာ အစားကြေးများတယ်ဆိုတာ ပုံမှန် တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဒါကို အကြောင်းပြပြီး မိဘတွေအနေနဲ့ လိုတာထက်ပိုတဲ့ အတင်းအကြပ် ဖိအားပေးပြီး စားခိုင်းတာမျိုး၊ သူတို့ စားချင်တာတွေကို လုံးဝ ပိတ်ပင်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ ကလေးတွေ အစားရွေးတတ်နေပြီလဲ။ အသက် ၂ နှစ်အထက် ကြီးလာတဲ့အခါ ကလေးတွေကို အမာစာတွေ နည်းနည်းချင်း စပြီး ကျွေးလာရပါတယ်။ အစပိုင်းမှာတော့ ကလေးတွေအတွက် စားရတာ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပေမယ့် ကျင့်သားရလာတဲ့အခါမှာ အဆင်ပြေသွားမှာပါ။ အဲဒီနောက်ပိုင်း အသက် ၄ နှစ်ဝန်းကျင်အရွယ်မှာ ကလေးတွေအနေနဲ့ ကိုယ်စားနေတဲ့ အစားအစာနဲ့ ပတ်သက်ပြီး အရသာ၊ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

နွေမှာ ပူလို့ မိုးရာသီ ကို မျှော်နေကြပေမယ့် မိုး နဲ့အတူ ပါလာလေ့ရှိတဲ့ ကျန်းမာရေးရဲ့ ရန်သူတော်တွေကိုလည်း ထည့်တော့ တွေးထားသင့်ပါတယ်။ အထူးသဖြင့် အိမ်မှာ ကလေးငယ်ငယ် ရှိတဲ့ မိသားစုတွေဆို ပိုအရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးတွေကတော့ မိုးရွာရင် ပျော်တယ်၊ မိုးရေထဲ ဆော့ချင်တယ်၊ မိုးအေးအေးနဲ့ အိပ်ရတာကို သဘောကျတယ်။ ဒါပေမယ့် ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေဟာ ရာသီဥတု အပြောင်းအလဲမှာ နေမကောင်းဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ကူးစက်ဖြစ်ပွားမှု ပိုများတတ်တဲ့ ရောဂါတွေ လည်းရှိနေပါတယ်။ မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ မိုးရာသီ လို စိုစွတ်တဲ့ ရာသီဥတုမှာ ရောဂါပိုး ပေါက်ပွားမှု ပိုများတဲ့၊ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး ကို အရင်က ထဲထဲဝင်ဝင် မသင်ကြားဖူးဘူးလို့ ထင်ပါတယ်။ မီလိုက်သလောက် ပြောရရင် အတန်းထဲမှာ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ် ပြောင်းလဲပုံအကြောင်း၊ မိန်းကလေးတွေ ဓမ္မတာ လာတဲ့ အကြောင်းလောက်ကိုပဲ သင်ပေးဖူးတာပါ။ ခုတော့ လိင်ပညာပေးကို သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ စာသင်ချိန် တစ်ချိန် ပေးပြီး သင်ရတော့မှာပါ။ ရုတ်တရက်ဆိုတော့ ကျောင်းသားတွေအတွက်ရော၊ ဆရာတွေအတွက်ရော အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ ဘာအခက်အခဲတွေ ရှိမှာလဲဆိုတာ ဆက်ကြည့်ကြရအောင်။ အသေးစိတ်ဆွေးနွေးရခြင်း အရင်ကတော့ ကျောင်းတွေမှာ လက်မထပ်ဘဲ အတူမနေရဘူးလို့ ပြောရင် ကိစ္စပြတ်ပါတယ်။ မျက်နှာ ပူစရာလည်း မလိုသလို ထွေထွေထူးထူး ပြောစရာလည်း မရှိပါဘူး။ ဒါပေမယ့် ခုလိင်ပညာပေးမှာ အတူမနေရဘူးဆိုတာ အပြင် မတော်တဆ အတူနေမိရင် ရောဂါပိုး မကူးစက်အောင်၊ မလိုချင်တဲ့ ကိုယ်ဝန်မရအောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း