လိင်ပညာပေး ကို အရင်က ထဲထဲဝင်ဝင် မသင်ကြားဖူးဘူးလို့ ထင်ပါတယ်။ မီလိုက်သလောက် ပြောရရင် အတန်းထဲမှာ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ် ပြောင်းလဲပုံအကြောင်း၊ မိန်းကလေးတွေ ဓမ္မတာ လာတဲ့ အကြောင်းလောက်ကိုပဲ သင်ပေးဖူးတာပါ။ ခုတော့ လိင်ပညာပေးကို သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ စာသင်ချိန် တစ်ချိန် ပေးပြီး သင်ရတော့မှာပါ။ ရုတ်တရက်ဆိုတော့ ကျောင်းသားတွေအတွက်ရော၊ ဆရာတွေအတွက်ရော အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ ဘာအခက်အခဲတွေ ရှိမှာလဲဆိုတာ ဆက်ကြည့်ကြရအောင်။