home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

ကိုယ့်ရဲ့ ရင်သွေးလေးကို ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ်ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ဖောလစ်အက်ဆစ်တိုက်ကျွေးတာပါ။ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေချိန်မှာ မေမေကသောက်ပေးပြီးဘေဘီလေးက အစားစစားနိုင်ပြီဆိုရင်တော့ ကိုယ်တိုင်သောက်စေဖို့လေ့ကျင့်ပေးရပါမယ်။

ဖောလစ်အက်ဆစ်ဆိုတာက

ဖောလစ်အက်ဆစ်ဆိုတာကဖောလိတ်လို့ခေါ်နေကြတဲ့ ဗီတာမင် B တစ်မျိုးပါ။ လက်တင်ဘာသာစကားfolium ဆိုတာကနေ ဆင်းသက်လာတာပါ။ သဘာဝကနေရတဲ့ဒြပ်ပေါင်းတစ်မျိုးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။လေ့လာမှုအရကတော့ဖောလစ်အက်ဆစ်ကသွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ မကြာသေးခင်နှစ်တွေကလေ့လာတွေ့ရှိမှုအရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖောလိတ်နည်းတာကမေါးလာမယ့် ကလေးမှာမွေးရာပါချို့ယွင်းချက်တွေဖြစ်စေနိုင်ပါတယ်။

ဖောလစ်အက်ဆစ်ကရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် B တစ်မျိုးပါ။ဖောလိတ်က တစ်သျှူးတွေနဲ့ဆဲလ်တွေကြီးထွားစေဖို့ထောက်ပံ့ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ငယ်စဉ်အချိန်နဲ့ ဆယ်ကျော်သက်အရွယ်မှာဖောလိတ်ပြည့်ဝဖို့လိုပါတယ်။ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအခန်းကဏ္ဍကနေထောက်ပံ့ပေးနေတဲ့အဓိကဇာတ်ကောင်လေးပေါ့။

ကလေးအတွက် ဘာတွေလုပ်ပေးလဲ……….

ကလေးရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ ဆဲလ်တွေကျန်းမာစေဖို့ ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့လုပ်ဆောင်ပေးပါတယ်။သွေးနီဥဆဲလ်တွေဖြစ်ပေးစေဖို့ အကောင်းဆုံးပံ့ပိုးပေးတာပါ။ မေမေ့ဗိုက်ထဲမှာရှိကတည်းက ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးကူညီပေးခဲ့သူလေးပေါ့။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးရဲ့ အမြင်အာရုံနဲ့ဦးနှော်က်ဖွံ့ဖြိုးစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးပါသေးတယ်။ ကိုယ့်ရဲ့ ရင်သွေးလေးကို ကျန်းမာစေဖို့အတွက်ရော ဉာဏ်ကောင်းစေဖို့အတွက်ပါဆောင်ထားသင့်တဲ့အရာလေးပေါ့။

ဘာတွေကနေ အဓိကရနိုင်လဲ………

နေ့စဉ်စားသောက်နေကျ အစားအသောက်တွေထဲမှာပါလေ့ပါထရှိတဲ့ ဗီတာမင် တစ်မျိုးပါ။ ဒါကြောင့်ဘေဘီလေးကိုဖောလိတ်ကြွယ်ဝစေချင်တယ်ဆိုရင်

  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ (ကိုက်လန်၊ ကန်စွန်းရွက်ဆလတ်ရွက်စတဲ့ အသီးအရွက်တွေ)
  • ပဲအမျိုးမျိုး
  • လိမ္မော်သီး
  • ငှက်ပျောသီး
  • ဖရဲသီး
  • ဘယ်ရီသီးတွေ
  • ဖောလိတ်ဖြည့်စွက်ထားတဲ့ နို့
  • ဖောလိတ်ဖြည့်စွက်ထားတဲ့ပေါင်မုန့်
  • ဖောလိတ်ဖြည့်စွက်ထားတဲ့ကွေကာအုတ်
  • ဖောလိတ်ဖြည့်စွက်ထားတဲ့ ဆန် တို့ကနေ ရရှိနိုင်ပါတယ်။

ဘေဘီလေးတွေသောက်သင့်တဲ့ဖောလစ်အက်ဆစ်ပမာဏ

ဘေဘီလေးတွေက အသက်အရွယ်ကိုလိုက်ပြီးဖောလစ်အက်ဆစ်သောက်ရတဲ့ ပမာဏလည်း ကွာခြားနိုင်ပါတယ်။

ဘေဘီလေးက ၆ လအထိဆိုရင် တစ်နေ့တာမှာဖောလစ်အက်ဆစ်ပမာဏက ၆၅ mcg လိုအပ်မှာပါ။ ဒီလိုကနေမှာ ကလေးက ၇ လရောက်လာပြီဆိုရင် ၇လကနေ ၁၀နှစ်အထိဘေဘီလေးအနေနဲ့ တစ်နေ့တာမှာဖောလစ်အက်ဆစ်ပမာဏ ၁၅၀ mcg လိုအပ်မှာပါ။ဘေဘီလေးကို ကျန်းမာဉာဏ်ကောင်းနေစေဖို့ဆိုရင်ဘေဘီလေးကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဖောလစ်အက်ဆစ်တိုက်ပေးဖို့လိုမှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 18/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။