ကိုယ်ခန္ဓါမှာ ဓါတ်မတည့်တာတစ်ခုခုဖြစ်တာနဲ့ အထင်ရှားဆုံးနဲ့ အရင်ဆုံး သိနိုင်တာက အရေပြားပဲဖြစ်ပါတယ်။ အရင်တည်းက အရေပြားပြဿနာရှိတဲ့ ကလေးတွေ အစားအသောက်တစ်ခုခုမှားလိုက်တာနဲ့တင် ဖြစ်နေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးသွားတတ်တာကြောင့် အစားအသောက်တွေကို သေချာပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အစားအသောက်တွေကဘာတွေလဲဆိုတာ မေမေတို့သိဖို့ အရေးကြီးပါတယ်။