backup og meta

ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုး
    ဗီတာမင်နဲ့သက်စောင့်ဓါတ်များ ဆိုတာ ကြော်ငြာတွေမှာဖြစ်ဖြစ်၊ ကျန်းမာရေးပညာပေးတွေမှာဖြစ်ဖြစ်၊ ဆရာဝန်တွေဆီကဖြစ်ဖြစ် ကြားဖူးနေကျစကားလုံးတွေပါ။ ဒါပေမယ့် ပြောကောင်းအောင် သုံးတဲ့အပိုစကားတော့မဟုတ်ပါဘူး။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေဖြစ်လို့ ဗီတာမင် သို့မဟုတ် သတ္တုဓါတ်တစ်မျိုးမျိုး ချို့တဲ့တာနဲ့ ကျန်းမာရေးမှာပြဿနာရှိလာနိုင်ပါတယ်။
    ခန္ဓါကိုယ်မှာက အရေပြား၊ ကြွက်သား၊ တစ်ရှူး၊ ဆဲလ် စတဲ့ အစိတ်အပိုင်းတွေအားလုံးပြောင်းလဲမှု၊ အသစ်ဖြစ်ပေါ်မှုတွေရှိနေပါတယ်။ မှန်ကန်တဲ့သွေးလည်ပတ်မှုနဲ့ လုပ်ဆောင်ချက်တွေနဲ့မှ ခန္ဓါကိုယ်ရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်မှာပါ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အရိုးအဆစ်တွေကြံ့ခိုင်စေဖို့၊ အနာတွေကျက်စေဖို့၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ထောက်ကူပေးသလို အစာကနေ ခွန်အားဖြစ်အောင်ပြောင်းလဲပေး၊ ဆဲလ်တွေထိခိုက်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးတာတွေအထိ အကျိုးပြုနေတာဖြစ်ပါတယ်။
    ဗီတာမင်နဲ့သတ္တုဓါတ်များစွာရှိတဲ့အထဲကမှ ခန္ဓါကိုယ်အတွက် အရေးပါဆုံး ၂၆ မျိုးက ဘာတွေဖြစ်မလဲ၊ သူတို့တစ်ခုချင်းစီရဲ့ ဝိသေသတွေ၊ အကျိုးပြုပုံတွေကဘာတွေဖြစ်မလဲဆိုတာ ဆက်ပြီးဖတ်ကြည့်လိုက်ပါ။
    Vitamin A –ဗီတာမင် A က အမြင်အာရုံနဲ့ ကိုယ်ခံအားစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်ကိုကောင်းမွန်စေဖို့ အကျိုးပြုပါတယ်။
    Vitamin B1 (Thiamine) –ဗီတာမင် B1 က ခန္ဓါကိုယ်အတွင်း ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းကိုချေဖျက်အသုံးချရာမှာ အကူအညီပေးပါတယ်။
    Vitamin B2 (Riboflavin) –ဗီတာမင် B2 က အစားအစာကို အားအဖြစ်ပြောင်းလဲပေးတာအပါအဝင် ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်အတော်များများကို အထောက်အကူပေးတဲ့အပြင်သွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုကို အားပေးပါတယ်။
    Vitamin B3(Niacin) –ဗီတာမင် B3 က အစာချေဖျက်မှုနဲ့ အစာကနေ ခွန်အားအဖြစ်ပြောင်းလဲမှုကို ကူညီပေးပါတယ်။
    Pantothenic Acid (vitamin B5) – Vitamin B5 ကလည်း စားသုံးလိုက်သမျှ အစားအစာတွေကို အားအင်အဖြစ်ပြောင်းလဲပေးတာအပါအဝင် လုပ်ဆောင်ချက်တွေအများကြီးရှိပါတယ်။ ဒီဓါတ်ချို့တဲ့တဲ့အခါ အားအင်ကုန်ခန်းတာ၊ စိတ်ဖိစီးမှုတာရှည်တာ၊ စိတ်ကျရောဂါတို့ကိုဖြစ်လာစေနိုင်ပါတယ်။Vitamin B6– ဗီတာမင် B6 က အာရုံကြောစနစ်အတွက်ကောင်းတာဖြစ်ပြီး ခန္ဓါကိုယ်မှာ ပရိုတင်းနဲ့ သကြားဓါတ်ဖြိုခွဲချေဖျက်ရာမှာလည်း အကျိုးပြုကူညီပေးပါတယ်။
    Vitamin B12 –ဗီတာမင် B12 က ဆဲလ်ကွဲပွားခြင်းနဲ့သွေးနီဥဆဲလ်ဖြစ်ပေါ်ခြင်းကိုလည်း အထောက်အကူပေးပါတယ်။
    Vitamin C(Ascorbic Acid) –ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီးအရေပြား၊သွေးကြော၊အရွတ်တို့အတွက် အရေးပါတဲ့ collagen ထွက်ရှိမှုကို အားပေးပါတယ်။ ခန္ဓါကိုယ်အနှံ့က တစ်ရှူးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ပြန်လည်ကောင်းမွန်စေဖို့၊ အနာကျက်စေဖို့၊ အရိုးနဲ့သွားတွေ ကျန်းမာစေဖို့ ကူညီပါတယ်။
    Vitamin D – ဗီတာမင် D က အရိုးကျန်းမာရေးနဲ့ ခန္ဓါကိုယ်တွင်း ကယ်လ်စီယမ်ချေဖျက်အသုံးချမှုကို ထိန်းညှိကူညီပေးတဲ့အပြင် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် အရေးပါတဲ့ဓါတ်ဖြစ်ပါတယ်။
    Vitamin E –ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တဲ့ ဗီတာမင် E က ဆဲလ်တွေကို ထိခိုက်မှုအန္တရာယ်မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
    Vitamin K – ဗီတာမင် K ကသွေးခဲပိတ်ဆို့ခြင်းမဖြစ်အောင် ဖြေရှင်းပေးပြီး အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
    Folate (Folic Acid) –Folic acid က ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုကိုမြှင့်တင်အားပေးပြီး ကလေးကျန်းမာစွာမွေးဖွားနိုင်ဖို့ အားဖြည့်ပေးတဲ့အပြင် နှလုံးကျန်းမာရေးကိုကောင်းစေတယ်။သွေးအားကောင်းစေတယ်။Biotin (Vitamin B7) -Biotin က အဆီကိုချေဖျက်တဲ့ဇီဝဖြစ်စဉ်အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒါပေမယ့် ပမာဏအနည်းငယ်သာ လိုအပ်တာဖြစ်ပါတယ်။Calcium –ကယ်လ်စီယမ်က အရိုးနဲ့သွားကြံ့ခိုင်စေဖို့ အထောက်အကူပေးပြီး ကြွက်သားအားကောင်းစေတယ်။Phosphorus –Phosphorus က ဆဲလ်တွေရဲ့လုပ်ဆောင်ချက်နဲ့သွေးလည်ပတ်မှုကိုကောင်းစေတယ်၊အရိုးကိုကျန်းမာစေတယ်။Magnesium –ကြွက်သားနဲ့အာရုံကြောတွေရဲ့လုပ်ဆောင်ချက်ကိုကောင်းစေတယ်။ နှလုံးခုန်နှုန်းမှန်စေတယ်၊ အရိုးကြံ့ခိုင်မှုကို ထိန်းသိမ်းပေးတယ်။

    Iodine –အိုင်အိုဒင်းကတော့ သိုင်းရွိုက်ဟော်မုန်းတွေဖြစ်ပေါ်မှုအတွက် အကျိုးပြုပါတယ်။

    Potassium –ပိုတက်စီယမ်က အာရုံကြောစနစ်နဲ့ကြွက်သားတွေအတွက်ကောင်းကျိုးပြုသလိုရေဓါတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။

    Chloride – ခန္ဓါကိုယ်ထဲကအရည်ဓါတ်တွေကို ညီညွတ်မျှတအောင် ထိန်းညှိပေးပြီး အစာချေရည်မှာလည်း ပါဝင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။

    Chromium –သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

    Molybdenum – ပရိုတင်းနဲ့တခြားဓါတ်တွေရဲ့လုပ်ဆောင်ချက်ကို ကူညီပေးပါတယ်။

    Selenium – ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပြီး သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်ပြီး ထိန်းညှိပေးပါတယ်။

    Zinc – ဇင့်က ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး မျိုးပွားစနစ်နဲ့ အာရုံကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။

    Iron – သံဓါတ်က သွေးအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

    ဒီလိုအရေးပါတဲ့ဓါတ်တွေ ခန္ဓါကိုယ်မှာ လုံလောက်မှုမရှိဘဲ ဓါတ်တစ်ခုခုချို့တဲ့နေတဲ့အခါ ကျန်းမာရေးအတွက်ဆုတ်ယုတ်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်လိုထိန်းညှိရမလဲ၊ ကာကွယ်ရမလဲဆိုတာလည်းလေ့လာထားသင့်ပါတယ်။ အဓိက ကတော့

  • ဆေးလိပ်၊အရက်၊ ကဖင်းပါတဲ့သောက်စရာတွေကို တတ်နိုင်သလောက်သောက်သုံးမှုလျှော့ပါ။
  • အသီးအရွက်နဲ့ အသားငါးတွေကို ညီညွတ်မျှတအောင် စားသုံးပါ။
  • လိုအပ်လာရင် ဗီတာမင်နဲ့သတ္တုဓါတ်ပါဝင်တဲ့ အားဆေးတွေကို သောက်သုံးပါ။
  • အာဟာရဓါတ်ချို့တဲ့မှုက တစ်နေ့တည်း တစ်ညတည်းနဲ့ဖြစ်လာနိုင်တာမဟုတ်တဲ့အတွက်ရေရှည်အတွက် ဆင်ခြင်နေထိုင်၊စားသုံးမှ ခန္ဓါကိုယ်ကျန်းမာရေးအတွက်ပြည့်စုံစေမှာပါ။ အပေါ်မှာဖော်ပြခဲ့တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုးကို တစ်စုတည်းရရှိချင်ရင်တော့ Renovit ကိုရွေးချယ်နိုင်ပါတယ်။ Renovit ကို တစ်နေ့တစ်လုံးသောက်ရုံနဲ့ မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေကို ကူညီဖြည့်တင်းပေးနိုင်မှာပါ။ ဒီဆေးကို နာလန်ထစ လူနာတွေ၊ ခွဲစိတ်မှုခံယူထားသူတွေ၊ အစာစားချင်စိတ်မရှိဖြစ်နေသူတွေ၊ အာဟာရဓါတ်ချို့တဲ့နေသူတွေ၊ ကိုယ်အလေးချိန်နည်းနေသူအပြင်နေ့စဉ်အားဆေးသောက်သုံးလိုသူတွေ သုံးစွဲနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement