အသက် ၂နှစ်ကျော်တဲ့ဆိုတာ အရာရာကို သင်ယူချင်စိတ်ရှိနေတဲ့ အရွယ်ပါ။ အဓိက သင်ယူမှာကတော့ အနီးဆုံးမှာရှိနေတဲ့ မိဘတွေဆီကပါ။ ကလေးတစ်ယောက်ရဲ့ အပြုအမူ အပြောအဆိုတွေဆိုတာ မိဘတွေဆီကနေ ဆင်းသက်လာတာပါ။ ဒီအချက်ကို ကြည့်လိုက်ရင် ကလေးရဲ့ စားသောက်မှုပုံစံကလည်း မိဘတွေနဲ့ အများကြီးသက်ဆိုင်နေတယ်ဆိုတာ သွားတွေ့ရပါတယ်။ မိဘဖြစ်တဲ့ ကိုယ်က ရှေ့ ကစားပြမှ ကိုယ့်ကလေးလည်း အသီးအရွက် စားချင်စိတ်တွေဖြစ်လာမှာပါ။
၂။ ကလေးတွေကို ပုံပြင်တွေနဲ့ သိမ်းသွင်းပါ။
ကလေးတစ်ယောက်ဟာ ငယ်တဲ့အချိန်မှာဆို လူကြီးတွေပြောတာအကုန် ယုံတတ်ကြပါတယ်။ ပုံပြင်တွေဆိုလည်းသိပ်ကိုကြိုက်ကြပါတယ်။ ဒါကြောင့် ထမင်းကျွေးနေရင်း အသီးအရွက်စားတဲ့ တိရစ ္ဆာန်လေးတွေ အကြောင်းပုံပြင်လုပ်ပြောပါ။ ဥပမာ၊ ငှက်ပျောသီးကြိုက်တတ်တဲ့ မျောက်ညိုနဲ့ ဦးစိတ်တိုအကြောင်းတို့၊ ကြံကြိုက်တဲ့ ဆင်ကြီးမိုမိုအကြောင်းတို့၊ အရွက်ပဲစားတဲ့ ရေမြင်းအကြောင်းတို့ကို ပုံပြင်တွေလုပ်ပြောပါ။ ဒါမှ သူတို့ချစ်တဲ့ အကောင်လေးတွေ ကြိုက်တဲ့ အသီးအနှံတွေကို သူတို့ပါ လိုက်စားချင်မှာပါ။
၃။ အစားအသောက်ပြင်ဆင်တဲ့ အချိန်သူတို့ကို ပါဝင်ခိုင်းပါ။
ဟင်းချက်တမ်း ကစားရရင်ပျော်ကြတာက ကလေးတို့ သဘာဝလေ။ စူးစမ်းချင်ကြတာကိုး။ မိဘတွေဖြစ်တဲ့ ကိုယ်တွေ ကလေးအရွယ်တုန်းကလည်း ဟင်းချက်တမ်းကစားရတာ အရမ်းကိုပျော်ခဲ့ကြတယ်မဟုတ်လား။ ဒါကြောင့် မေမေတို့အနေနဲ့ ထမင်းပွဲ ပြင်ဆင်တော့မယ်ဆိုရင် ကိုယ့်ကလေးတွေကို ဝင်ပြီးပြင်ခိုင်းပါ။ အသီးအနှံတွေကို ရေဆေးခိုင်းတာ၊ လှီးပြီးသား အသီးအနှံတွေကို ပန်းကန်ထဲစီထည့်ခိုင်းတာမျိုးပေါ့။ စူးစမ်းချင်တဲ့စိတ်ကနေ ဒါလေးက ဘယ်လိုအရသာပါလိမ့်ဆိုတာ ဖြစ်လာပြီး သင့်ကလေးအသီးအနှံတွေ စစားတတ်လာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။