backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjőgrens syndrome) ဆိုတာဘာလဲ။

Sjőgrens syndrome ဆိုတာ ခုခံအားစနစ် ကမောက်ကမဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ ဒီအခြေအနေကို အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်လုံးခြောက်ခြင်းနဲ့ ခံတွင်းခြောက်ခြင်း ၂မျိုးနဲ့ အတည်ပြုလေ့ရှိပါတယ်။

ဒီရောဂါဟာ များသောအားဖြင့် အခြားခုခံအားစနစ်ပြဿနာတွေနဲ့တွဲပြီးဖြစ်လေ့ရှိပါတယ်။ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာစတဲ့ ရောဂါတွေနဲ့တွဲပြီးဖြစ်လေ့ရှိတာပါ။ ဒီရောဂါဖြစ်ရင်င် မျက်လုံးနဲ့ ပါးစပ်ထဲမှာရှိတဲ့ အကျိအချွဲတွေထုတ်ပေးနိုင်တဲ့ အမြှေးပါးနဲ့ အစိုဓါတ် စတဲ့ ဂလင်းတွေဟာ ဦးဆုံးရောဂါသက်ရောက်မှုဒဏ်ခံရတာပါ။ ရလဒ်ကတော့ မျက်ရည်နဲ့ တံတွေးထုတ်လုပ်မှုနည်းသွားတာပါပဲ။

သင်ဟာဘယ်အသက်အရွယ်ပဲရောက်ရောက်ဒီရောဂါဖြစ်နိုင်ပေမယ့် အများဆုံးကတော့ ဒီရောဂါဖြစ်တဲ့အချိန်မှာ အသက်၄၀အထက်မှာရှိနေကြတာပါ။ ဒီအခြေအနေကို အမျိုးသမီးတွေမှာပိုပြီးတွေ့ရများပါတယ်။ ကုသမှုတွေကတော့ ရောဂါလက္ခဏာတွေ သက်သာသွားစေဖို့ပဲ ဖြစ်ပါတယ်။

လက္ခဏာများ

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjogren Syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဒီရောဂါရဲ့အဓိက လက္ခဏာ၂ခုကတော့

• မျက်လုံးခြောက်တာ။ သင့်မျက်လုံးတွေပူနေတာ၊ယားနေတာ သို့မဟုတ် မျက်လုံးထဲသဲဝင်သွားသလို ခံစားမှုမျိုးရနေနိုင်ပါတယ်။

• ခံတွင်းခြောက်ခြင်း။ သင့်ပါးစပ်ဟာ ဂွမ်းတွေနဲ့ပြည့်နေသလိုခံစားရနေနိုင်ပြီး မြိုချရတာတွေစကားပြောရတာတွေခက်ခဲစေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကုသမှု

ဘာတွေလုပ်သင့်သလဲ။

ဒီရောဂါရဲ့ လက္ခဏာရပ်တွေဟာ မိမိကိုယ်ကိုဂရုစိုက်ခြင်းအတိုင်းအတာပေါ်မူတည်ပြီး ကောင်းလာလေ့ရှိပါတယ်။ ခံတွင်းခြောက်ခြင်းကိုသက်သာစေဖို့အတွက်

• ခန္ဓါကိုယ်ထဲ အရည်ဝင်တဲ့ပမာဏကိုမြှင့်တင်ပါ။ အရည်တွေများများသောက်ပါ။ အထူးသဖြင့်ရေပေါ့။ ဒါက ခံတွင်းခြောက်ခြင်းကို သက်သာစေမှာပါ။

• တံတွေးထွက်စေဖို့ လှုံ့ဆော်ပါ။ သကြားမပါတဲ့ ပီကေ သို့မဟုတ် ချိုချဉ်အမာတွေက တံတွေးထွက်နှုန်းမြင့်လာစေပါတယ်။ ဒီရောဂါဟာ သင့်သွားမှာအပေါက်တွေဖြစ်လာနိုင်ခြေကိုတိုးစေတာကြောင့် အချိုစားခြင်းကို အကန့်အသတ်ထားပါ။ အထူးသဖြင့်အစာစားချိန်တွေကြားမှာပေါ့။ ရေထဲမှာ သံပုရာရည်ခပ်ထားတာကလည်း တံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်ပါတယ်။

• လူလုပ်တံတွေးအတုကိုစမ်းသုံးကြည့်ပါ။ တံတွေးအစားထိုးပစ္စည်းတွေဟာ ရိုးရိုးရေထက်ပိုပြီးအလုပ်ဖြစ်ပါတယ်။ သူတို့မှာက ပါးစပ်တွင်းမှာ အစိုဓါတ်ကိုကြာကြာထိန်းပေးထားနိုင်မယ့် ချောဆီေတွေပါဝင်တယ်လေ။ ဒီပစ္စည်းတွေဟာ ဖျန်းဆေး အနေနဲ့ဖြစ်စေ ဆေးလုံး၊ဆေးတောင့်၊ဆေးပြားစတဲ့ပုံစံတွေအနေနဲ့ဖြစ်စေ လာလေ့ရှိပါတယ်။

• နှာခေါင်းဖျန်းဆေးကိုသုံးပါ။ ဒီပစ္စည်းက အစိုဓါတ်ပေးနိုင်ပြီး နှာခေါင်းလမ်းကြောင်းကိုရှင်းလင်းစေတာကြောင့် နှာခေါင်းနဲ့ လွတ်လွတ်လပ်လပ်အသက်ရှူလို့ရစေနိုင်ပါတယ်။ ခြောက်သွေ့ပြီးကြပ်နေတဲ့နှာခေါင်းတွေကတော့ ပါးစပ်နဲ့အသက်ရှူခြင်းကို ပိုပြီးဖြစ်စေမှာပါ။

ဘယ်လိုကာကွယ်မလဲ

ဒီရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီရောဂါဖြစ်နေပြီး ခံတွင်းခြောက်ခြင်းတွေဖြစ်လာပြီဆိုရင် သင့်သွားမှာအပေါက်တွေဖြစ်လာနိုင်ခြေနဲ့ သွားတွေကိုဆုံးရှုံးရနိုင်ခြေ ပိုများသွားပါပြီ။ အောက်ပါသတိပေးချက်တွေကတော့ အဆိုပါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

• အစာစားပြီးတိုင်းသွားတိုက်ပြီးသွားကြားထိုးပါ။

• သွားဆေးခန်းကိုပုံမှန်သွားပါ။ အနည်းဆုံး ၆လတစ်ခါသွားပါ။

• နေ့စဉ်နေ့တိုင်း ဆေးပါဝင်တဲ့ဖလိုရွိုက်ကုသမှုနဲ့ ပိုးသတ်ဆေးပါဝင်သော ခံတွင်းသန့်စင်ဆေးရည်ကိုအသုံးပြုပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement