backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားကျန်းမာရေး - ဦးခေါင်းခွံနဲ့ မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ်မူမမှန်ပြဿနာ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားကျန်းမာရေး - ဦးခေါင်းခွံနဲ့ မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ်မူမမှန်ပြဿနာ

အဓိပ္ပါယ်ဖွင့်ဆိုချက်။

TMJ disorder ( ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ် မူမမှန်ပြဿနာ) ဆိုတာဘာလဲ။

Temporomandibular Joints လို့ခေါ်တဲ့ TMJတွေဟာ သင့်ပါးစပ်ကို ဖွင့်လို့ပိတ်လို့ရအောင်လုပ်ပေးတဲ့ မေးရိုးဆစ် (ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသောအဆစ်) နဲ့ကြွက်သားတွေပါ။ ခေါင်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိပြီး သင်ဝါးတဲ့အချိန်၊ စကားပြောချိန် သို့မဟုတ် မြိုချတဲ့အချိန်တွေမှာ TMJက တစ်ပြိုင်နက်အလုပ်လုပ်ပေးပြီး သူ့မှာ ကြွက်သားတွေ၊ အရွတ်တွေနဲ့ မေးရိုးတွေပါဝင်ပါတယ်။ သူတို့တွေဟာ အောက်မေးရိုး (mandible)ကိုထိန်းချုပ်ပြီး ရှေ့ကို၊နောက်ကိုနဲ့ဘေးတိုက်တွေရွေ့လျားစေပါတယ်။

TMJတစ်ခုချင်းစီရဲ့ အံခွက်(socket)နဲ့ ဂုံညင်းကြားမှာ (ball) ချပ်ပြား(disc)လေးတစ်ခုစီရှိပါတ်ယ။ ဒီdisc လေးက မေးကိုအကျယ်ကြီးဖွင့်နိုင်ဖို့ နဲ့ ရွေ့လျားနိုင်ဖို့ သက်ရောက်လာတဲ့ ဝန်တွေကို ခံပေးပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေ၊ discs တွေနဲ့ အရိုးတွေရဲ့ ရှုပ်ထွေးတဲ့စနစ်တွေနဲ့ ပုံမှန်စနစ်တကျအလုပ်လုပ်နေတာကိုတားဆီးလိုက်တဲ့ ဘယ်ပြဿနာမဆို နာကျင်စေတဲ့ TMJ မူမမှန်ပြဿနာကိုဖြစ်စေနိုင်ပါတယ်။

လက္ခဏာများ

TMJ disorder ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

TMJ disorder ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

• မေးရိုးနာကျင်မှု

• နားပတ်ဝန်းကျင်နဲ့ အတွင်းမှာ နာကျင်မှု

• ဝါးရာမှာခက်ခဲခြင်း သို့မဟုတ် အဆင်မပြေခြင်း

• မျက်နှာ နာကျင်မှု

• အဆစ်တွေကို မလှုပ်ရှားနိုင်ခြင်း၊ ကြပ်နေစေခြင်း၊ ဒီလိုဖြစ်ခြင်းဟာ ပါးစပ်ဖွင့်ရာပိတ်ရာမှာ ခက်ခဲစေနိုင်ပါတယ်။

TMJ disorder (မေးရိုးဆစ် မူမမှန်ပြဿနာ) ဟာ သင့်ပါးစပ်ကိုဖွင့်တဲ့အချိန်သို့မဟုတ် ဝါးတဲ့အချိန်တွေမှာ ကလစ်ကလစ်အသံ သို့မဟုတ် မနှစ်မြို့ဖွယ်အသံ ကိုထွက်ပေါ်စေပါတယ်။ ဒါပေမယ့် သင့်မေးရိုးလှုပ်ရှားမှုနဲ့ဆက်စပ်တဲ့ နာကျင်မှုတွေနဲ့ လှုပ်ရှားနိုင်စွမ်းတွေမှာ ခက်ခဲမှုမရှိခဲ့ဘူးဆိုရင် TMJ disorder (မေးရိုးဆစ် မူမမှန်ပြဿနာ) အတွက် ကုသမှုတွေကိုခံယူစရာမလိုလောက်ပါဘူး။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ကာလရှည်ကြာ မေးရိုးမှာနာကျင်မှုနဲ့ တင်းကြပ်နေမှုကိုခံစားနေရရင် သို့မဟုတ် မေးရိုးကိုအပြည့်အဝဖွင့်လို့ပိတ်လို့မရခဲ့ရင်တော့ ဆေးကုသဖို့ပြင်ဆင်ပါ။ ဆရာဝန်၊ သွားဆရာဝန် သို့မဟုတ် TMJ (မေးရိုးဆစ်)အထူးပြုကျွမ်းကျင်ပညာရှင် က ဖြစ်နိုင်တဲ့အကြောင်းရင်းတွေနဲ့ ဖြေရှင်းကုသနိုင်တဲ့နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးပေးနိုင်ပါလိမ့်မယ်။

ကုသမှု

ဘာလုပ်သင့်သလဲ။

ဖိအားပေးခြင်းနဲ့ဆက်စပ်တဲ့အလေ့အထတွေကိုရှောင်ကြဉ်ပါ။ ဥပမာ အံကြိတ်ခြင်း၊ သွားကြိတ်ခြင်းနဲ့ ခဲတံဝါးခြင်း စတဲ့အလေ့အထတွေကိုရှောင်ကြဉ်ခြင်းက နာကျင်တဲ့အကြိမ်အရေအတွက်ကိုလျှော့ချပေးနိုင်ပါလိမ့်မယ်။ အောက်ပါအချက်တွေကလည်း ဒီရောဂါရဲ့လက္ခဏာတွေကို လျော့နည်းသွားစေနိုင်ပါတယ်။

• မေးရိုးကြွက်သားတွေကို အလွန်အကျွံအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။ ပျော့ပျောင်းတဲ့အစာစားပါ။ အစာကိုသေးသေးလေးဖြစ်အောင်ဖြတ်ပြီးမှစားပါ။ စေးကပ်ပြီး အဝါးခံတဲ့စားစရာတွေကို လုံးဝရှောင်ကြဉ်ပါ။ ပီကေမဝါးပါနဲ့။

• ဆွဲဆန့်ခြင်း(Stretching) နှိပ်ခြင်းစတာတွေလုပ်ပါ။ ဆရာဝန်၊ သွားဆရာဝန် က မေးရိုးကြွက်သားတွေကို ဆန့်ပြီးသန်မာလာစေဖို့ လေ့ကျင့်ခန်းတွေဘယ်လိုလုပ်ပေးရမယ်ဆိုတာနဲ့ ကြွက်သားတွေကို သင်ကိုယ်တိုင် ဘယ်လိုနှိပ်ပေးရမလဲဆိုတာကို ပြပေးပါလိမ့်မယ်။

• အပူဖြစ်စေ၊ အအေးဖြစ်စေ။ နွေးထွေးစိုစွတ်တဲ့အပူချိန်ရှိတဲ့အရာ သို့မဟုတ် ရေခဲကို မျက်နှာဘေးမှာကပ်ပေးခြင်းက နာကျင်မှုတွေကိုသက်သာစေပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။

မေးရိုးနာကျင်မှုကို ကာကွယ်ဖို့အတွက်

• မေးရိုးနာကျင်မှုကို မကြာခဏအကြိမ်ကြိမ်ခံစားနေရတယ်ဆိုရင် ပီကေဝါးခြင်း သို့မဟုတ် ခဲတံ၊လက်သည်း အစရှိတဲ့ပစ္စည်းတွေကိုကိုက်ခြင်းကိုရှောင်ကြဉ်ပါ။ မာကြောတဲ့အစားအစာ သို့မဟုတ် အဝါးခံတဲ့အစားအစာတွေကို စားခြင်းမှရှောင်ကြဉ်ပါ။ သမ်းတဲ့အခါ အောက်မေးရိုးကို လက်နဲ့ထောက်ပံ့ပေးပါ။

• ညဘက်မှာသွားကြိတ်တတ်တယ်ဆိုရင် သွားဆရာဝန်နဲ့ပြပါ။ သို့မဟုတ် သင်အံကြိတ်တာကို ကိုယ်ကိုယ်တိုင် ပြန်သိအောင်လုပ်ပါ။ သွားဆရာဝန်ကတော့ သင့်အတွက် splint (အံစွပ်) လေးလုပ်ပေးနိုင်ပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement